cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုရက်သတ္တပတ် ၁ ပတ်အတွင်း ညအပူချိန်များလျော့ကျလာနိုင် အအေးပိုလာနိုင်ပြီး ဒီဇင်ဘာလ ၁၇ ရက်နှင့် နောက်ပိုင်းရက်များတွင် ဧရာဝတီတိုင်းတခုလုံးတွင် အအေးပိုလာနိုင်ပါတယ်။
  • ·          NOAA ရာသီဥတုကြိုတင်ခန့်မှန်းရေး GTH Outlook မှ ထုတ်ပြန်ချက်တွင် “ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်မည့်အခြေအနေ ကမ္ဘာ့တောင်ဘက်ခြမ်းဆီသို့ ရွေ့လျားသွားခြင်း”၊ “မြောက်ကမ္ဘာခြမ်းတွင် မိုးရွာသွန်းနိုင်မှုအခြေအနေလျော့နည်းသွားပြီဖြစ်ခြင်း” နှင့် “အနောက်မြောက်ဘက်မှလေအေးစီးကြောင်းများ တိုးဝင်လာခြင်း” စသည့် ဆောင်းရာသီ၏လက္ခဏာများတိုးမြင့်လာတာကိုတွေ့ရပါတယ်။ 

    ·          ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေများလျော့ကျလာပြီးနောက် အမြင့်ပေ ၁၈၀၀၀ နှင့်အထက်လေထုအလွှာအတွင်း အနောက်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေအေးစီးကြောင်းများ(အနှုတ် ၆°C မှ အနှုတ် ၈°C)တိုက်ခတ်ဝင်ရောက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း တနိုင်ငံလုံးတွင် အနိမ့်ဆုံးညအပူချိန်များအနည်းငယ်လျော့ကျလာပြီး ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်အတွင်းမှာပြန်လည်ပြီး အအေးပိုလာနိုင်ပါမယ်။ 

    ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ယခုရက်သတ္တပတ် ၁ ပတ်အတွင်း ညအပူချိန်များလျော့ကျလာနိုင် အအေးပိုလာနိုင်ပြီး ဒီဇင်ဘာလ ၁၇ ရက်နှင့် နောက်ပိုင်းရက်များတွင် ဧရာဝတီတိုင်းတခုလုံးတွင် အအေးပိုလာနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ- 

    o    မြန်အောင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၁ ရက် မှ ၁၆ ရက်အထိ တိမ်ကင်းစင်ပြီး၊ ၁၇ ရက်နေ့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ် 

    o    ပုသိမ်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၁ ရက် မှ ၁၆ ရက်အထိ တိမ်ကင်းစင်နေနိုင်ပြီး ၁၇ ရက်နေ့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပါတယ် 

    o    ဖျာပုံနှင့်ကျောင်းကုန်းမြို့နယ်များအတွင်း ဒီဇင်ဘာ ၁၁ မှ ၁၃ ရက်အထိ တိမ်ကင်းစင်နေနိုင်ပြီး၊ ၁၄ ရက် မှ ၁၇ ရက်အထိ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပါတယ် 

    o    ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင် ဒီဇင်ဘာ ၁၁ ရက် မှ ၁၅ ရက်အထိ တိမ်ကင်းစင်နေနိုင်ပြီး၊ ဒီဇင်ဘာ ၁၆-၁၇ ရက်များမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ် 

    o    ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% မှ ၈၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၃၈% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၆၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၇၉% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများအနည်းငယ်ထပ်မံလျော့ကျနိုင်ပါတယ်။ 

    မြေဆီလွှာခမ်းခြောက်မှုအခြေအနေသည် စိုက်ပျိုးရေးလုပ်ငန်းတွင်အရေးပါသည့်အတွက် “မြေဆီလွှာခမ်းခြောက်ခြင်း”နှင့် “မိုးရွာသွန်းမှုလျော့နည်းလာခြင်းကြောင့် မိုးခေါင်နိုင်ခြင်း(မြေပြင်ခြောက်သွေ့သည့်အခြေအနေဖြစ်ပေါ်နိုင်ခြင်း)” တို့အားစောင့်ကြည့်လေ့လာရန် MMWeather website တွင် တိုက်ရိုက်လေ့လာကြည့်ရှုနိုင်သည့် Inter-active-map ကို တင်ပေးထားပါတယ်။ https://www.mmweather.org/drought-monitoring  

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ၁၆၀ ခန့်အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ(ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။ 

    ယခု ၁ ပတ်အတွင်း မီတာ ၁၀၀ အမြင့်အထိ အရှေ့မြောက်ဘက်နှင့်မြောက်ဘက်အရပ်များမှ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း အများဆုံး တနာရီ ၇ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။  

    Win Naing 

    Administration Team, 

    MMWEATHER, 

     ငါးကန်တွင် ပျော်ဝင်အောက်ဆီဂျင် မြင့်မားလာစေရန်ပြုလုပ်ခြင်း   

    ငါးမွေးကန်တွင် အောက်ဆီဂျင်နည်းပါးလျက်ရှိပါက အောက်ဆီဂျင် ပျော်ဝင်မှု မြင့်မားလာစေရန် အောက်ပါ အ တိုင်းပြုလုပ်ရမည်။  

     • အစာလျော့ကျွေးခြင်း (သို့) အစာကျွေးခြင်းကို ဖြတ်ထားခြင်းခြင်းဖြင့် ကန်ရေတွင် ဩဇာဓါတ်များ ပိုမိုဖြစ် လာခြင်းကို ထိန်းသိမ်းပါ။ ငါးနှင့်ရောမွေးထားသော တိရစ္ဆာန်များကို အစာလိုအပ်သရွေ့သာကျွေးပါ၊   

    • ရေတွင်အောက်ဆီဂျင် ပိုမိုပျော်ဝင်စေရန် ရေမျက်နှာပြင်ကိုလှုပ်ရှားပေးခြင်း (လှေလှော်ခြင်း၊ ရေပန့် ဖြင့် ရေလှည့်ပေးခြင်း) ကိုအထူးသဖြင့် နံနက်နေမထွက်မီပြုလုပ်ပါ။ ထိုသို့လုပ်ရာတွင် ကန်အောက် ခြေ မှ ရွှံ့အနည်များ ကြောင့်ရေနောက်မှုမရှိရန် ဂရုစိုက်ရမည်။  

    • ကန်အောက်ခြေတွင်စုဝေးလျက်ရှိသော ဩဂဲနစ်အညစ်အကြေးများလျော့နည်းစေရန် ဖြစ်နိုင်ပါက ကန် အောက်ခြေရေကိုထုတ်ပြီးအရည်အသွေးကောင်းသောရေဖြင့် ကန်ရေကိုပြန်ဖြည့်ပါ။  

    ------------      

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
1773