cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဖရဲ၊ သခွားသီးများ အက်ကွဲရသောအကြောင်းအရင်း

. Agriculture Knowledge
ဖရဲသခွားများ အက်ကွဲရသည့်အကြောင်းအရင်းများစွာရှိပါတယ်။ အဓိက အက်ကွဲရတဲ့အကြောင်းအရင်းများကတော့
  • (၁) စိုက်ခင်းရေသွင်းနည်းစနစ်မမှန်ကန်ခြင်း (ခြောက်သွေ့ကာလကြာရှည်ပြီးမှ ရေသွင်းခြင်း) 

    (၂) မိုးများခြင်း၊ ရေသွင်းများလွန်းခြင်း 

    (၃) ကယ်လ်ဆီယမ် (Ca)၊ ဘိုရွန် (B) ၊ ပိုတက်စီယမ် (K) ဓာတ်ချို့တဲ့ခြင်း 

    (၄) အပူချိန် အနိမ့်အမြင့်များလွန်းခြင်း နှင့်  

    (၅) ရင့်မှည့်ချိန်လွန်ခြင်း တို့ဖြစ်ပါတယ်။ 

    ဒါကြောင့် ဖရဲ၊သခွားများ မအက်ကွဲစေရန် ကြိုတင်ကာကွယ်နိုင်ဖို့ 

    • ရေသွင်းနည်းစနစ်ကို သေချာဆောင်ရွက်ပေးပါ။ 
    • စိုက်ခင်းမြေကြီး အစိုဓာတ်ကို ထိန်းညှိပေးပါ။ အစိုဓာတ်တည်မြဲနိုင်စေရန် ဘောင်၊ အပင်ခြေတွင် ကောက်ရိုးများဖြင့် ဖုံးအုပ်ပေးပါ။ 
    • သီးနှံကြီးထွားမှုသက်တမ်းအဆင့်အလိုက် နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖရပ်စ် (P) နှင့် ပိုတက်စီယမ် (K) ကိုမျှတစွာထည့်သွင်းပေးပါ။ 
    • အဖူး၊အပွင့်နှင့် သီးကင်းစတင်ချိန်တွင် ကယ်လ်ဆီယမ် (Ca)၊ ဘိုရွန် (B) ၊ ပိုတက်စီယမ် (K) ဓာတ်ကို အဓိကထည့်သွင်းပေးပါ။  
    • ခူးဆွတ်ချိန်ကို သေချာချိန်ဆပါ။ ရင့်မှည့်လွန်းချိန်မှ ခူးဆွတ်ခြင်းကိုရှောင်ပါ။  

    အိမ့်ဖြိုး 

    ----------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
2
comments
0
views
412