cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း - ဒီဇင်ဘာ ၂၄ ရက် မှ ဒီဇင်ဘာ ၃၀ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. Weather News
မကွေးတိုင်းအလယ်ပိုင်း ဧရာဝတီမြစ်အနီးဒေသများ၊ ရခိုင်ရိုးမတောင်ကြောနှင့်နီးကပ်သည့်အနောက်ဘက်နှင့်မြောက်ဘက်ဒေသများမှာ နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းနိုင်ပြီး မြူထူထပ်စွာကျဆင်းနိုင်သည့်အခြေအနေကို မရောက်သေးပါ။ မကွေးတိုင်းမြောက်ပိုင်းဒေသများ(ဂန့်ဂေါ၊ ထီးလင်း မြို့နယ်များ) အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၃°C အထိ ကျဆင်းနိုင်ပါတယ်။
  • အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့အနောက်တောင်ဘက် မိုင် ၇၀၀ ခန့်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်း NINE သည် ဆိုင်ကလုန်းမုန်တိုင်း GRANT ဖြစ်လာပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာ CATEGORY-1 ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားပိုကောင်းလာနိုင်ကာ အနောက်-အနောက်တောင်ဘက်သို့ဦးတည်၍ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းပင်လယ်ပြင်မှာသာဆက်လက်ရွေ့လျားနိုင်ပါတယ်။ 

    ·          ဆိုင်ကလုန်းမုန်တိုင်း GRANT (09S) ၏သက်ရောက်မှုသည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ITCZ အတွင်းမှာ လေထုမငြိမ်မသက်မှုဖြစ်ပေါ်နိုင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံများတွင် မိုး/လေသည်းထန်နိုင်သည်မှအပ လေထုအလွှာအလိုက် နေ့/ညအပူချိန်များ ကျဆင်းနေပြီဖြစ်သည့် မြောက်ဘက်ကမ္ဘာခြမ်းသို့သက်ရောက်နိုင်ခြင်းမရှိပါ။ 

    ITCZ – Inter-Tropical Convergence Zone 

    ကမ္ဘာ့မြောက်ခြမ်းမှ အရှေ့မြောက်ကုန်သည်လေစီးကြောင်း (North East Trade Winds) နှင့် ကမ္ဘာ့တောင်ခြမ်းမှ အရှေ့တောင်ကုန်သည်လေစီးကြောင်း (South East Trade Winds) တို့ အီကွေတာရှိရာသို့ရှေ့ရှုတိုက်ခတ်လာကြသောအခါ ၎င်းတို့တွေ့ဆုံပြီးသည့်နောက် အားကောင်းသောမိုးတိမ်တောင်ကြီးများ (Cumulonimbus Clouds) ကို ဖြစ်လာစေပြီး လေပွေလှိုင်းများ၊ လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းများအစပျိုးဖြစ်ပေါ်နိုင်သည့်ဇုန်ကို (ITCZ = Inter-Tropical Convergence Zone) ဟု ခေါ်ဆိုနိုင်သည်။ 

    https://www.mmweather.org/basic-trainings#h.fmf91bbkfyds 

    မကွေးတိုင်းအတွင်း ဒီဇင်ဘာ ၂၄ ရက် မှ ၃၀ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ 

    ·          ယခုရက်သတ္တပတ်အတွင်းမှာ မကွေးတိုင်းအတွင်း မိုးရွာရန်မရှိပါ။ 

    ·          ဒီဇင်ဘာ ၂၄၊ ၂၅ ရက်နေ့များမှာ မကွေးတိုင်းအတွင်း တိမ်မြင့် (High Clouds) ဖြစ်ပေါ်နိုင်ခြင်းများပြီး၊ တိမ်အနိမ့်(Middle Clouds and Low Clouds) အသင့်အတင့်ဖြစ်ပေါ်နိုင်ပါတယ်။ ၂၆ ရက်မှ ၃၀ ရက်အထိ တိမ်အနိမ့်များဖြစ်ပေါ်မှုအနည်းငယ်ရှိနိုင်ပြီး များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်း ဧရာဝတီမြစ်အနီးဒေသများ၊ ရခိုင်ရိုးမတောင်ကြောနှင့်နီးကပ်သည့်အနောက်ဘက်နှင့်မြောက်ဘက်ဒေသများမှာ နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းနိုင်ပြီး မြူထူထပ်စွာကျဆင်းနိုင်သည့်အခြေအနေကို မရောက်သေးပါ။ 

    ·          မကွေးတိုင်းမြောက်ပိုင်းဒေသများ(ဂန့်ဂေါ၊ ထီးလင်း မြို့နယ်များ) အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၃°C အထိ ကျဆင်းနိုင်ပါတယ်။ 

    ·          မကွေးတိုင်းအတွင်း နံနက်ပိုင်းနှင့် ညနေပိုင်း/ညပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၆၅% မှ ၇၀% ရှိနေနိုင်ပြီး၊ နေ့လည်ခင်းအချိန်များတွင် များသောအားဖြင့် လေထုခြောက်သွေ့လာပြီဖြစ်သဖြင့် ၃၀% မှ ၄၀% ခန့်ရှိနိုင်ပါတယ်။ 

