cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ခရမ်းချဉ်သီး အသီးရှား၍ စျေးတက်နေ

. Market News
အခုက စျေးက တစ်ပိဿာကို ၅၅၀၀ ကျပ်၊ ၆၀၀၀ ကျပ်လောက် ပေါက်နေပါတယ်” ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
  • လက်ရှိ စျေးကွက်တွင် ခရမ်းချဉ်သီး အသီးရှားပါးနေသဖြင့် စျေးတက်နေကြောင်း ခရမ်းချဉ်သီး ကုန်သည်အချို့ထံမှ သိရပါသည်။

    စျေးကွက်တွင် ခရမ်းချဉ်သီး ရှားပါးသည့်ကာလ ရောက်ရှိနေပြီး အင်းသီးများလည်း ရှားပါးနေသဖြင့် စျေးများ ပြန်လည်တက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။

    “ရှမ်းပြည်နယ်က အင်းသီးတွေ ရှားလို့ စျေးတက်လာတာပါ။ ခရမ်းချဉ်သီးက အခုမှ ပြန်စိုက်တဲ့ကာလ ဖြစ်ပြီး ဒီဇင်ဘာလကနေ စိုက်ကြတော့ ပစ္စည်းရှားတဲ့ အချိန်ရောက်သွားတာပါ။ အလယ်ပိုင်းဒေသတွေက ပြန်ထွက်လာတဲ့အချိန်ဆိုရင်တော့ စျေး ပြန်ကျနိုင်ပါတယ်။ အခုက စျေးက တစ်ပိဿာကို ၅၅၀၀ ကျပ်၊ ၆၀၀၀ ကျပ်လောက် ပေါက်နေပါတယ်” ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

    ဒီဇင်ဘာလအစတွင် ခရမ်းချဉ်သီး တစ်ပိဿာကို ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိသာ ရှိခဲ့ပြီး လက်ရှိတွင် ခရမ်းချဉ်သီး တစ်ပိဿာကို ၄၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သိရပါသည်။ လက်လီဈေးကွက်အတွင်းတွင်တော့ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိ ဈေးရှိနေကြောင်းလည်း သိရပါသည်။

    ပြည်တွင်း ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်နေသဖြင့် အချို့ကုန်သည်များက ထိုင်းနိုင်ငံဘက်မှ ခရမ်းချဉ်သီးများကို ပြန်လည်တင်သွင်း ရောင်းချနေကြောင်းလည်း သိရပါသည်။

    သို့သော် ထိုင်းနိုင်ငံမှ ခရမ်းချဉ်သီးများမှာ စျေးချိုသော်လည်း ကုန်စိမ်းဖြစ်သည့်အတွက် အချိန်ကြာမြင့်စွာ သိုလှောင်၍ မရခြင်းကြောင့် အခက်အခဲများ ရှိနေပြီး အမြန်ဆုံး ရောင်းချနိုင်မှသာ အဆင်ပြေမည် ဖြစ်ကြောင်း သိရပါသည်။

    “ထိုင်းနိုင်ငံကနေ တချို့ကုန်သည်တွေ သွင်းပြီး ရောင်းကြပါတယ်။ ဒါပေမယ့် အင်းသီးလောက် ကြာရှည်မခံပါဘူး၊ အထားမခံပါဘူး။ ပြည်တွင်းရောက်မှ တစ်ပိဿာကို ၄၀၀၀ ကျပ်ကျော်လောက်ပဲ ကျတာဆိုတော့ စျေးပိုင်းအဆင်ပြေပါတယ်။ ဒါပေမယ့် ကြာရှည်မခံတော့ မြန်မြန်ရောင်းထွက်မှ အဆင်ပြေမယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ မသွင်းရဲသေးဘူး၊ စောင့်ကြည့်နေတုန်းပါ” ဟု ခရမ်းချဉ်သီး ကုန်သည်တစ်ဦးက ပြောသည်။

    ခရမ်းချဉ်သီးမှာ ဧပြီလနှင့် မေလပိုင်း ရောက်မှသာ စျေးကွက်သို့ လှိုင်လှိုင်ပေါလာမည် ဖြစ်ကြောင်း သိရပြီး အလယ်ပိုင်းဒေသထွက် ခရမ်းချဉ်သီးများလည်း မကြာမီ ထွက်ရှိလာမည် ဖြစ်ကြောင်း သိရပါသည်။

    ထို့ကြောင့် အလယ်ပိုင်းဒေသထွက် ခရမ်းချဉ်သီးများ မပေါ်မချင်း ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးများ ဆက်လက်၍ စျေးမြင့်နိုင်ကြောင်းလည်း သုံးသပ်ထားကြပါသည်။

    ပြီးခဲ့သည့် နှစ်များအတွင်း ခရမ်းချဉ်သီး ကုန်သည်များနှင့် တောင်သူများသည် ကာလကြာမြင့်စွာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ပြန်လည်စိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး အထွက်နှုန်းလည်း ကျဆင်းလာကြောင်း သိရပါသည်။

    ပြီးခဲ့သည့် နှစ်များတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၈၀၀ ကျပ်သာ ရှိခဲ့ပြီး တောင်သူများ အနေဖြင့် ဆုံးရှုံးမှုများ ခံစားခဲ့ရကြောင်းလည်း သိရပါသည်။

    ဖိုးချဲ (AMIA)

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
2
comments
0
views
382