မန္တလေးတိုင်း ဒီဇင်ဘာလ ၂၆ ရက် မှ ဇန်နဝါရီလ ၁ ရက်အထိ မိုးလေဝသအခြေအနေ
လက်ရှိဖြစ်ပေါ်လျှက်ရှိသော မုန်တိုင်း၊ လေပွေလှိုင်းများသည် မြန်မာနိုင်ငံအပေါ်သို့ သက်ရောက်မှုမရှိနိုင်ပဲ အရှေ့မြောက်နှင့်အနောက်မြောက်ဘက်တို့မှ လေအေးများဆက်လက်တိုးဝင်လျှက်ရှိခြင်းကြောင့် နေ့အပူချိန်များကျဆင်းသော်လည်း၊ မြေဆီလွှာစိုထိုင်းဆလျော့နည်းလာမှုကြောင့် မြေဆီလွှာအစိုဓါတ်လျော့နည်းမည့်အခြေအနေကို ဆက်လက်ကြုံတွေ့ရမှာဖြစ်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
မတ်ပဲစိုက်တောင်သူများထံသို့....
ပဲပွင့်ထွေး၊ ဖားဥမှို ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်
- လက်ရှိဖားဥမှိုကျနေသောစိုက်ခင်းများအနေဖြင့် အရင်ဆုံး စိုက်ခင်းတွင်းလေဝင်လေထွက်ကောင်းအောင်လုပ်ပါ။
- နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာတွေထည့်တာကိုခေတ္တရပ်ထားပါ။
- ဖားဥမှို ဆိုးဆိုးရွားရွားကျနေတဲ့အပင်တွေကိုနုတ်ယူဖယ်ရှားပစ်ပါ။
- ပြီးမှ မှိုသတ်ဆေးအနေနဲ့ Propiconazole, Chlorothalonil+ Tebuconazole တို့ကိုရွေးချယ်နိုင်ပါတယ်။
- ဘေးအခင်းများ ဖားဥမှိုကျနေပြီး မိမိအခင်းမကျသေးသောစိုက်ခင်းများအနေဖြင့် Sulphur ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဖျန်းထားနိုင်ပါတယ်။
- ပဲပွင့်ထွေးစတင်ကျနေသောစိုက်ခင်းများအနေဖြင့် Flubendiamide, Spinosad, Emamectin benzoate, Chlorantraniliprole အဆင်ပြေရာကိုရွေးချယ်နိုင်ပြီး၊ သီးတောင့်ထဲကို ဝင်ရောက်စားနေတဲ့အဆင့်ကိုတွေ့ရတယ်ဆိုရင် Indoxacarb+ Thiodicarb ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။
- အစာပမာဏကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း
- အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။
- ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။
- အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့် Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။
ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
---------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price