cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း - ဒီဇင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၂၁ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. Weather News
ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းမှအပ ကျန်တပြည်လုံး၏ အနိမ့်ဆုံးအပူချိန်များ ၂၀°C အောက်သို့ ကျဆင်းနိုင်ပါမယ်။ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း၏ အနိမ့်ဆုံးအပူချိန်များသည် ၂၁°C မှ ၂၃°C အတွင်းရှိနိုင်ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း-မြောက်တွင် ၅°C အောက်သို့ ကျဆင်းနိုင်ပါတယ်။
  • ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်နိုင်သည့်အခြေအနေမရှိပါ 

    ·          အီကွေတာအနီးတွင်ဖြစ်ပေါ်လျှက်ရှိသည့် လေပူစီးကြောင်းတိမ်များ(Convective Clouds) သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းအပေါ်အထိ ရွေ့လျားရောက်ရှိနေတာတွေ့ရပါတယ်။ Convective clouds တိမ်များဖြစ်ပေါ်နေခြင်းကို မြေပြင်မှ အမြင့် မီတာ ၂၀၀၀ နှင့် ၃၀၀၀ ကြား(ပေ ၆၀၀၀ မှ ပေ ၁၀၀၀၀ ကြား)တွင်တွေ့ရပြီး ဖြစ်ပေါ်သည့်တိမ်များနိမ့်ပါက နေ့လည်နေ့ခင်းအချိန်များတွင် ပိုမို၍ပူနွေးကာ၊ ညနှင့် နံနက်အစောပိုင်းအချိန်များတွင် တိမ်များဖြစ်ပေါ်မှုလျော့နည်းသွားပြီး အအေးပိုလာတတ်ပါတယ်။ 

    ·          ITCZ, Convective clouds ဖြစ်ပေါ်သည့်အခြေအနေနှင့် နေ့/ည အပူချိန်ခန့်မှန်းချက်များ - အီကွေတာအနီး ဖြစ်ပေါ်သည့် ITCZ အပူဖိအားနည်းရပ်ဝန်း(Thermal Low Pressure Belt) မှ ဖြစ်ပေါ်လာသည့် လေပူစီးကြောင်းတိမ်များ - Convective Clouds)သည် - ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသအချို့တို့အပေါ်တွင် ဖြစ်ထွန်းလျှက်ရှိပြီး မိုးအုံ့နေနိုင်သောကြောင့် ဒီဇင်ဘာ ၁၄ ရက် မှ ၁၆ ရက်အတွင်း အဆိုပါဒေသများတွင် ညပူချိန်များအနည်းငယ်လျော့နည်းပြီး အအေးပေါ့နေနိုင်သည်။ 

    ·          ဤကာလအတွင်း မိုးရွာသွန်းနိုင်ခြေ လုံးဝနီးပါးမရှိ သဖြင့် convective clouds များကြောင့်ဖြစ်သော မိုးလေဝသအန္တရာယ်များကို ပူပန်ရန်မလိုပါ။ မြန်မာနိုင်ငံသည်လက်ရှိတွင် ဆောင်းရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ညအပူချိန်များ လျော့ကျပြီး မနက်ပိုင်းတွင် မြူများဆိုင်းနိုင်ခြေ ရှိသည်။ 

    ·          ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းမှအပ ကျန်တပြည်လုံး၏ အနိမ့်ဆုံးအပူချိန်များ ၂၀°C အောက်သို့ ကျဆင်းနိုင်ပါမယ်။ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း၏ အနိမ့်ဆုံးအပူချိန်များသည် ၂၁°C မှ ၂၃°C အတွင်းရှိနိုင်ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း-မြောက်တွင် ၅°C အောက်သို့ ကျဆင်းနိုင်ပါတယ်။ 

    ဒီဇင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၂၁ ရက်အထိ ရန်ကုန်တိုင်းအတွင်း မိုးလေဝသအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာရန်မရှိ မိုးအုံ့နေပြီး နေ့/ည အပူချိန်များအနည်းငယ်တိုးလာနိုင်ပါတယ်။ 

    ·          ဒီဇင်ဘာ ၁၇-၁၈ ရက်နောက်ပိုင်းတွင် ညအပူချိန်များပြန်လျော့ပြီး (၂၀°C မှ ၁၉°C အထိ ကျဆင်းနိုင်) ပြန်လည်၍အအေးပိုလာနိုင်ပါတယ်။ 

    ·          မြောက်-အရှေ့မြောက်ဘက်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပြီး၊ ဒီတပတ်အတွင်း ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းမှာ အ‌အေးပိုလာနိုင်ပါတယ်။ 

    ·          နေ့လည်ပိုင်းအချိန်များမှာ ခံစားရသည့်အပူချိန် (Feels-Like or Apparent Temperature) ၃၅°C ခန့် ရှိနိုင်ပါမယ်။ 

    ·          နံနက်နှင့် ညနေပိုင်း၊ ညပိုင်းအချိန်များတွင် လေထုစိုထိုင်းဆ အမြင့်ဆုံး ၇၀% ရှိနိုင်ပြီး နေ့လည်နေ့ခင်းအချိန်များမှာ လေထုစိုထထိုင်းဆအနိမ့်ဆုံး ၃၀% မှ ၄၀% ခန့် ရှိနိုင်ပါမယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်းသည် စက်မှုဇုန်ဧရိယာများအနီးနှင့် ရန်ကုန်မြို့လယ်မှမြို့နယ်များတွင် ၁၀၀ မှ ၁၂၀ ခန့်အထိရှိနိုင်ပြီး ကျန်းမာရေးချို့တဲ့သူများ သတိထားရမည့် လေထုညစ်ညမ်းမှုအခြေအနေဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ကပ်ပါးပိုးမရှိအောင် လုပ်ဆောင်ခြင်း  

    ငါးကန်မှာ ကပ်ပါးပိုးတွေ ရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။ ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။ ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့်ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။ 

    -----------       

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
1
comments
0
views
1862