cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း - ဒီဇင်ဘာ ၂၂ ရက် မှ ဒီဇင်ဘာ ၂၈ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. Weather News
အပူပိုင်းမုန်တိုင်း NINE ကြောင့် ဖြစ်ပေါ်သောလေပူစီးကြောင်းတိမ်များ(Convective Clouds) သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအထိသာ ရောက်ရှိနိုင်တာကြောင့် မြန်မာနိုင်ငံအပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်နောက်ပိုင်းမှစတင်၍ တိမ်လုံးဝကင်းစင်လာပြီးနောက် မြောက်လေအေးများဆက်လက်တိုးဝင်ကာ ည/နံနက်အစောပိုင်းအပူချိန်များ ဆက်လက်ကျဆင်း၍ အအေးပိုလာနိုင်ပါမယ်။
  • ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်နိုင်သည့်အခြေအနေမရှိပါ 

    ·          ကမ္ဘာ့တောင်ဘက်ခြမ်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း NINE သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြျု့အနောက်တောင်ဘက် မိုင် ၄၅၀ ခန့်တွင် ဗဟိုပြုနေပြီး၊ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ မုန်တိုင်း NINE သည် ကမ္ဘာ့မြောက်ဘက်ခြမ်းသို့ သက်ရောက်နိုင်ခြင်း မရှိပါ။ 

    ·          အပူပိုင်းမုန်တိုင်း NINE ကြောင့် ဖြစ်ပေါ်သောလေပူစီးကြောင်းတိမ်များ(Convective Clouds) သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအထိသာ ရောက်ရှိနိုင်တာကြောင့် မြန်မာနိုင်ငံအပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်နောက်ပိုင်းမှစတင်၍ တိမ်လုံးဝကင်းစင်လာပြီးနောက် မြောက်လေအေးများဆက်လက်တိုးဝင်ကာ ည/နံနက်အစောပိုင်းအပူချိန်များ ဆက်လက်ကျဆင်း၍ အအေးပိုလာနိုင်ပါမယ်။ 

    ဒီဇင်ဘာ ၂၂ ရက် မှ ဒီဇင်ဘာ ၂၈ ရက်အထိ ရန်ကုန်တိုင်းအတွင်း မိုးလေဝသအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၆ ရက်နေ့များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး မိုးရွာရန်မရှိပါ။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပြီး၊ အနိမ့်ဆုံးအပူချိန် ၂၀°C အောက်မှာ ဆက်ရှိပြီး အေးနေပါဦးမယ်။ 

    ·          နေ့လည်ပိုင်းအချိန်များမှာ ခံစားရသည့်အပူချိန် (Feels-Like or Apparent Temperature) ၃၃°C ခန့် ရှိနိုင်ပါမယ်။ 

    ·          နံနက်နှင့် ညနေပိုင်း၊ ညပိုင်းအချိန်များတွင် လေထုစိုထိုင်းဆ အမြင့်ဆုံး ၈၀% ရှိနိုင်ပြီး နေ့လည်နေ့ခင်းအချိန်များမှာ လေထုစိုထထိုင်းဆအနိမ့်ဆုံး ၃၀% မှ ၄၀% ခန့် ရှိနိုင်ပါမယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်းသည် စက်မှုဇုန်ဧရိယာများအနီးနှင့် ရန်ကုန်မြို့လယ်မှမြို့နယ်များတွင် ဒီဇင်ဘာလ လကုန်ရက်များအထိ ၁၅၀ မှ ၁၇၀ အထိရှိနိုင်ပြီး ကျန်းမာရေးချို့တဲ့သူများသတိထားရမည့် လေထုညစ်ညမ်းမှုအခြေအနေဖြစ်ပါတယ်။ 

     Win Naing 

    Administration Team, 

    MMWEATHER,  

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများထံသို့

    ငမြောင်တောင်ကာကွယ်နှိမ်နင်းနည်း နှင့် ရွက်ဖျန်းအားဆေးအသုံးပြုနည်းအကြံပြုချက်

    • ငမြောင်တောင် အစုလိုက်အပြုံလိုက်ကျနေတဲ့ အရွက်တွေကိုတစ်ခါတည်းဖြတ်ပြီး ကြွပ်ကြွပ်အိတ်ထဲထည့်လာခဲ့ပါ၊ စိုက်ခင်းထဲမှာ မထားခဲ့ပါနဲ့။
    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေကို အလွန်အကျွံမသုံးပါနဲ့။
    • ငမြောင်တောင်အတွက် ရွေးချယ်နိုင်သောဓာတုပိုးသတ်ဆေးများ- Emamectin benzoate, Lambda cyhalothrin, Indoxacarb, Chlorantraniliprole, Flubendiamide, Spinosad
    • ပဲပင် အဖူးအပွင့်ဝင်နေပြီဆိုပါက ဖော့စ်ဖရပ်စ်(P)+ ပိုတက်စီယမ် (K) အပြင် Mepiquat chloride ပါဝင်သောတဲ့ရွက်ဖျန်းအားဆေးမျိုးကို အဓိကရွေးချယ်အသုံးပြုနိုင်ပါတယ်။

    ရွှေဝါငါးကြင်းမွေးမြူသူများထံ အကြံပြုချက်  

    ရွှေဝါငါးကြင်းသည် ကြီးထွားနှုန်းမြန်သော ငါးမျိုးဖြစ်ပါသည်။ တနှစ်သားအရွယ်ရောက်လျှင် မျိုးပွားနိုင်သော အခြေအနေတွင်ရှိပါသည်။ ရွှေဝါငါးကြင်းကို ဆေးထိုး သားဖောက်ပြုလုပ်နိုင်သလို၊ သဘာဝအလျှောက်လည်း မျိုးပွားနိုင်သည်။ သဘာဝအလျှောက် ဥချ သားပေါက်နိုင်ရန် ပြုပြင်ဆောင်ရွက်ပေးရပါမည်။ နှစ်စဉ် အေးသောအချိန်လများတွင် ရွှေဝါငါးကြင်းသားပေါက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။  

    ထို့ကြောင့် ဒီဇင်ဘာလမှ ဇန်နဝါရီအတွင်း သဘာဝအလျှောက် သားပေါက်ခြင်းသည် အကောင်းဆုံးအချိန်ဖြစ်ပါသည်။  

    -------------  

      ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download    

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
7
comments
0
views
1958