cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရက်သားဝက်ငယ်များ ပြုစုခြင်းနှင့် ဝက်သိုးမွေးမြူခြင်း

. Swine
ဝက်သိုးသည် ခြေဆံလက်ဆံရှည်ကာ တောင့်တင်းပြီး လေးဘက်ပြည့်ရမည်။ ဝှေးစေ့ ၂လုံးထွားကြိုင်းပြီး ညီရမည်။ ဝက်သိုး အသက် ၄လခန့်တွင် ကြိုးဆွဲပြီး လမ်းလျှောက်ကျင့်ပေးရမည်။
  • ရက်သားဝက်ငယ်များကို ပြုစုမွေးမြူခြင်း ( အသက် ၁ရက်မှ ၄၅ ရက်အထိ)

    ·      ဝက်ကလေးပေါက်လာပြီး (၃)ရက်အထိ မိခင်နှင့်အတူ ရောမထားသေးဘဲ တောင်း/ပုံးထဲမှ ထုတ်လိုက်၊ နို့တိုက်လိုက်၊ ပြန်ထည့်လိုက် ပြုလုပ်ပေးပါ။ ၁ နာရီတကြိမ် နို့ထုတ်တိုက်ပေးပါ။

    ·      ၄ရက်မြောက်သည့်နေ့မှ ဝက်မနှင့်ဝက်ကလေးများကို အတူရောထားပါ။

    ·      အသက် ၂-၃ ရက်တွင် သွားစွယ်ဖြတ်ပါ။ အမြီးဖြတ်လိုကလည်း ဤရက်အတွင်း ဖြတ်ပါ။

    ·      ဝက်မနှင့်ဝက်ကလေးများကို အကန့်ကန့် ထားပေးပါ။ ဝက်ကလေး ကန့်ထားသည့်အခန်းတွင် ဝက်ကလေးများ ကွန်ကရစ်ပေါ်တွင်မထားဘဲ ကွက်ပြစ်ပြုလုပ်ပြီး အခင်းခင်းကာ အိပ်စေရမည်။

    ·      ဝက်ကလေးများ အအေးမမိစေရန်ဂရုစိုက်ပါ။ အထူးသဖြင့် မိုးရာသီနှင့်ဆောင်းရာသီများတွင် လေတိုက်ရာ လမ်းကြောင်းရှိပါက ကာရံပေးပါ။

    ·      ဝက်ကလေး အသက် ၁ရက် မှ ၁၅ရက်အထိ လျှပ်စစ်မီးသီးဖြင့်ဖြစ်စေ၊ မီးသွေးမီးဖိုဖြင့်ဖြစ်စေ၊ အနွေးဓာတ်ကို မဖြစ်မနေ ပေးပေးပါ။

    ·      ဝက်ကလေး အသက်(၃)ရက်တွင် တကြိမ်၊ (၇)ရက်တွင်တကြိမ် သံဓာတ်အားဆေးကို ထိုးပေးပါ။ သို့မဟုတ် သံဓာတ်အားဆေးလုံးကို ဝက်ကလေး အသက်(၇)ရက်မှ (၁၀)ရက်အထိ ဝက်တကောင် ဆေး၁လုံးနှုန်းဖြင့် နေ့စဥ်တိုက်ပေးပါ။ ဆေးလုံးကို အမှုန့်ကြိတ်၊ ဆီအနည်းငယ်ထည့်ပြီး ဝက်မနို့ချချိန်တွင် ဝက်မနို့တံကို သုတ်လိမ်း ပေးပါက ဝက်ကလေးများ နို့စို့ရင်းဆေးကို သောက်မိသွားမည်ဖြစ်သည်။ (လူဆေးရောင်းသည့်ဆိုင်တွင် “ဖဲရပ်ဆာလဖိတ်ဆေး” ဟုမေးဝယ်နိုင်ပါသည်။)

    ·      ဝက်ကလေး အသက်(၁၀)ရက်ခန့်တွင် CP-950 (သို့) အလားတူအခြား ကုမ္ပဏီထုတ်အစာကို အစာ အခြောက်အတိုင်းအစာတခွက်၊ ရေတခွက်ထားကာ အနည်းဆုံးအသက် ၁လခွဲအထိ နေ့စဥ်ကျွေးပေးရမည်။

    ရက်သားဝက်ငယ်များဆိုင်ရာ အထူးသတိပြုသင့်သည့်အချက်များ

    ·      ဝက်ကလေး အသက် ၁၀ ရက်အတွင်း သံဓာတ်ပါသော ထိုးဆေးဖြစ်စေ၊ စားဆေးဖြစ်စေ မဖြစ်မနေပေးရန် လိုပါသည်။

    ·      ရက်သားဝက်ငယ်များသည် အလွန်အအေးမိလွယ်သဖြင့် အအေးမမိစေရန် အထူးဂရုစိုက်ပါ။

    ဝက်သိုးမွေးမြူခြင်း

    (၁) ဝက်သိုးသည် ခြေဆံလက်ဆံရှည်ကာ တောင့်တင်းပြီး လေးဘက်ပြည့်ရမည်။

    (၂) ဝှေးစေ့ ၂လုံးထွားကြိုင်းပြီး ညီရမည်။

    (၃) ဝက်သိုး အသက် ၄လခန့်တွင် ကြိုးဆွဲပြီး လမ်းလျှောက်ကျင့်ပေးရမည်။

    (၄) ဝက်သိုးအသက် ၈ လ ကျော်မှ စတင်သားလိုက်ပါ။

    (၅) သားစလိုက်ခါစတွင် ၂ပတ်တကြိမ်သာ သားလိုက်စေပါ။ အသက်ရလာမှ အကြိမ်တိုးပေးပါ။

    (၆) ဝက်သိုးကိုကျွေးသော အစာသည် ဇီးဝက်မကိုကျွေးသော ပုံစံအချိုးအတိုင်းစပ်ပြီး ကျွေးရမည်။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/60036

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
20
comments
0
views
2017