    ·          မကွေးတိုင်းမြောက်ပိုင်းဒေသများအတွင်း အနောက်ဘက်နှင့် အနောက်မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းတနာရီ ၅ မိုင်ခန့်နှင့် မကွေးတိုင်းတောင်ပိုင်းဒေသများမှာ မြောက်ဘက်အရပ်မှ လေတိုက်နှုန်းတနာရီ ၆ မိုင်ခန့်ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းဒေသများတွင် ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)သည် ၁၇၀ အထိရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ-ရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိသော level ဖြစ်ပါတယ်။ 

    ·          ဒီဇင်ဘာလ လကုန်ရက်အထိကြိုတင်ခန့်မှန်းချက်များအရ မကွေးတိုင်း၏ ၄၀ စင်တီမီတာ(၁၆ လက်မခန့်) မှ မြေဆီလွှာစိုထိုင်းဆ ၃% အထိ ကျဆင်းနိုင်ပြီး ၄၀ စင်တီမီတာအောက် ၁၀၀ စင်တီမီတာ (လက်မ ၄၀ ခန့်အနက်) မှ မြေဆီလွှာစိုထိုင်းဆ ၂၂% ခန့် ရှိနိုင်ပါတယ်။ မြေဆီလွှာစိုထိုင်းဆ ဆက်လက်ကျဆင်းနိုင်တာကြောင့် မြေဆီလွှာအထက်ပိုင်းခြောက်သွေ့မာကြောလာပြီး စားကျက်မြက်ခင်းများနှင့် အပင်ငယ်များဆက်လက်ရှင်သန်နိုင်ရန် ခက်ခဲလာပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးရေးတွင် ငမြှောင်တောင်နှင့် သီးတောင့်ထိုးပိုး တို့အား ကာကွယ်နှိမ်နင်းပါ၊ ငမြှောင်တောင်သည် ပဲပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ငုတ်တို ရိုးပြတ်များ ဖြစ်အောင်ဆိုးဝါးစွာ ဖျက်ဆီးသည်။ အပင်ကြီးမှာကျလျှင် ဥမြုံတစ်ခုမှ ပေါက်သည့် လောက်ကောင်ငယ် (၁၀၀-၃၀၀) သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍ စားသောက်သည်။ လောက်ကောင် ကြီးလာပါကအရွက်၊ အပွင့်၊ အသီး၊ အစေ့များကို ကိုက်ဖြတ် စားသောက်သည်။ 

    သီးတောင့်ထိုးပိုးသည် အဖူးအပွင့်ဝင်ချိန်မှ စတင်ကျရောက်၍ ပဲသီးတောင့်များကို ထိုးဖောက်၍ ဖျက်ဆီးစားသောက်သည်။  

      ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • မျိုးရင်းမတူညီသော သီးနှံများဖြင့်သီးလှည့်စိုက်ပေးပါ။ 
    • ပိုးများ ခိုအောင်းရာ ပေါင်းမြက်များရှင်းလင်းခြင်း၊ 
    • ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊ 
    • ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားခြင်း၊ 
    • အဖူး၊ အပွင့်ဝင်ချိန်များတွင် Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb  ကဲ့သို့သော အဆိပ်ရှိပိုးသတ်ဆေးများကို ၁၅ ရက်ခြားတစ်ကြိမ် ပက်ဖြန်းပေးပါ၊ 

     တဝက်တပျက်ငါးကန်ဖော်ဆောင်နိုင်သော ငါးမွေးမြူရေးစနစ် 

    လက်ရှိမွေးမြူရေးစနစ်တွင် ငါးမွေးတောင်သူများသည် မွေးမြူရေးကာလ အနည်းဆုံး(၁၂) မှ (၁၈)လအထိမွေးမြူပြီးမှ ကန်ဖော်ခြင်းစနစ်ကို ကျင့်သုံးကြပါသည်။ ယခုကာလတွင် ငါးစာကုန်ဈေးကြီးမားခြင်းကြောင့် မွေးမြူရေးကာလတလျှောက် ဝင်ငွေပြန်လည် ရရှိနိုင်စေရန် တဝက်တပျက်ကန်ဖော်နိုင်သော မွေးမြူရေးစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။ 

    တဝက်တပျက် ကန်ဖော်နိုင်စေရန်အတွက် အချိန်တိုအတွင်း ကြီးထွားနိုင်သော ငါးမျိုးစိတ်များကိုထည့် သွင်းမွေးမြူရပါမည်။ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း နှင့် ထိုင်းငါးခုံးမကြီး တို့သည် (၅-၆)လအတွင်း ရောင်းချနိုင်သော အရွယ်အစားထက် ပိုမိုကြီးထွားနိုင်ပါသည်။ ထိုငါးများကို တဝက် တပျက် ဖမ်းဆီးရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိစေပါသည်။ 

    -------------   

      ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download     

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483   

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
11
comments
0
views
2704