cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဘက်တီးရီးယားရောဂါများ ( ကြက်နာကျမဟုတ်သည့်ရောဂါများ)

. Poultry
ကျေးရွာများရှိ အိမ်တွင်မွေးထားသည့် ကြက်များအားလုံးမဟုတ်သော်လည်း ကြက်ငယ်များ ၃-၄ ကောင်ကုပ်ပြီး တ ဖြည်းဖြည်းသေဆုံးမှုများ ရှိနိုင်သော်လည်း ကြက်လတ်၊ ကြက်ကြီးများ သေဆုံးခြင်းများ ရောဂါဖြစ်ခြင်း၊ သေဆုံးခြင်းများမရှိသည်ကို သတိထားမိမည်ဖြစ်သည်။
  • ကြက်အားလုံးတွင် မဖြစ်သဖြင့် ကြက်နာကျရောဂါ မဟုတ်ဟု အလွယ်တကူ သတ်မှတ်နိုင်ပါသည်။ ကြက်နာကျမဟုတ်သော ရောဂါသည်များသောအားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

    • ဘက်တီးရီးယားပိုးကြောင့် ရောဂါဖြစ်ပါက ကြက်အားလုံးတွင် မဖြစ်ဘဲ ကြက်ငယ်များတွင်သာ အဖြစ်များ သည်။ ကြက်လတ်နှင့်ကြက်ကြီးများတွင် ဖြစ်ခဲပါသည်။
    • ဘက်တီးရီးယားရောဂါများစွာရှိရာ အဖြစ်များသော ရောဂါများမှာ- ချေးဖြူရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ကော်ရိုက်ဇာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်လုံးတွင် စပ်ဆံတည်ခြင်းရောဂါ စသည်ဖြင့် ရောဂါများရှိပါသည်။
    • မည်သည့်ဘက်တီးရီးယားရောဂါမဆို ဖြစ်ပွားပါက မှိုင်ကုပ်ခြင်း၊ အစာမစားခြင်း၊ အတောင်ကျခြင်း၊ နှာရည်ကျခြင်း၊ ကြက်ငယ်လေးများ၏စအိုတွင် ချေးဖြူများကပ်နေခြင်း၊ ရက်အတော်ကြာမှ သေဆုံးခြင်းများ တွေ့ရတတ်သည်။ ချက်ခြင်းသေလေ့မရှိဘဲ ရက်အတော်ကြာမှ ပိန်ပြီးသေသွားတတ်ပါသည်။
    • မည်သည့်ဘက်တီးရီးယားရောဂါကိုမဆို ပဠိဇီဝဆေး (အရပ်အခေါ်-ပိုးသတ်ဆေး) ပေးပြီး ကုသနိုင်ပါသည်။

    ဥပမာ-အောက်စီတက်ထရာဆိုက်ကလင်း၊ အမောက်စလင် စသည်တို့ဖြစ်သည်။

    • တနည်းအားဖြင့်ဆိုရသော် ကြက်များမှိုင်ကုပ်သည်ကိုတွေ့ပါက အောက်စီတက်ထရာဆိုက်ကလင်းဆေး အချိန်မှီတိုက်သဖြင့် ကြက်များ ပြန်လည်ကျန်းမာလာသည်ဆိုပါက ထိုကြက်ရောဂါသည် ဘက်တီးရီးယား ကြောင့်ဖြစ်သော ရောဂါတမျိုးမျိုးဟု ယူဆနိုင်ပါသည်။

    အောက်စီတက်ထရာဆိုက်ကလင်းဆေးလုံးတိုက်ရန် အညွှန်း (ကြက်များမှိုင်ကုပ်ပါကတိုက်ရန်)

    • ကြက်ငယ် ( အသက် ၁ရက်သားမှ ၁လသား)................ဆေးတစိတ်
    • ကြက်လတ်( အသက် ၁လမှ ၃လ) ...............................ဆေးတခြမ်း
    • ကြက်ကြီး ( အသက် ၃လနှင့်အထက်)............................ဆေးတလုံး
    • မနက် တကြိမ်၊ ညနေ တကြီမ်၊ (၃) ရက်ဆက်တိုက် ဆေးအလုံးလိုက်ပါးစပ်ထဲခွံကျွေးပါ။

    ထို့ကြောင့်ကြက်များတွင် ဗိုင်းရပ်(စ)ရောဂါများ(ကြက်နာကျရောဂါများ)လည်း ဖြစ်တတ်သလို ဘက်တီးရီယား ရောဂါများ( ကြက်နာကျမဟုတ်သည့်ရောဂါများ) လည်း ဖြစ်ပွားတတ်သဖြင့်် မိမိကျေးရွာတွင် ကြက်တကောင်စ၊ နှစ်ကောင်စ စတင်မှိုင်ကုပ်နေပြီဆိုပါက ကြက်နာကျလား? ကြက်နာကျမဟုတ်ရောဂါလားဆိုသည်ကို ရုတ်တရက်ခွဲ ခြားရခက်ပါသည်။ ထို့ကြောင့် အလွယ်ကူဆုံးအကြံပြုလိုသည်မှာ မှိုင်ကုပ်နေသောကြက်ကို အသက်အရွယ်အလိုက် အောက်စီတက်ထရာဆိုက်ကလင်းဆေးလုံးကို ၃ ရက်တိုက်ပါ။ ကြက်နာကျ မဟုတ်သည့် ရောဂါဖြစ်ပါက ကြက်အားလုံးနီးပါးပြန်ကောင်းမည်ဖြစ်သည်။ သို့သော် ကြက်နာကျရောဂါ (လည်လိမ်(သို့)ကြက်တုပ်ကွေး) ဖြစ်ပါက ဆေးတိုက်သော ကြက်များအားလုံးသေဆုံးသွားမည်ဖြစ်သည်။ ထိုသို့ သေဆုံးပါက ဖြစ်သည့်ကြက်နာကျရောဂါ သည် လည်လိမ်ရောဂါလား၊ကြက်ငှက်တုပ်ကွေးရောဂါလား ဆိုသည်ကို လည်လိမ်နှင့်ကြက်ငှက်တုပ်ကွေးခွဲခြား နိုင်သည့် အချက်များဖြင့်ခွဲခြားနိုင်ပါသည်။

    ဤနေရာတွင် လည်လိမ်ကာကွယ်ဆေးကိုသာ ပုံမှန်ထိုးထားပါက ဆေးတိုက်၍ တကောင်မကျန်သေသွားပါက ကြက်နာကျရောဂါဖြစ်သည့် လည်လိမ်ရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်နိုင်သော်လည်း လည်လိမ်ကာ ကွယ်ဆေးကို ပုံမှန်ထိုးထားသဖြင့် လည်လိမ်ရောဂါဖြစ်နိုင်စရာ အကြောင်းမရှိဖြစ်သဖြင့် ကြက်ငှက်တုပ်ကွေးဟု ချက်ခြင်းသိနိုင်ပါသည်။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60260

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
19
comments
1
views
678