ပဲစိမ်းစားဥကြိုက်နှစ်သက်သူများ သိထားသင့်သော အချက်များ.....
ပဲစိမ်းစားဥနှင့်တွဲဖက်မစားသင့်သောအစားအစာများ...
- (၁) စိမ်းစားဥနှင့်နို့၊ ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊ ရှောက်သီးတို့ဖြင့် တွဲ၍မစားသင့်ပါ အော့အန်တတ်သည်။
- (၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကျပ်စေပါသည်။
- (၃) စိမ်းစားဥထဲတွင် ကြေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လည်း လိုအပ်သည်ထက် ပိုစားမိပါက လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုများ မျှတရုံသာစားပေးသင့်သည်။
- (၄) သဘာဝအရ မြေကြီးထဲတွင်ဥ ဥလေ့ရှိသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက ရေစင်စင်ဆေးပြီးမှသာ စားသုံးသင့်သည်။
ပဲစိမ်းစားဥ စားသုံးသင့်သည့်အကြောင်းအရာများ
- သင့်တင့်မျှတသော ပမာဏစားသုံးပေးခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါသည် များကို ဘေးဥပဒ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။
- ဗီတာမင်စီလုံလောက်စွာ ပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသော ကူးစက်နာရာသီဖျားများ အပြင် အထူးသဖြင့် ကလေးငယ်များ ပန်းနာရင်ကျပ်ရောဂါကို လျော့ပါးသက်သာ လာစေနိုင်ပါသည်။
- စိမ်းစားဥထဲတွင် ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အစွမ်းထက်စေကာ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေသော ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။
- ကယ်လိုရီ လုံးဝမပါရှိသော စိမ်းစားဥကို စားပေးခြင်းဖြင့် ကိုလက်စထရောပမာဏကို မျှတစေကာ နှလုံးရောဂါများအပြင် နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလည်း မဖြစ်စေပါ။
- စိမ်းစားဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ ကျန်းမာ သန်စွမ်းစေပါသည်။
စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်စစ်တစ်မျိုး ပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံးဝမစားသော သူများထက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်စေကြောင်း WHFoods မှ အတည်ပြုထားပါသည့်အတွက် စားသုံးရန်အကောင်းဆုံး ရာသီစာတစ်မျိုးပင်ဖြစ်ပေသည်။
မှတ်ချက် ** တွဲဖက်မစားသင့်တာလေးတွေ သတိပြုပေးပါ။**
Myawady သတင်းဆောင်းပါးမှ ကူးယူဖော်ပြသည်။
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price