ပြောင်း၊ ပဲကြီး စျေးတက်လာပြီး မတ်ပဲ၊ ပဲစင်းငုံ စျေးအပြောင်းအလဲ အနည်းငယ်သာရှိ
FAQ စျေးကလည်း အမေရိကန် ဒေါ်လာ ၇၁၅ မှ ၇၂၅ အတွင်းထိ ပြန်လည်မြင့် တက်လာတာ တွေ့ရပါတယ် ။မတ်ပဲ ဝယ်လိုအားရှိနေတဲ့ အတွက် စျေးပြန်တက်လာတာ ဖြစ်တယ်လို့သိရပါတယ် ။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂,၇၂၅,၀၀၀၊ အင်္ဂါ နေ့မှာ ၂,၇၁၂,၀၀၀ ၊ ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့မှာ တော့ ၂,၇၁၀,၀၀၀ ကျပ် ၊ သောကြာနေ့မှာ ၂,၇၃၂,၀၀၀ ကျပ် အသီးသီးစျေးရှိပါတယ်။အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို ၂,၆၆၂,၀၀၀ ကျပ်မှ အမြင့်ဆုံး ၂,၇၆၀,၀၀၀ ကျပ် အထိရှိခဲ့ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံနီကတော့ ကျရိပ်ပြပေမယ့် တစ်တန်ကို ၂၅ သိန်းကျော်မှာပဲ ဆက်ရှိနေပါတယ်။ ပြည်ပဝယ်လိုအား နည်းသွားတဲ့အပြင် FOB စျေးလည်း ကျပါတယ်။ ပြည်တွင်းမှာတော့ ပဲအဟောင်းလက်ကျန်သိပ်မရှိတော့ဘဲ မိုးပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ် ။
FOB စျေးနူန်းက အခုတစ်ပတ်မှာ ၅ ဒေါ်လာ ထပ်ကျသွားပြီး အမေရိကန်ဒေါ်လာ ၆၆၀ မှ ၆၇၀ အတွင်းသာ ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တင်္နလာနေ့က ၂,၅၅၅,၀၀၀ ၊ င်္အဂါနေ့ မှာ ၂,၅၃၂,၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂,၅၂၀,၀၀၀ နဲ့ ကြာသပတေးနေ့မှာ ၂,၅၃၀,၀၀၀ ကျပ် သောကြာ နေ့မှာ တော့ ၂,၅၄၀,၀၀၀ စျေးရှိပါတယ်။အရင်အပတ်က တင်္နလာနေ့ ကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂,၅၄၅,၀၀၀ မှ ၂,၅၉၅,၀၀၀ ကျပ်ရှိခဲ့ ပါတယ်။
ပြောင်းဆံ
ပြောင်းကတော့ ပြည်ပဝယ်လိုအား ရှိနေတဲ့အပြင် ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကာလ နီးလာတာကြောင့် စျေးတက်လာပါတယ်။ ဒါကြောင့် ကုန်သည်တွေက အရည်အသွေးကောင်းတဲ့ ပြောင်းဆံအခြောက်တွေကို ဝယ်ယူမှုအားကောင်း နေပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံနဲ့ မွေးမြူရေးကဏ္ဍတွေကလည်း ဝယ်လိုအားရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၄၀ မှ ၁၄၆၀ ကျပ် ရှိနေတယ်လို့သိရပါတယ် ။
ပဲကြီး
ပြည်တွင်း ပဲမျိုးစုံစျေးကွက်မှာ ပဲကြီးက စျေးတက်လာတာတွေ့ရပါတယ်။ ပဲကြီးက လက်ကျန်ပမာဏနည်းနေပြီး ပြည်တွင်း ဝယ်လိုအားကောင်းတဲ့အတွက် စျေးနှုန်းမြင့်လာတာ ဖြစ်ပါတယ်။ အရောင်းအဝယ်လည်း သွက်နေတယ် သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီး ( က) ၅၅.၂၅ ပိဿာကို ၆၅၀,၀၀၀ မှ ၆၈၀,၀၀၀ ကျပ်ရှိပြီး အရင်အပတ် ကထက် ၃၀၀၀၀ မှ ၅၀၀၀၀ ကျပ် စျေးတက်လာပါတယ် ။ ပဲကြီး ( လ) က ၅၈၀,၀၀၀ မှ ၆၀၀,၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်အတွင်း တက်လာပါတယ်။ ပဲ (သ) ကတော့ ၄၈၀,၀၀၀ မှ ၅၂၀,၀၀၀ ကျပ်ရှိပါတယ်။
Source: AMIAတစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် ( ၁. ၁၂.၂၀၂၅ မှ ၅.၁၂. ၂၀၂၅)
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price