cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၂၃ ရက်နောက်ပိုင်း သိသိသာသာအအေးပိုလာနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် မြန်မာပြည်တွင်း အအေးပိုနေနိုင်မည့်ဒေသများ 

    ·          အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် မုန်တိုင်းဖြစ်ပေါ်နိုင်ချေမရှိတော့ပါ၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များလျော့နည်းနေနိုင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့၌ ၁၀°C အောက်တွင်ဆက်လက်ရှိနေနိုင်ပါတယ်။ 

    ·          ယခုတပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းနှင့် ပန်ဆောင်တောင်ကြားဒေသတွေမှာ အပူချိန် ၁၀°C အောက် ၄°C ခန့်အထိရှိနေနိုင်ပါတယ်။ အလားတူ ကချင်ပြည်နယ် နောင်မွန်း၊ မချမ်းဘော၊ ပူတာအို၊ ဆွန်ပရာဘွမ်၊ ကန်ပိုက်တီး၊ ‌ခေါင်လန်ဖူး၊ ဆော့လော်ဒေသတွေမှာ ၅°C အောက်အထိ ကျဆင်းနေနိုင်ပါမယ်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် တိမ်အနိမ့်အနည်းငယ်မှအသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာရန်မရှိပါ။ နံနက်အစောပိုင်းနှင့် ညပိုင်းမှာ မြူဆိုင်းသောအခြေအနေ(hazy-weather-conditions) ဖြစ်ပေါ်နိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၂၃ ရက်နောက်ပိုင်း သိသိသာသာအအေးပိုလာနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          မန္တလေးတိုင်းမြောက်ပိုင်းမှ မိုးကုတ်၊ ပြင်ဦးလွင်၊ တကောင်းမြို့နယ်များမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၅°C အောက်၊ ၁၀°C ဝန်းကျင်အထိ ကျဆင်းပြီး ဆက်လက်၍အအေးပိုနေနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှ ခရိုင်/မြို့နယ်အားလုံး၏ အနိမ့်ဆုံးညအပူချိန်များသည် ၂၀°C တွင်ဆက်ရှိနေပြီး၊ အမြင့်ဆုံးနေ့အပူချိန်များသည် ၃၀°C အောက်တွင်ဆက်လက်ရှိနေနိုင်ပါဦးမယ်။ 

    ·          ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက် ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div 

    ·          မန္တလေးတိုင်းအတွင်းမှာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST) တနာရီ မိုင် ၂၀ ခန့်အထိရှိနိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% အထိရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၂°C အထိရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၈% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၆% ခန့် ရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၆၀ မှ ၈၀ အထိရှိနေနိုင်တာကြောင့် စိုးရိမ်ရန်မလိုပါ။ 

    ·          ယခုတပတ်အတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 5 to 6 ပတ်ဝန်းကျင်တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန်များတွင်အပြင်ထွက်သည့်အခါ အန္တရာယ်များသည့်အဆင့်မဟုတ်သော်လည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်၍ ထွက်သင့်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     မန္တလေးတိုင်းဒေသကြီးအတွင်း လီလီပန်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေး အကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်းလီလီပန်းစိုက်ပျိုးရာတွင် ဘိုထရိုင်းတစ် ရွက်ခြောက်ရောဂါ ကာကွယ်နိုင်ရန် အကြံပြုလိုက်ပါသည်။ လက္ခဏာမှာ အရွက်ပေါ်တွင် ကနဦး ရေစိုနာကွက်မှစတင်ကာ မိုးရေစက်ပုံအညိုရောင်အစက်အပျောက်များအားတွေ့ရှိရပါမည်။ ပြင်းထန်လာပါက အစက်ပျောက်များစုဝေးကာ အဝါရောင်အစင်းကြောင်းများဖြစ်ပေါ်လာပါပြီး အရွက်မျက်နှာပြင် တစ်ခုလုံး ပျံ့နှံ့ကာ ကြွေကျသွားတတ်ပါသည်။ အောက်အရွက်များတွင် ပိုမိုကျရောက်လေ့ရှိပြီး ပိုမိုပြင်းထန်လာပါက ပန်းအဖူးများ နှင့် အပွင့် အညှာများအပေါ်ထိ ပျံ့နှံ့လာတတ်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -  

    • ပန်းရာသီပြီးချိန်တွင် ရောဂါရပင်ကြွင်းပင်ကျန်များအား သေချာရှင်းလင်းပေးပါ။ 
    • စိုက်ခင်းကို လေဝင်လေထွက်ကောင်းမွန်စေရန် အပင်စိတ်စိတ်စိုက်ခြင်းကိုရှောင်ကြဥ်ပေးပါ။ 
    • စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေရန် သတိပြုပါ။ 
    • မျိုးရင်းဝင်မတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပေးပါ။ 
    • ဓာတုဆေးများအသုံးပြုလိုပါက ကြိုတင်ကာကွယ်ဆေးအနေနဲ့ Mancozeb၊ Chlorothalonil Hexaconazole၊ နှင့်  Cymoxanil မှိုသတ်ဆေးများ ပက်ဖျန်းပေးနိုင်ပါသည်။ 
    • ရောဂါစတင်ကျရောက်လာပါက Azoxystrobin၊ Difenoconazole၊ Trifloxystrobin နှင့် Tebuconazole   ကဲ့သို့သော မှိုသတ်ဆေးများပက်ဖျန်းခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ 

     ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်       

    • ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်    
    • ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊    
    • မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊    
    • မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊    
    • ရေချဉ်ဖန်နှုန်း မှန်ကန်နေပါက ငါး၊ ပုစွန်များ အသက်ရှူခြင်း၊ အစာပုံမှန်စားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း နှင့် ကြီးထွားနှုန်းကောင်းခြင်း တွေ့ရပါသည်။  
    • ထို့ကြောင့် ကန်ရေအရည်အသွေးကို ပုံမှန်စစ်ပေးပြီး ပြုပြင်ပေးရန် လိုအပ်သည်။  
    • မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။    

    ------------      

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
1944