ရောဂါကြောင့် တိရစ္ဆာန်သေသွားတဲ့ ခြံထဲနဲ့ ခြံပတ်ဝန်းကျင်ကို ပိုးသတ်ပေးပါ။ ပြီးမှ တိရစ္ဆာန်ကို ပြန်ထည့်ပါ။
-ဝက်နဲ့ဘဲ ဥပမာပေးပြီး ပြောသွားပါမယ်။ ကျန်တဲ့တိရစ္ဆာန်တွေလည်း အတူတူပါဘဲ။
-သေသွားတဲ့ဝက်နေခဲ့တဲ့ ခြံတွင်းနဲ့ခြံပတ်ဝန်းကျင်ကို ခြံသုံးပိုးသတ်ဆေးဖြစ်စေ၊ မဖောက်ထုံးမှုန့်ဖြစ်စေ၊ တပတ်ကို (၁) ကြိမ်လောက် နဲ့ ၄ ပတ်လောက်ပိုးသတ်ပြီးမှ ဝက်ကိုပြန်ထည့်ချင်ပြန်ထည့်ပါ။ ** (၂)လ လောက်ကြာမှ ပြန်ထည့်တာ ပိုကောင်းပါတယ်။
- ဇီဝလုံခြုံရေးနဲ့ဆိုင်တဲ့အချက် (၈) ချက်ကို တခုချင်း နည်းနည်းအကျယ်ချဲ့ရှင်းပြပြီး ဖြစ်ပါတယ်။ အမှတ်စဥ်(၁) က နေ အမှတ်စဥ် (၅) အထိက တိရစ္ဆာန်တွေရောဂါမဖြစ်သေးခင်မှာ ကြိုတင်ကာကွယ်ဖို့ လုပ်ရမဲ့အချက်တွေဖြစ်ပြီး (၆) ကနေ(၈) အထိကတော့ အခန့်မသင့်လို့ရောဂါဖြစ်လာရင် ကိုယ်ခြံမှာကော၊ သူများခြံတွေမှာကော ရောဂါကူး စက်မှုအနည်းဆုံးနဲ့ သေဆုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမဲ့အချက်တွေဘဲ ဖြစ်ပါတယ်။
-ဇီဝလုံခြုံရေးဆိုတာကိုဘာလဲဆိုတာကို စတင်မိတ်ဆက်တုန်းက ရှင်းပြထားခဲ့အတိုင်းပါဘဲ ဇီဝလုံခြုံရေးဆိုတာ ရောဂါတခုခုအသံကြားမှ စလုပ်ရမှာမဟုတ်ပါဘူး၊ ဘာသံမှမကြားရ သေးခင်မှာ ကြိုတင်လုပ်ဆောင်ရမှာ ဖြစ်သလို အမြဲတမ်းလည်းလုပ်နေရမှာပါ။ ထို့အတူ ကိုယ်တယောက်ထဲလုပ်နေရုံနဲ့ မလုံလောက်ဘဲ တိရစ္ဆာန်မွေးသူတိုင်း အတူတကွ ဝိုင်းလုပ်ရမှာဖြစ်ပါတယ်။
ဇီဝလုံခြုံရေးနဲ့ပတ်သတ်ပြီး အသေးစိတ်အစ-အဆုံးကို ထွက်တိုးဆော့ဝဲလ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


NewsFeed
Communities
Explore
Inbox
Me
Market Price