cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြံမှိုနှံရောဂါ

. Diseases
ကြံသီးနှံ တစ်မျိုးတည်း ဆတ်တိုက် စိုက်ပျိုးခြင်း ၊ ကြံပင် လမိုင်းဆတ်တိုက်ထားခြင်း နှင့် ကြံပင်ပွားထွက်သည့် အချိန် ရေငတ်ဒဏ်ခံရပါက ရောဂါ ကျရောက်နိုင်ခြေ ပိုများပါသည်။
  • ပင်ပြလက္ခဏာ 

    ကြံပင်သက်တမ်း(၆၀-၁၂၀)ရက်သားတွင် ကျရောက်တတ်သည်။ ရောဂါရ ကြံပင်၏ ကြီးထွားမှတ်နေရာ မှ အမည်းရောင်စပိုးများဖုံးအုပ်ထားသော ကြာပွတ်ပုံစံအမည်းချောင်းများထွက်လာခြင်း ကြံပင် အရပ်ပု ခြင်း ၊ ဘေးတက်များထွက်လာခြင်း၊ ကြံဆစ်များတိုလာခြင်း၊ ရွက်ပြားကျဉ်း၍ အရွက်များ ထောင်ထွက် လာခြင်းများတွေ့ရပါသည်။ အစောပိုင်းတွင် စပိုးများသည် ငွေရောင် တောက်ပပြီး ပါးလွှာသည့် အမြှေးပါးအောက်တွင် ရှိသည်။ အမြှေးပါးပေါက်ကွဲချိန်တွင် အညိုရောင် နှင့်  အမည်းရောင် မှိုစပိုးလုံးများသည် လေနှင့်အတူ လွင့်ပါပြီး တခြားကြံပင်များ နှင့် မြေကြီးပေါ်တွင် ပျံ့နှံ့နိုင်ပါသည်။  

    ရောဂါပျံ့နှံ့ပုံ  

    ကြံမှိုနှံရောဂါသည် တစ်နှစ်မှတစ်နှစ်သို့ ကူးစက်နေခြင်းမှာ ရောဂါကူးစက်ထားသော ကြံပင်လမိုင်းများ  သို့မဟုတ် စိုက်ပျိုးရန် အသုံးပြုသော ကြံမျိုးပိုင်းများ အတွင်းရှိ ရောဂါဖြစ်စေသော မှိုမျှင် နှင့် မြေထဲတွင်ရှိသော စပိုးများ ကြောင့် ဖြစ်သည်။ ရောဂါ၏ အဓိကကူးစက်မှု (primary transmission) သည် ရောဂါပါဝင်နေသော ကြံမျိုးပိုင်းများ မှတစ်ဆင့် ဖြစ်ပေါ်ပြီး၊ ဒုတိယကူးစက်မှု (secondary transmission) သည် လေဖြင့်ပျံ့နှံ့လာသော စပိုးများ မှတစ်ဆင့် ဖြစ်ပေါ်သည်။မြေပေါ် သို့မဟုတ် မြေအတွင်း၌ ရှိနေသော ရောဂါဖြစ်စေသည့် မှိုစပိုးများ (smutted spores) ကို မိုးရေ၊ သွင်းရေ စသည်တို့ဖြင့် တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့စေနိုင်ပြီး၊ ထိုကဲ့သို့ ပျံ့နှံ့လာသော စပိုးများကြောင့် အပင်အသစ်များတွင်လည်း ကူးစက်နိုင်ပါသည်။ ကြံသီးနှံ တစ်မျိုးတည်း ဆတ်တိုက် စိုက်ပျိုးခြင်း ၊ ကြံပင် လမိုင်းဆတ်တိုက်ထားခြင်း နှင့် ကြံပင်ပွားထွက်သည့် အချိန် ရေငတ်ဒဏ်ခံရပါက ရောဂါ ကျရောက်နိုင်ခြေ ပိုများပါသည်။  

    ကာကွယ်နှိမ်နင်းနည်း 

    • ရောဂါဒဏ်ခံနိုင်ရည်ရှိကြံမျိုးများစိုက်ပျိုးပါ။ 
    • ရောဂါကျရောက်ထားသော အပင်မှ မျိုးပိုင်းများအား အသုံးမပြုရပါ။ 
    • ရောဂါကျ အပင် နှင့် ပင်ကြွင်းပင်ကျန် များအား မီးရှို့ဖျက်စီးပါ။ 
    • ရောဂါကျနေသော အခင်းတွင် ကြံလမိုင်း ထားခြင်းအား ရှောင်ကြဉ်ပါ။ 
    • ကနဦး ရောဂါကျရောက်မှုကို ကာကွယ်ရန် ကြံမျိုး ပိုင်းများအား ရေနွေးပူ (၅၀)°C တွင် (၂-၃)နာရီစိမ်၍စိုက်ပျိုးပါ။ 
    • ကော့ပါးအောက်ဆီ ကလိုရိုက် (၈၅)ဒဗလျူပီ (သို့မဟုတ်)  ဟက်ဇာကိုနာဇိုး (၅)အက်စ်စီ  ဆေးများအား အညွှန်းအတိုင်း (၇-၁၀) ရက်ခြားတစ်ကြိမ်ဖြင့်တစ်ဧကလျှင်ဆေး(၁၀-၁၂)ပုံးအား အပင်ငယ်စဉ်တွင်ပက်ဖျန်းပါ။ 

    စိုက်ပျိုးရေးဦးစီးဌာန မှ မှီငြမ်းကိုးကားဖော်ပြပါသည်။ 

    ---------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
6
comments
0
views
1838