cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြောင်းလဲသောရာသီဥတုနှင့်ကိုက်ညီသောစိုက်နည်းစနစ်များ

. Agriculture Knowledge
ကျမတို့ ထွက်တိုးမီဒီယာကနေ ဒီကနေ့ တင်ပြချင်တဲ့ အကြောင်းအရာကတော့ Climate Smart Agriculture တနည်းအားဖြင့် ရာသီဥတုဖောက်ပြန်မှု၊ ပြောင်းလဲခြင်းစသော စိန်ခေါ်မှုများ ကြုံတွေ့ရသောအခါ ထိုအခြေအနေများကို မည်သို့ တုံ့ပြန်ရမည်ကို ဒီီဗဒီယိုလေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
  • Climate Smart Agriculture (CSA) ဆိုသည်မှာ ရာသီဥတုဖောက်ပြန်မှု၊ ပြောင်းလဲခြင်းစသော စိန်ခေါ်မှုများ ကြုံတွေ့ရသောအခါ ထိုအခြေအနေများကို တုံ့ပြန်ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်၊ ခံနိုင်ရည်အားမြှင့်တင်ရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် ရည်ရွယ်သည့် ရာသီဥတုနှင့် သဟဇာတ ဖြစ်သောစိုက်ပျိုးရေး လို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ ရာသီဥတုနှင့် သဟဇာတ ဖြစ်သောစိုက်ပျိုးရေးတွင် ဆန်းသစ်တီထွင်သောအလေ့အကျင့်များ၊ နည်းပညာတိုးတက်မှုများနှင့် ပံ့ပိုးပေးသောမူဝါဒများ ပေါင်းစပ်ခြင်းထားပါသည်။

    စပါးစိုက်တောင်သူများအတွက် လယ်ယာစိုက်ပျိုးရေးအလေ့အကျင့်ကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းနည်းလမ်းများ Climate Smart Agriculture (CSA) ကျင့်စဉ်များကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရာတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာ ဖူလုံဖို့ ရရှိစေရန်ကူညီလမ်းပြပေးသောနည်းလမ်းဖြစ်ပါသည်။ ဤနည်းလမ်းသည် စိုက်ဧက များစွာပိုင်ဆိုင်သော သူများသာမက ၁၀ဧက အောက်ပိုင်ဆိုင်သောလုပ်ကွက်ငယ်တောင်သူများပါ အသုံးချနိုင်သောဘက်စုံသုံးနည်းလမ်းတခုဖြစ်သည်။

    စပါးစိုက်ပျိုးခြင်းအတွက် အထူးအကျိုးရှိသော CSA အခြေပြု ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဥ်များတွင် ရေစိုတလှည့် ခြောက်တလှည့်ရေသွင်းစနစ် (AWD)၊ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ် (DSR)၊ စပါးမျိုးသန့်/ထောက်ခံချက်ရရှိသော မျိုးများ အသုံးပြုစနစ်၊ စပါးစွမ်းအားမြှင့်စိုက်ပျိုးခြင်းစနစ် (SRI)၊ စပါး-ငါး မွေးမြူရေးစနစ်များ မြေငွေ့ထိန်း သီးနှံများ၊ စိုက်စနစ် အာဟာရစီမံခန့်ခွဲမှု ဘက်စုံသီးနှံကာကွယ်ရေးစနစ် (IPM)၊ ပိုမိုကောင်းမွန်သော ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်ခြင်း အလေ့အကျင့်များ ရေစနစ်တကျ ထိန်းသိမ်း စီမံခန့်ခွဲခြင်းစနစ်များ၊ အဆိုပါ CSA အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်းဖြင့် ဦးကြီးများသည် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများကို လျော့ပါးသက်သာစေရန်၊ အရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ ကုန်ထုတ်စွမ်းအားများ တိုးမြင့်လာစေရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ကာ ပိုမိုရေရှည်ခံနိုင်ရည်ရှိသော လယ်ယာစိုက်ပျိုးမှုစနစ်ကို ပံ့ပိုးပေးနိုင်ပါသည်။

    ထွက်တိုး

    ---------

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


likes
7
comments
0
views
635