cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဖာလာစေ့ (Cardamom) စိုက်ပျိုးနည်း

. Cultivation Methods
(၁) ကုန်စုံဆိုင်သို့မဟုတ်စိုက်ပျိုးရေးအထောက်အပံ့ပစ္စည်းဆိုင်များမှ ဖာလာ မျိုးစေ့များကို၀ယ်ယူပါ။ စိုက်ပျိုးရေးထောက်ပံ့ရေးကုမ္ပဏီမှ မျိုးစေ့များကို ၀ယ်ယူလျှင် အကောင်းဆုံးဖြစ်ပါတယ်။
  • (၂) အိုးနှင့်စိုက်မည်ဆိုပါက အိုးထဲသို့ နုန်းမြေ၊ မြေနုများ ဖြည့်ပါ။ မြေဆီလွှာဟာရေဆင်းကောင်းဖို့အတွက် သဲအနည်းငယ်ပါသင့်ပါတယ်။ အနည်းဆုံး ၁ ပေ (၀.၃၀ မီတာ) နက်ပြီး ၆ လက်မအကျယ် (၁၅ စင်တီမီတာ) အိုးကိုအသုံးပြုသင့်ပါတယ်။ 

    (၃) အစေ့များကို ၁-၈ လက်မ (၀.၃၂ စင်တီမီတာ)မှာစိုက်ပျိုးပါ။ မျိုးစေ့အချို့ကို အိုးထဲသို့မြှုပ်ပြိး ၁-၈ လက်မ (၀.၃၂ စင်တီမီတာ) ရှိသောမြေဆီလွှာများဖြင့်ဖုံးအုပ်ပါ။ မြေဆီလွှာဟာလုံးဝစိုစွတ်ရပါမယ်။ 

    (၄) အရွက်အနည်းငယ်ထွက်လာသည်အထိ ဖာလာစေ့ကို ပျိုးထောင်ပါ။ ရက် ၃၀ မှ ၄၅ ရက်အကြာတွင်ပင်စည်ဟာ အပင်ပေါက်လာပါလိမ့်မယ်။  

    ပြောင်းရွှေ့စိုက်ပျိုးခြင်း 

    (၅) ရေဆင်းကောင်းသောမြေဆီလွှာကိုရွေးချယ်ပါ။အကယ်၍ မြေဆီလွှာဟာရွှံ့စေးများလွန်းပါက အပင်ကိုသေစေနိုင်ပါတယ်။ ထို့ကြောင့် ဥယျာဉ်အတွင်းရှိအခြားနေရာများကို ရှာပါ။ သို့မဟုတ်သဲများနှင့်ရောစပ်ပေးပါ။ 

    (၆) အပင်ကိုတစ်စိတ်တစ်ပိုင်းအရိပ်ပေးနိုင်သော နေရာတွင်စိုက်ပါ။ 

    (၇) စိုထိုင်းဆမြင့်မားသော ဧရိယာကိုရွေးချယ်ပါ။ အပြင်ဘက်တွင် ဖာလာစေ့ စိုက်ပျိုးမည်ဆိုပါက စိုထိုင်းဆ ၇၅% ခန့်လိုအပ်ပါတယ်။ ဖာလာစေ့များဟာအပူချိန် ၆၄ ဒီဂရီဖာရင်ဟိုက် (၁၈ ဒီဂရီစင်တီဂရိတ်) နှင့် ၉၅ ဒီဂရီဖာရင်ဟိုက် (၃၅ ဒီဂရီစင်တီဂရိတ်) အကြားကို ပိုမိုနှစ်သက်ပါတယ်။ 

    (၈) အနက် (၂.၅- ၃.၈စင်တီမီတာ) တွင် ဖာလာစေ့ ပျိုးပင်ကို စိုက်ပါ။ ၆ မှ ၁၈ လက်မ (၁၅ မှ ၄၆ စင်တီမီတာ) အကွာအဝေးရှိသောတွင်းနက် (၂.၅ စင်တီမီတာ) တူးပါ။ တွင်း၁တွင်းစီတွင် ပျိုးပင်၁ပင်ထားစိုက်ပါ။ အမြစ်များကိုမြေဆီလွှာနှင့်ပြန်ဖုံးပေးပါ။ 

