cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၈)

. Swine
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    - ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) ဗိုင်းရပ်(စ်) ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဗိုင်းရပ်(စ) ရောဂါများ ( ကြက်နာကျရောဂါ)

    · ကြက်များအရွယ်မရွေး အားလုံးနီးပါးရောဂါဖြစ်ကာ အားလုံးနီးပါး သေဆုံးသည့်ရောဂါများဖြစ်သည်။

    · ကြက်နာကျရောဂါများဟုခေါ်ဆိုနိုင်သော ရောဂါများသည် ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

    · ကျေးရွာများတွင် အဖြစ်များသော ဗိုင်းရပ်(စ) ရောဂါ (၂) မျိုးရှိပါသည်။

    (၁) လည်လိမ်ရောဂါ

    (၂) ကြက်ငှက်တုပ်ကွေးရောဂါတို့ ဖြစ်ပါသည်။

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဝက်မသားပေါက်ရန် အလွန်နီးသောအချိန်တွင်ဖြစ်စေ၊ သားပေါက်တန်းလန်း ဖြစ်နေသောအချိန်တွင် ဖြစ်စေ ဝက်မ လန့်မသွားစေရန် အထူးဂရုစိုက်ပါ။ မကြာမကြာလန့်ပါက ပေါက်လာသော ဝက်ကလေးများကို ကိုက်ခြင်း၊ လူကိုကိုက်ခြင်း၊ နို့မတိုက်ခြင်း၊ နို့မထွက်ခြင်း၊ နို့ထွက်နည်းခြင်း၊ များဖြစ်တတ်သည်။

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။


  • article
  • article
  • article
  • article
likes
10
comments
1
views
1221