မကွေးတိုင်း - ဒီဇင်ဘာ ၁၇ ရက် မှ ဒီဇင်ဘာ ၂၃ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ
အစွန်းရောက်ရာသီဥတု(လာနီညာ)အခြေအနေနှင့် ရက်ဝေးကြိုတင်ခန့်မှန်းချက်များ
· NOAA ရာသီဥတုခန့်မှန်းရေးစင်တာမှ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ထုတ်ပြန်ချက်များအရ အားပျော့သောလာနီညာအစွန်းရောက်ရာသီဥတုဖြစ်စဉ်သည် ဆက်လက်ရှိနေပြီး၊ ၂၀၂၆ ဇန်နဝါရီလမှ မတ်လအတွင်း ကြားနေရာသီဥတုဖြစ်စဉ်သို့ကူးပြောင်းနိုင်မည့်အခြေအနေသည် ၆၈% သို့ မြင့်တက်လာပါတယ်။ လက်ရှိအချိန်မှာ အားပျော့သောလာနီညာဖြစ်စဉ်သည် ဆက်လက်တည်ရှိနေပါတယ်။
· GTH Outlook ထုတ်ပြန်ချက်အရ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေတိုးမြင့်လာပြီး အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်း အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေမရှိတော့တာတွေ့ရပါတယ်။
· ယခုကာလအတွင်း(ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ)မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိကြောင်း ခန့်မှန်းရပြီး အကယ်၍ မိုးရွာနိုင်ပါကလည်း ဒီဇင်ဘာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၅၀% လျော့နည်း၍သာရွာသွန်းနိုင်ပါမယ်။
· နိုင်ငံတဝှန်းတွင် မြေဆီလွှာစိုထိုင်းဆများ ဆက်လက်ကျဆင်းလျှက်ရှိပြီး မြေပြန့်ဒေသများတွင် ၄၀ စင်တီမီတာ(၁၅.၇၄ လက်မအနက်)တွင် ၁၀% မှ ၂၅% ခန့်၊ ၁၀၀ စင်တီမီတာ(၃၉.၃၇ လက်မအနက်)တွင် ၃၀% မှ ၄၀% ခန့်ရှိနိုင်ပါတယ်။ မြေဆီလွှာစိုထိုင်းဆ ၃၀% အောက်ကျဆင်းလျှင် စိုက်ပျိုးပင်များအတွက် ရေလိုအပ်ချက်ပြည့်မီခြင်းမရှိသဖြင့် ရေသွင်းစိုက်ပျိုးမြေများမဟုတ်လျှင် စိုက်ပျိုးပင်များရှင်သန်ရန်ခက်ခဲနိုင်ပါတယ်။
မကွေးတိုင်းအတွင်း ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ
· ယခုရက်သတ္တပတ်အတွင်း မိုးရွာရန်မရှိပါ။
· ယခုရက်သတ္တပါတ် ၁ ပတ်အတွင်း မကွေးတိုင်းတခုလုံးတွင် တိမ်ကင်းစင်သည့်ရက် ပိုမိုများနိုင်ပါတယ်။
· မကွေးတိုင်း မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ပေါက်မြို့နယ်များတွင် ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အများအားဖြင့် တိမ်ကင်းစင်နေနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ်။
· မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နှင့် နတ်မောက်မြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းမှာ များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၂°C ရှိနိုင်ပါတယ်။
· မကွေးတိုင်းအတွင်း နံနက်ပိုင်းနှင့် ညနေပိုင်း/ညပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၆၅% မှ ၈၀% ရှိနေနိုင်ပြီး၊ နေ့လည်ခင်းအချိန်များတွင် များသောအားဖြင့် လေထုခြောက်သွေ့လာ၍ ၃၀% မှ ၄၀% ခန့်ရှိနိုင်ပါတယ်။
· မကွေးတိုင်းမြောက်ပိုင်းဒေသများအတွင်း အနောက်ဘက်နှင့် အနောက်မြောက်ဘက်အရပ်များမှ တနာရီ ၅ မိုင်မှ ၁၀ မိုင်အထိ လေတိုက်ခတ်နိုင်ပါမယ်။
· မကွေးတိုင်း၏ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)သည် ၂၅ မှ ၃၅ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။
· ယခုတပတ်အတွင်း မကွေးတိုင်း၏ ၄၀ စင်တီမီတာ(၁၆ လက်မခန့်)နှင့်အထက် - အပေါ်ယံမြေဆီလွှာစိုထိုင်းဆ ၆% အထိ ကျဆင်းနိုင်ပြီး ၄၀ စင်တီမီတာအောက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်အနက်) တွင် မြေဆီလွှာစိုထိုင်းဆ ၂၅% ခန့် ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
မကွေးတိုင်းဒေသကြီးအတွင်း ကုလားပဲ စိုက်ပျိုးတောင်သူများ အတွက်စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
• မစိုက်ပျိုးမီ ကုလားပဲမျိုးစေ့များကို အကျိုးပြုအဏုဇီဝသက်ရှိများဖြစ်သည့် ရိုင်ဇိုဘီယံ (Rhizobium)၊ ဖော့စပေါရပ်ကို အပင်စားသုံးနိုင်ရန်ပြုလုပ်ပေးသော ဘက်တီးရီယား (Phosphorus solubilizing bacteria) များနှင့် လူးနယ်စိုက်ပျိုးပါ။
• စိုက်ပျိုးမည့်ဒေသနှင့် ကိုက်ညီသော မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။
• ရေသွင်းရေထုတ်ကောင်းမွန်ပြီး နှုန်းဆန်သောမြေတွင်စိုက်ပျိုးပါ။ မြေချဉ်ငံကိန်း ၆-၇.၅ အတွင်းချိန်ညှိပါ။
• အများလိုအဟာရအနေနှင့် ဖော့စပေါရပ်(P) မြေသြဇာနှင့် အနည်းလိုအဟာရဓါတ်ဖြစ်သော ဆာလဖာ(S)၊ ဇင့်(Zn)၊ ဘိုရွန်(B)၊ မိုလပ်ဒီနမ်(Mo) စသောအဟာရဓါတ်များပါသော ရွက်ဖျန်းအားဆေးများ အဓိကအသုံးပြုပါ။
• ကုလားပဲသီးလုံးဖောက်ပိုး အထူးဂရုပြုစစ်ဆေးပါ တွေ့ရှိပါက တမာပိုးသတ်ဆေး နှင့် Emamectin Benzoate, Chlorantraniliprole စသောပိုးသတ်ဆေးများအသုံးပြုပါ။
• ဖျူစေရီယမ် ပင်ညိုး ရောဂါစတင်တွေ့ရှိပါက အပင်များကို Pyraclostrobin ဖျန်း၍ မြေပေါ်သို့ Hymexazol ဖျန်း၍ ကာကွယ်နိုင်ပါတယ်။
ငါး၊ ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက်
ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။
ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။
အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။
ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price