    (၉) ကြီးထွားမည့်ရာသီအတွင်းတစ်လနှစ်ကြိမ် ဓာတ်မြေသြဇာထည့်ပါ။ ဖော့စဖောရက်ပါဝင်သောအော်ဂဲနစ်ဓာတ်မြေသြဇာကိုရွေးချယ်ပါ။ နွေရာသီဟာကြီးထွားရာသီဖြစ်သည့်အတွက်အပင်များပတ်လည်တွင်တစ်လလျှင် ၂ ကြိမ်ဖြန်းပါ။ 

    (၁၀) မြေဆီလွှာစိုစွတ်စေရန်အပင်များကိုရေလောင်းပေးပါ။ မြေဆီလွှာတွင် အစိုဓာတ်ရှိမရှိ သေချာစေရန်မြေကြီးကိုသင်၏လက်ချောင်းများဖြင့်နေ့တိုင်းစမ်းကြည့်ပါ။ မြေဆီလွှာဟာခြောက်သွေ့မသွားသင့်သဖြင့်မြေဆီလွှာစိုစွတ်သည်အထိ ရေလောင်းပေးရန်သတိထားပါ။ 

    (၁၁) အပင်ကို ၆ ပေမှ ၁၀ ပေ (၁.၈ မှ ၃.၀ မီတာ) ရောက်သည် အထိစိုက်ပျိုးပါ။ အပင်များကိုမှန်မှန်ရေလောင်းပေးပြီး လိုအပ်သလိုမြေသြဇာပေးပါ။ အပင်များကြီးထွားမှုအတွက်နှစ်အနည်းငယ်ကြာနိုင်ပါတယ်။ ကြီးထွားလာလျှင်ရိုးတံများသည် ၂ လက်မခန့် (၅.၁ စင်တီမီတာ) ရှည်ပြီး တောက်ပသောအစိမ်းရောင်အရွက်များပေါက်လာလိမ့်မည်။ 

    (၁၁) ဖာလာစေ့အသီးများကိုရိတ်သိမ်းရန် ၂ နှစ်မှ ၃ နှစ်စောင့်ပါ။ အပင်များသည်ဧပြီလသို့မဟုတ်မေလမှ စတင်၍ ပန်းပွင့်မည်ဖြစ်ပြီး ဇူလိုင်လသို့မဟုတ်သြဂုတ်လအထိ ဆက်၍ ပွင့်လန်းလိမ့်မည်။ အဝါရောင်ပန်းများသည်သေးငယ်ပြီး ဘဲဥပုံသဏ္ဍာန်ရှိပါတယ်။ပန်းများရှိ ဖာလာအသီးတာင့်တစ်ခုတွင် ၁၅ မှ ၂၀ အထိ ဖာလာစေ့များပါရှိပါတယ်။ 

    (၁၂) လက်ဖြင့် ဖာလာသီးတောင့်မျာကိုစုဆောင်းပါ။ ဖာလာအသီးတောင့်သည်အနည်းငယ်ခြောက်သွေ့သွားသည်နှင့် တစ်ပြိုင်နက်အလွယ်တကူကွဲထွက်ကြောင်း စမ်းကြည့်ပါ။ 

    ဖာလာအပင်များသည်နှစ်စဉ်နှစ်တိုင်းဖာလာ မျိုးစေ့များဆက်လက်ထုတ်ပေးနိုင်ပါတယ်။ 

    (၁၃) ဖာလာသီးတောင့်များကိုအခြောက်လှန်းပါ။ ခြောက်သွေ့နည်းအမျိုးမျိုးကိုအသုံးပြုနိုင်ပါတယ်။ အသေးစားစိုက်ပျိုးမှု​အတွက် ဖာလာစေ့ကိုအခင်းတစ်ခုတွင်ဖြန့်ပြီးနေဖြင့်အခြောက်လှန်းပါ။ အကြီးစားစီးပွားဖြစ်ရိတ်သိမ်းမှုများအတွက် အလွန်ပူသောမီးဖိုများကို အသုံးပြု၍ ​အခြောက်ခံနိုင်ပါတယ်။ 

    Source: ဖာလာစေ့ (Cardamom) စိုက်ပျိုးနည်း » Myanmar Net ® မြန်မာနက် 

    ----------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
9
comments
0
views
2803