cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း - ဒီဇင်ဘာ ၁၇ ရက် မှ ဒီဇင်ဘာ ၂၃ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. Weather News
မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နှင့် နတ်မောက်မြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းမှာ များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၂°C ရှိနိုင်ပါတယ်။
  • အစွန်းရောက်ရာသီဥတု(လာနီညာ)အခြေအနေနှင့် ရက်ဝေးကြိုတင်ခန့်မှန်းချက်များ 

    ·          NOAA ရာသီဥတုခန့်မှန်းရေးစင်တာမှ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ထုတ်ပြန်ချက်များအရ အားပျော့သောလာနီညာအစွန်းရောက်ရာသီဥတုဖြစ်စဉ်သည် ဆက်လက်ရှိနေပြီး၊ ၂၀၂၆ ဇန်နဝါရီလမှ မတ်လအတွင်း ကြားနေရာသီဥတုဖြစ်စဉ်သို့ကူးပြောင်းနိုင်မည့်အခြေအနေသည် ၆၈% သို့ မြင့်တက်လာပါတယ်။ လက်ရှိအချိန်မှာ အားပျော့သောလာနီညာဖြစ်စဉ်သည် ဆက်လက်တည်ရှိနေပါတယ်။ 

    ·          GTH Outlook ထုတ်ပြန်ချက်အရ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေတိုးမြင့်လာပြီး အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်း အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေမရှိတော့တာတွေ့ရပါတယ်။ 

    ·          ယခုကာလအတွင်း(ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ)မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိကြောင်း ခန့်မှန်းရပြီး အကယ်၍ မိုးရွာနိုင်ပါကလည်း ဒီဇင်ဘာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၅၀% လျော့နည်း၍သာရွာသွန်းနိုင်ပါမယ်။ 

    ·          နိုင်ငံတဝှန်းတွင် မြေဆီလွှာစိုထိုင်းဆများ ဆက်လက်ကျဆင်းလျှက်ရှိပြီး မြေပြန့်ဒေသများတွင် ၄၀ စင်တီမီတာ(၁၅.၇၄ လက်မအနက်)တွင် ၁၀% မှ ၂၅% ခန့်၊ ၁၀၀ စင်တီမီတာ(၃၉.၃၇ လက်မအနက်)တွင် ၃၀% မှ ၄၀% ခန့်ရှိနိုင်ပါတယ်။ မြေဆီလွှာစိုထိုင်းဆ ၃၀% အောက်ကျဆင်းလျှင် စိုက်ပျိုးပင်များအတွက် ရေလိုအပ်ချက်ပြည့်မီခြင်းမရှိသဖြင့် ရေသွင်းစိုက်ပျိုးမြေများမဟုတ်လျှင် စိုက်ပျိုးပင်များရှင်သန်ရန်ခက်ခဲနိုင်ပါတယ်။ 

    မကွေးတိုင်းအတွင်း ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ 

    ·          ယခုရက်သတ္တပတ်အတွင်း မိုးရွာရန်မရှိပါ။ 

    ·          ယခုရက်သတ္တပါတ် ၁ ပတ်အတွင်း မကွေးတိုင်းတခုလုံးတွင် တိမ်ကင်းစင်သည့်ရက် ပိုမိုများနိုင်ပါတယ်။ 

    ·          မကွေးတိုင်း မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ပေါက်မြို့နယ်များတွင် ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အများအားဖြင့် တိမ်ကင်းစင်နေနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ်။ 

    ·          မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နှင့် နတ်မောက်မြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းမှာ များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၂°C ရှိနိုင်ပါတယ်။ 

    ·          မကွေးတိုင်းအတွင်း နံနက်ပိုင်းနှင့် ညနေပိုင်း/ညပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၆၅% မှ ၈၀% ရှိနေနိုင်ပြီး၊ နေ့လည်ခင်းအချိန်များတွင် များသောအားဖြင့် လေထုခြောက်သွေ့လာ၍ ၃၀% မှ ၄၀% ခန့်ရှိနိုင်ပါတယ်။ 

    ·          မကွေးတိုင်းမြောက်ပိုင်းဒေသများအတွင်း အနောက်ဘက်နှင့် အနောက်မြောက်ဘက်အရပ်များမှ တနာရီ ၅ မိုင်မှ ၁၀ မိုင်အထိ လေတိုက်ခတ်နိုင်ပါမယ်။ 

    ·          မကွေးတိုင်း၏ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)သည် ၂၅ မှ ၃၅ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။ 

    ·          ယခုတပတ်အတွင်း မကွေးတိုင်း၏ ၄၀ စင်တီမီတာ(၁၆ လက်မခန့်)နှင့်အထက် - အပေါ်ယံမြေဆီလွှာစိုထိုင်းဆ ၆% အထိ ကျဆင်းနိုင်ပြီး ၄၀ စင်တီမီတာအောက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်အနက်) တွင် မြေဆီလွှာစိုထိုင်းဆ ၂၅% ခန့် ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER,  

    ငါး၊ ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက်  

     ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။   

    ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။  

    အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။  

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------------    

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2874