ကြက်ငှက်တုပ်ကွေးရောဂါ
· အလွန်ပြင်းသောဗိုင်းရပ်(စ) တမျိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။
· ကြက်တွင်သာမက ငှက်များ၊ဘဲများ၊တွင်လည်းဖြစ်တတ်သည်။
ရောဂါလက္ခဏာများ
· ရုတ်တရက်သေဆုံးခြင်း၊မှိုင်ကုပ်ခြင်း၊ အသက်ရှုခက်ခြင်း၊ ချွဲသံကြားခြင်း၊ ဝမ်းသွားခြင်း၊ စသည်ဖြင့်ရောဂါ လက္ခဏာများသည် လည်လိမ်ရောဂါနှင့်အလွန်ဆင်တူပါသည်။ရုတ်တရက် ခွဲခြားရအလွန်ခက်ခဲပါသည်။
· အနည်းငယ်ကွာခြားချက်မှာ-ကြက်ငှက်တုပ်ကွေးဖြစ်သော ကြက်သည်မျက်နှာအနည်းငယ်ယောင်ပီး ပြာနှမ်းနေခြင်း-(ခေါင်းအနည်းငယ်ကြီးသည့်ပုံစံဖြစ်တတ်ခြင်း)၊ ကြက်အချို့၏ခြေထောက်တွင်သွေးစက် များတွေ့ရခြင်းဖြစ်သည်။
ကုသခြင်း
· ကြက်ငှက်တုပ်ကွေးသည်လည်း ရောဂါဖြစ်ခြင်းကိုသိခြင်းစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဖြစ်ပီ ဆိုပါက ကုသ၍မရနိုင်ပါ။
ကာကွယ်ခြင်း
· ကာကွယ်ဆေး ရှိသော်လည်းအသုံးပြု၍မရသေးပါ။
· ဇီဝလုံခြုံရေးစံနစ် ဖြင့်သာကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
လူသို့ကူးစက်ခြင်း
· လူသို့ကူးစက်ပါသည်။ ရောဂါဖြစ်သည့်ကြက်ခြံမှလေကို ရှုမိခြင်း၊ ကြက်သားကိုကြက်အောင်မချက်ဘဲစား ခြင်းတို့ကြောင့်လူသို့ကူးစက်ကာသေနိုင်သည်အထိအန္တရာယ်ရှိသဖြင့်လုံးဝမစားသင့်ပါ။
· ရောဂါဖြစ်သည့်ကြက်များ၊ ရောဂါမဖြစ်သေးသည့်ကြက်များ အားလုံးကိုသတ်ပီး မြေမြုပ်ရမည်။ ကျေးရွာ အာဏာပိုင်၊ကျန်းမာရေးဌာန၊ မွေးကု ဦးစီး သို့ ချက်ခြင်းအကြောင်းကြားရမည်။
ကျေးရွာများတွင် အုပ်လိုက်သေနိုင်သောရောဂါများ ( အရပ်အခေါ်-ကြက်နာကျရောဂါ) ၂ မျိုးသာရှိသော်လည်း လည်လိမ်ရောဂါဖြစ်သည်ကိုမသိသဖြင့် စားမိပါက ပြသနာသိပ်မရှိသော်လည်း ကြက်ငှက်တုပ်ကွေး ဖြစ်သော ကြက်များကို စားမိပါက အလွန်အန္တရာယ်ကြီးမားသဖြင့် ကျေးရွာများတွင် ကြက်များအုပ်လိုက်ရောဂါဖြစ်ပီး သေ နေပါက မည်သည့်ရောဂါဖြစ်သည်ကို ခွဲခြားနိုင်ရန်လိုအပ်ပါသည်။
----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/60106
ကြက်လည်လိမ်ရောဂါအကြောင်း သိကောင်းစရာ - https://htwettoe.com/post/59985
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483



NewsFeed
Communities
Explore
Inbox
Me
Market Price