cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဒီဇင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်း(မူဆယ်/လားရှိုးမြို့များ)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၅°C အထိကျဆင်းနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    · အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်ပြင်များတွင် ထူးခြားသည့်အခြေအနေ (လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း) ဖြစ်ပေါ်မှု/ဖြစ်ပေါ်ရန် မရှိပါ။ ကမ္ဘာတောင်ဘက်ခြမ်း၊ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ အပူပိုင်း NINE ဖြစ်ပေါ်လျှက်ရှိပါတယ်။ 

    · ကချင်ပြည်နယ်မြောက်ဘက်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အနောက်/အနောက်တောင်ဘက်မှ မဒိန်း၊ ထအွန်းဒမ်း၊ ဒဇွန်းဒမ်း၊ ဂဝိုင် ဒေသများနှင့် ပူတာအိုအနောက်မြောက်ဘက် “ဖွန်ဂန်ရေခဲတောင်”အသွားလမ်းမှ ဇီယာဒန်းကျေးရွာတို့တွင် ယခုတပတ်အတွင်း မိုးရေချိန်စုစုပေါင်း ၁.၂ လက်မခန့် ရွာသွန်းနိုင်သည်မှအပ ကျန်ဒေသများတွင် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    · ရှမ်းပြည်နယ်တခုလုံးတွင် ယခုတပတ်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    · ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်း(မူဆယ်/လားရှိုးမြို့များ)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၅°C အထိကျဆင်းနိုင်ပါတယ်။ 

    · ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၈°C အထိရှိနိုင်ပါတယ်။ 

    · ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၂°C ခန့် ရှိနိုင်ပါတယ်။ ကျိုင်းတုံမြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၈°C ရှိနိုင်ပါတယ်။ 

    · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၃ မိုင်မှ GUST ၂၀ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    · ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% ရှိနိုင်ပါတယ်။ 

    · ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၃၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ 

    · နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန်အမြင့်ဆုံး (Feels Like Temperature) က ၂၇°C ခန့်ရှိနေနိုင်ပါမယ်။ 

    · ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၆% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၃၀% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၇% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့ရဲ့ မြေဆီလွှာတွင်ရေဓါတ်ပါဝင်နှုန်း သည် နှစ်စဉ်ဖြစ်မြဲအောက် 15mm ခန့် လျော့နည်းနေနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေဆီလွှာတွင်ရေဓါတ်ပါဝင်နှုန်း သည် နှစ်စဉ်ဖြစ်မြဲအထက် 3mm ခန့် မြင့်နိုင်ပါတယ်။ 

    · ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 53 ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 90 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နယ်စပ်အနီးမှ မူဆယ်နှင့် မိုင်းယုမှာ 33 ရှိနိုင်ပြီး ရှမ်းပြည်နယ်တခုလုံးတွင် အန္တရာယ်ရှိနိုင်သည့်လေထုညစ်ညမ်းမှုအဆင့်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအနေဖြင့် စိန်ကွက်ဖလံပိုး ကြိုတင်ကာကွယ်နိုင်စေရန် အကြံပြုချက် 

    မုန်ညင်း/မုန်လာများတွင် စိန်ကွက်ဖလံ ပိုးကျရောက်ပါက လောက်ကောင်အဆင့်မှာ အရွက်၏ အပြင် ပိုင်းအလွှာတို့ကို စားသုံးပြီး သေးငယ်သောအပေါက်ငယ်တွေ ဖြစ်ပေါ်လာပါသည်။ လောက်ကောင်ကြီး လာသည်နှင့်အမျှ ပိုကြီးမားတဲ့ အပေါက်တွေ ဖြစ်လာစေကာ အရည်အသွေးကျဆင်းပြီး ရောင်းတန်း မဝင်ခြင်းများဖြစ်ပေါ်စေပါသည်။ စိန်ကွက်ဖလံပိုးကို ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -  

    • နိုက်ထရိုဂျင်(ပုလဲ) ပမာဏ အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ပါ။ 
    • ပိုးကျနေသော အရွက်များကို ဖယ်ရှားပါ။  
    • ခိုအောင်းရာပေါင်းမြက်များအားဖယ်ရှားရှင်းလင်းပေးပါ။ 
    • ဓာတုဆေးများဖြင့် ကာကွယ်နှိမ်နင်းလိုပါက Emamectin Benzorate Lambda cyhalothrin  
    • Indoxacarb၊ Cypermethrin ကဲ့သို့သောဆေးအဆိပ်များပါဝင်သည့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြု၍နှိမ်နင်းနိုင်ပါသည်။ 

    ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်း အကြံပြုချက်   

     ငါးများ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဖြစ်ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေး နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်စေပါသည်။ ထိုအချိန် ငါးများတွင် ရောဂါဝင်ရောက်မှု လွယ်ကူစေပါသည်။   

     ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ-    

    (၁) ရောဂါပိုး    

    (၂) လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင်    

    (၃) ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။    

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

     -----------         

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
1688