cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဒီဇင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်မြို့နယ်တွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အနိမ့်ဆုံးညအပူချိန် ၁၀°C အထိကျဆင်းနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိပြုသင့်သည့်အချက်များ 

    ·          အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်ပြင်များတွင်ထူးခြားသည့်အခြေအနေဖြစ်ပေါ်မှု မရှိပါ။ 

    ·          ညအပူချိန်များ သိသိသာသာကျဆင်းလာသော်လည်း နေ့အပူချိန်များပြန်လည်မြင့်တက်လာပြီး မိုးရွာသွန်းမှုရပ်တန့်သွားတဲ့အတွက် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေက စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးပင်ရေငွေ့ပျံနှုန်း၊ မြေဆီလွှာရေငွေ့ပျံနှုန်းတွေမြင့်တက်လာပါတယ်။ 

    ·          အခြားသောပြည်နယ်တိုင်းဒေသများဖြစ်တဲ့ - ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းများမှ စိုက်ပျိုးပင်ရေငွေ့ပျံနှုန်း၊ မြေဆီလွှာရေငွေ့ပျံနှုန်းမြင့်တက်မှုသည် အသင့်အတင့်မှ မြင့်မားသောအဆင့် (Moderate to High level) မှာ ရှိနေတာကြောင့်၊ 

    တိမ်ဖြစ်ထွန်းမှုနည်းပါးချိန်များမှာ - 

    §   “မြေဆီလွှာအစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း”၊ 

    §   “ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်နေကာစများမိုးပေးခြင်း”၊ 

    §   စိုက်ပျိုးပင်များ၏ ပင်စည်/အရွက်ခြောက်သွေ့ညှိုးနွမ်းလာမှုကို သတိထားစောင့်ကြည့်ခြင်း” များကို စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ရန်လိုအပ်ပါမယ်။ 

    ·          အလယ်ပိုင်းမိုးနည်းရေရှားဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့၏ မြေဆီလွှာအထက်ပိုင်း ၄၀ စင်တီမီတာအနက် (Top Soil depth) ၏ မြေဆီလွှာခမ်းခြောက်မှုသည် ယခုတပတ်အတွင်း ၇% မှ ၉% ခန့်သာရှိကြောင်း Windy Drought Monitoring တိုင်းတာချက်မှာ တွေ့ရပါတယ်။ 

    ·          အလယ်ပိုင်းမိုးနည်းရေရှားဒေသများနှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်မှုသည် နှစ်စဉ်ဖြစ်မြဲအောက် ၉.၁ မီလီမီတာလျော့နည်းပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတိုတွင် မြေဆီလွှာအတွင်းရေဓါတ်ပါဝင်မှုသည် နှစ်စဉ်ဖြစ်မြဲအထက် ၁၀.၄ မီလီမီတာ ပိုနေပါမည်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပြီး မိုးရွာရန်မရှိပါ။ နံနက်အစောပိုင်းနှင့် ညပိုင်းမှာ မြူဆိုင်းသောအခြေအနေ(hazy-weather-conditions) ဖြစ်ပေါ်နိုင်ပါတယ်။ 

    မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်မြို့နယ်တွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အနိမ့်ဆုံးညအပူချိန် ၁၀°C အထိကျဆင်းနိုင်ပါမယ်။ 

    ·          ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက် ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div 

    ·          မန္တလေးတိုင်းအတွင်းမှာ မြောက်ဘက်နှင့် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST) တနာရီ ၁၅ မိုင်နှုန်းခန့်အထိရှိနိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% မှ ၁၀၀% အထိရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၂၉°C အထိရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၂% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၁% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်း မိတ္ထီလာခရိုင်အတွင်းကဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၂၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၄% ခန့် ရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၅၅ အထိသာရှိနေနိုင်တာကြောင့် စိုးရိမ်ရန်မလိုပါ။ 

    ယခုတပတ်အတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 5 to 6 ပတ်ဝန်းကျင် (HIGH) တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန် အပြင်ထွက်သည့်အခါ အန္တရာယ်များသည့်အဆင့်မဟုတ်သော်လည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်၍ ထွက်သင့်ပါတယ်။  

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးကန်များ ငါးသန်းကျရောက်ခြင်းမှ ကာကွယ်နည်း 

    - ငါးသန်း (သိုမဟုတ်)ရေသန်းများကျရောက်ပါက ဓါတု ဆေးဝါးများကိုမသုံးစွဲရန် အကြံပြုပါသည်။ သဘာဝနညးဖြင့် ဆောင်ရွက်ပါက အလျှင်အမြန်ပျောက်ကင်းနိုင်ပါ သဖြင့် အောက်ပါနည်းလမ်းများအားတင်ပြအပ်ပါသည်။ 

    - ရေသန်းများရှိသောကန်ထဲသို့ ဝါးခြမ်းပြားများ နေရာအနှံ့ချထားပေးပါ။ ရေသန်းများသည် ဝါးခြမ်းပြား တွင် တွယ်ကပ်နေပါမည်။ နောက်တနေ့ အဆိုပါ ဝါးခြမ်းများကို ကန်ထဲမှ ဆယ်ယူပြီး နေပူပူတွင် လှန်း ထားပေးပါ 

    - ရေသန်းရှိသော ကန်ရေများကို မိမိကန်သို့ မဝင်ရောက်စေရန် တာဆီးပေးပါ။ ရေသန်းရှိသောကန်မှပစ္စည်းများကို ယူဆောင် သုံးစွဲပါက နေပူပူတွင် ခြောက်သွေ့အောင်နေလှန်းပြီမှ သုံးစွဲပါရန် အကြံပြုပါသည်။ 

    - ရေသန်းတွေ့ရှိသည်မှချက်ချင်းဆောင်ရွက်ပါ။ချက်ချင်းမဆောင်ရွက်ပါက ဆိုးကျိုးကိုဖြစ်ပေါ်စေပါလိမ့် မည်။ 

    -------------  

      ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download    

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
7
comments
0
views
2364