ခရမ်းချဥ်သီးစျေး စံချိန်တင် မြင့်တက်လာ
ခရမ်းချဥ်သီးကတော့ ကုန်စိမ်းစျေးကွက်မှာ စျေးနှုန်း ဆက်တိုက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပြည်မက ခရမ်းချဥ်သီးတွေ စျေးကွက်ထဲ လှိုင်လှိုင် ဝင်ရောက်မှု မရှိသေးတဲ့အပြင် ရှမ်းတောင်မှာလည်း ခရမ်းချဥ်သီး အထွက်နှုန်းနည်းနေတာ ကြောင့် စျေးဆက်တိုက် တက်နေတာ ဖြစ်ပါတယ်။ လက်ရှိ ခရမ်းချဥ် စျေးကွက်က ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေတဲ့အတွက် စျေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၅၅၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၄၅၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၄၀၀၀ ကျပ်ရှိပါတယ်။
လက်လီစျေးကွက်မှာတော့ ကျားခြေရာ သီး ခေါ် ကိုင်းသီး ဗမာသီးက တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိ ရှိနေပြီး ပုံမှန်ခရမ်းချဥ်သီးက ၈၀၀၀ ကျပ်အထိ စျေးရှိနေပါတယ်။
တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် ( ၈. ၁၂.၂၀၂၅ မှ ၁၂.၁၂. ၂၀၂၅)
AMIA
-----------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price