cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရာသီဥတုနှင့်လိုက်လျှောညီထွေဖြစ်စေရန် ငါးမွေးမြူနည်း အလေ့အကျင့်

. Fish Articles
ငါးမွေးတောင်သူများအား ပြောင်းလဲလာသောရာသီဉတုနှင့် လိုက်လျှောညီထွေဖြစ်စေရန် ငါးမွေးမြူရေး အလေ့အကျင့်များပြောင်းလဲသင့်ပါကြောင်း အကြံပြုခဲ့ပါသည်။
  • လက်ရှိ ငါးမွေးမြူသောနေသော တောင်သူများ သည် ငါးမျိုးစိတ် တမျိုးတည်းကိုသာ ဉီးစားပေးမွေးမြူကြပါသည်။ အချို့တောင်သူများသည် ငါးမျိုးစိတ်တမျိုး အပြင် ဝဈးကွက်ကောင်းသော ငါးမျိုးစိတ်ကို ထည့်သွင်းမွေးမြူကြပါသည်။ ဉပမာအားဖြင့် ငါးမျစ်ချင်းအဓိက ထားမွေးသောငါးမွေးတောင်သူသည် ငါးကြင်းမျိုးစိတ်ကို ထည့်သွင်းမွေးမြူကြသည်။ ငါးများ၏နေထိုင်စား သောက်ပုံသဘာဝအရ ငါးမျစ်ချင်းသည်ရေလယ်တွင်ကျက်စားပြီး၊ ငါးကြင်းသည် ကန်အောက်ခြေတွင်ကျက်စား နေထိုင်သဖြင့် မှန်ကန်သောစနစ်တခုဟုသတ်မှတ်နိုင်ပါသည်။

    အဆိုပါ ငါးမျိုးများရော‌နှောမွေးမြူခြင်းသည် မွေးမြူရေးစနစ်မှန်ကန်သော်လည်း ၊ပြန်လည်ဖမ်းဆီးရမည့် အချိန်သည် အနည်းဆုံ (၁၈)လ အချိန်ပေးရပါမည်။ ရာသီဉတုဖောက်ပြန်ပြောင်းလဲခြင်းသည် တနှစ်ထက်တနှစ် ပုံမှန် မဟုတ်သဖြင့် ပထမတနှစ်တွင် ပုံမှန်ရာသီမှ ဒုတိယနှစ်တွင် မိုးများခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အအေးလွန် ကဲခြင်းများအပြင် မုန်တိုင်းကျခြင်းများရှိလာပါက လုပ်ငန်းအားလုံးထိခိုက်ဆုံးရှုံးနိုင်ပါသည်။

    ထို့ကြောင့်ငါးမွေးတောင်သူများယခင်ကကျင့်သုံးနေသော ငါးမွေးမြူရေးစနစ် တွင် အချိန်တိုအတွင်း (တနည်း) တနှစ်အချိန် (၈)လအချိန်တွင် ပြန်လည်ဖမ်းယူနိုင်သောငါးမျိုးစိတ်များကိုထည့်သွင်းမွေးမြူစေလို ကြောင်းအကြံပြုအပ်ပါသည်။ ယခင်မွေးမြူနေကျ ငါးမျစ်ချင်း ၊ငါးကြင်း အပြင် ငါးခေါင်းပွ၊ ငါးခုံးမကြီး ၊ရွှေဝါ ငါးကြင်း နှင့် ငါးခူ ငါးများကို ထည့်သွင်းမွေးမြူပါက ၊ တနှစ်အချိန်ကာလတွင် အဆိုပါ ငါးများပြန်လည်ဖမ်းယူ နိုင်ပါသည်။

    အဆိုပါ ငါးများပြန်လည်ဖမ်းယူပြီး နောက် ၊မိမိတို့ဖမ်းယူပြီးသော ငါးမျိုးစိတ်များကို ပြန်လည်ထည့် သွင်းမွေးနိုင်ပါသည်။ ပြန်လည် ထည့်သွင်းမွေးမြူမည့် ငါးအရွယ်အစားသည် အနည်းဆုံး

    (၆)လက်မအရွယ်ငါးများ ဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။ ဒုတိယနှစ်ကုန်တွင် ငါးကန် တစ်ကန်လုံးအပြီးအသတ် ဖော်လိုက်ပါက၊ မူလအ ရင်းခံမွေးထားသော ငါးမျစ်ချင်းနှင့် ငါးကြင်းအပြင် ငါးခေါင်းပွ၊ ငါးခုံးမ၊ ရွှေဝါငါးကြင် နှင့် ငါးခူငါးတို့ဒုတိယအကြိမ် ပြန်လည် ရရှိနိုင်ပါသည်။ အဆိုပါ စနစ်သည် ကန်တစ်ကန်တည်းမှပင် ကုန်ထုတ်လုပ်မှု့မြင့်မားလာသည်ကိုတွေ့ ရှိရပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
5
comments
0
views
1535