cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးမွေးတောင်သူများ ပြောင်းလဲကျင့်သုံးသင့်သော မွေးမြူရေးစနစ်များ

. Fish Articles
ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်း နှင့် ရာသီဥတုပြောင်းလဲခြင်းကို ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ခံစားရသည့်အပြင် ငါးစာဈေးကွက်သည်လည်း ကြီးမားလာပါသည်။
  •            မြန်မာနိုင်ငံရှိ ငါးမွေးတောင်သူအများစုသည် မိရိုးဖလာ အစဉ်အလာအတိုင်း ငါးမွေးမြူခဲ့ကြသည်မှာ နှစ်ပေါင်း (၂၀)မှ (၅၀)အထိရှိလာကြပါသည်။ မြန်မာနိုင်ငံတွင် ၁၉၅၈ခုနှစ်လောက်စပြီး ငါးမွေးမြူခြင်းကို စတင် မိတ်ဆက်ခဲ့ကြပြီး စတင်မွေးမြူသော ငါးမှာ တီလားပီးယားငါး ဖြစ်ပါသည်။ တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာပြီး ယခုအချိန်တွင် ငါးမွေးမြူရေး လုပ်ငန်းကို ပြည်နယ်နှင့်တိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာ ကြပြီး ငါးမျိုးစိတ် အစုံမွေးမြူလာကြပါသည်။ ငါးသားပေါက်စခန်းများလည်း ငါးလုပ်ငန်းဉီးစီးဌာတွင် ပြည်နယ် နှင့်တိုင်းများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ပြီး ပုဂ္ဂလိက ငါးသားပေါက် စခန်းများလည်း များစွာပေါ်ပေါက်လာပါသည်။

               ယခုအချိန်တွင် ငါးမွေးတောင်သူများသည် ၄၅ရာခိုင်နှုန်းသော ငါးမွေးတောင်သူများမှ သိပ္ပံနည်းကျ ကန် ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းများ၊ မျိုးကောင်းမျိုးသန့် ငါးမျိုးရွေးချယ်ခြင်းများအပြင် ဈေးကွက်ဝင် ငါးများတိုးချဲ့မွေးမြူလာကြပါသည်။ ထို့အပြင် ငါးအစာတောင့် ကျွေးခြင်းများလည်း စတင်သုံးစွဲလာသည်ကို တွေ့ရှိရပါသည်။

               ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်း နှင့် ရာသီဥတုပြောင်းလဲခြင်းကို ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ခံစားရသည့်အပြင် ငါးစာဈေးကွက်သည်လည်း ကြီးမားလာပါသည်။ ထို့ကြောင့် ငါးမွေးတောင်သူများသည် ထုတ် လုပ်မှု စရိတ်မြင့်မားလာခြင်း နှင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာခြင်းများ ကြုံတွေ့ရပါသည်၊။ ငါးမွေးတောင်သူ အများစုသည် အမြတ်ရရှိမှုအတွက် စိန်ခေါ်မှု ကြီးမားလာကြပါသည်။

               ရာသီဥတုပြောင်းလဲခြင်းသည် ချက်ချင်းပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ရာသီဥတု နှင့် လိုက်လျောညီထွေ ငါးမွေးမြူရေးစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း အကြံပြုတင်ပြလိုပါသည်။ လက် ရှိ ငါးမွေးမြူနေကြသော တောင်သူအများစုသည် ငါးမျစ်ချင်း ငါးနှင့် ငါးကြင်းငါးမျိုးစိတ်များကို ယခင်ကအတိုင်း ဆက်လက်မွေးမြူနေကြပါသည်။ ငါးမွေးတောင်သူများသိထားသည့်အတိုင်း ငါးမျစ်ချင်းငါးသည် (၂)နှစ်အချိန် မှသာ အရွယ်ရောက် မျိုးပွားနိုင်ပြီး ငါးကြင်းငါးမျိုးစိတ်သည် (၃)နှစ်အချိန်မှသာ အရွယ်ရောက် မျိုးပွားနိုင်ပါသည်။ ထို့ကြောင့် အချိန်ယူမွေးမြူရခြင်း နှင့် အစာကျွေးရသော အချိန်များခြင်းများကြောင့်အပြင် ကုန်ထုတ်လုပ်မှု နောက်ကျခြင်းများရှိလာပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် အချိန် တိုအတွင်း ကြီးထွားမြန်သော ငါးမျိုးစိတ်များရွေးချယ်ခြင်း နှင့် ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် ငါးမျိုးကို ရွေးချယ်ဆောင်ရွက်လိုပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    -------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
10
comments
2
views
2589