cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
ပို့ကုန်ပဲ ဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံနီ စျေးပြန်ကျသလို ပြည်တွင်းစားသုံးမှု ပဲဖြစ်တဲ့ ကုလားပဲ နဲ့ ပဲကြီးလည်းစျေးကျကာ ပြောင်းဆံကတော့ စျေးတက်လာပါတယ်။
  • မတ်ပဲ 

    စျေးဆက်တိုက် တက်လာခဲ့တဲ့ မတ်ပဲက ယခုတစ်ပတ်မှာတော့ တစ်တန်ကို ၇၀၀၀၀ ကျပ်လောက် ပြန်ကျလာတာဖြစ်ပါတယ်။ မတ်ပဲက ပြည်ပ တင်ပို့မှု ရှိနေပေမယ့်လည်း မတ်ပဲ အသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှု များတဲ့အတွက် စျေးကွက် ပြန်အေးတာ ဖြစ်တယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၇၄၇၀၀၀ ၊ အင်္ဂါနေ့ မှာ ၂၇၄၂၀၀၀ ၊ ဗုဒ္ဓဟူး မှာ ၂၇၃၆၀၀၀ နဲ့  ကြာသပတေးမှာ ၂၇၂၇၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။

    နယ်မတ်ပဲစျေးကွက်မှာလည်း မတ်ပဲစျေး ပြန်ကျ လာပြီး ပိဿာ ၂၀ တစ်တင်းကို ၈၆၀၀၀ ကျပ် ရှိကာ တစ်တင်းကို ၁၅၀၀ ကျပ် ပြန်ကျသွား တယ်လို့ သိရပါတယ်။အရင်အပတ်က လည်း မတ်ပဲ FAQ တစ်တန်ကို ၂၇၃၆၀၀၀ မှ အမြင့်ဆုံး ၂၈၀၁၀၀၀ ကျပ် အထိရှိခဲ့ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံနီက အခုတစ်ပတ်မှာ စျေးနှုန်းကျရိပ်ပြပေမယ့် တစ်တန်ကို ၂၆ သိန်း အထက်မှာပဲ ဆက်ရှိ နေပါသေးတယ်။  အရင်တစ်ပတ် နဲ့ယှဥ်ရင်တော့ တစ်တန် ကို ၅၀၀၀၀ မှ ၇၀၀၀၀ လောက် စျေးပြန်ကျ တာဖြစ်ပါတယ်။ စျေးကျပေမယ့် စျေးကွက်ထဲကို  ပဲအသစ်တွေ ဝင်ရောက်မှု ရှိနေပြီး အရောင်းအဝယ် ကောင်းတယ်လို့သိရပါတယ်။ ပွဲရုံတွေ ၊ကုန်သည်တွေက တော့ ပုံမှန် အဝယ်ရှိနေ ပါတယ် ။  

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တင်္နလာနေ့က ၂၅၆၀၀၀၀ ၊ င်္အဂါနေ့မှာ ၂၆၀၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၆၀၅၀၀၀ နှင့် ကြာသပတေးနေ့မှာ ၂၆၂၅၀၀၀ ကျပ် စျေးရှိပါတယ်။အရင်တစ်ပတ်က တင်္နလာနေ့ကနေ သောကြာနေ့ အတွင်း  ပဲစင်းငုံနီတစ်တန်ကို ၂၅၃၀၀၀၀ မှ ၂၆၇၅၀၀၀ ကျပ်သာ ရှိခဲ့ ပါတယ်။ 

    ကုလားပဲ

    ကုလားပဲ ကတော့ အကျစျေးမှာ ငြိမ်နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ ဒုတိယ ပတ်ကစပြီး စျေးပြန်ကျသွားတာ ဖြစ်ပါတယ်။ စျေးကွက်ထဲကို ကုလားပဲ အသစ်တွေ ဝင်ရောက်မှုရှိနေပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှု နည်းပြီး ပြည်တွင်းစားသုံးမှုက အဓိက ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်တွင်းဝယ်လိုအား ကောင်းပါက စျေးနှုန်းမြင့်တက် လေ့ရှိပြီး ရောင်းလိုအားများပြီး ဝယ်လိုအား နည်းပါက စျေးကျလေ့ရှိတယ်လို့ သိရပါတယ်။ 

    မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ v2 တစ်အိတ်ကို ၂၃၅၀၀၀ ကျပ်ရှိပြီး ကုလားပဲ v7 က ၂၂၃၀၀၀ မှ ၂၂၅၀၀၀ ကျပ်ရှိပါတယ်။ ကုလားပဲ ထိုင်ဝမ်က ၂၂၀၀၀၀ မှ ၂၂၂၀၀၀ ကျပ်ရှိပြီး ကုလားပဲ 929 က ၂၃၅၀၀၀ မှ ၂၃၇၀၀၀ ကျပ် ရှိပါတယ်။

    ပြောင်း

    ပြောင်းဆံကတော့ ဒီဇင်ဘာ တတိယပတ်မှာ စျေးနှုန်း ထပ်တက်လာပါတယ်။ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့မယ့် ကာလ နီးကပ်လာတဲ့ အတွက် ဝယ်လိုအား ကောင်းတာကြောင့် စျေးနှုန်း တက်လာတာ ဖြစ်ပါတယ်။ စျေးကွက်ထဲမှာ ပြောင်း အရည်အသွေးကောင်းပြီး အစိုဓာတ် ၁၅ ရာခိုင်နှုန်း ရှိတဲ့ ပြောင်းဆံတွေ ဝယ်လိုအားရှိပြီး စျေးမြင့်နေတာ ဖြစ်ပါတယ်။

    လက်ရှိ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်း တစ်ပိဿာကို ၁၄၅၀ မှ ၁၄၇၀ ကျပ်အတွင်းရှိပြီး အရင်အပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို ၁၀ ကျပ်အတက်ပြလာတာ ဖြစ်ပါတယ်။

    ပဲကြီး 

    ပဲကြီးကတော့ စျေးဆက်တိုက် ပြန်ကျလာတာတွေ့ရ ပါတယ်။စျေးကွက်ထဲကို ပဲအသစ်တွေ ဝင်ရောက်မှု များလာတဲ့အတွက် စျေးနှုန်း အကျဘက်ကို ပြန်ဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ပဲကြီးကလည်းကုလားပဲ နည်းတူ  ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်း ဝယ်လိုအား နည်းပြီး ရောင်းလိုအား များနေပါက စျေးကျလေ့ရှိပါတယ်။ 

    မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီး ( က) ၅၅.၂၅ ပိဿာကို ၅၈၀၀၀၀ မှ ၆၀၀၀၀၀ ကျပ်ရှိပြီး ပဲကြီး ( လ) က ၅၀၀၀၀၀ မှ ၅၃၀၀၀၀ ကျပ်ရှိပါတယ်။ ပဲကြီး (သ) ကတော့ ၄၃၀၀၀၀ မှ ၄၅၀၀၀၀ ကျပ်သာရှိပါတယ် ။ပဲကြီး တစ်အိတ်ကို ၅၀၀၀၀ ကျပ်လောက်အထိ စျေးပြန်ကျသွားတာ ဖြစ်ပါတယ်။

    AMIA  (၁၅. ၁၂.၂၀၂၅ မှ ၁၉. ၁၂. ၂၀၂၅)

     ----------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
1348