cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း တပတ်စာ မိုးလေဝသခန့်မှန်းချက်

. Weather News
ဒီဇင်ဘာလ ၃၀ ရက် မှ ဇန်နဝါရီလ ၅ ရက်အထိ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်
  • မိုးရွာသွန်းနိုင်ခြေ မရှိပါ။ 

    ·         တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ တိမ်ကင်းစင်သော ရက်များလည်း ရှိနိုင်ပါတယ်။ 

    ·          နေ့အပူချိန်အမြင့်ဆုံး ၃၀°C နှင့်  အနိမ့်ဆုံးညအပူချိန် ၁၅°C မှ ၁၇°C ဝန်းကျင်၌ ရှိနေနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းရဲ့ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်းသည် မြောက်၊ အနောက်မြောက်အရပ်မှ တနာရီ ၄ မိုင်နှုန်းခန့်ရှိနိုင်ပါမယ်။ 

    ·          ဇန်နဝါရီလအတွင်း ပဲခူးတိုင်းတွင် မိုးရွာရန်မရှိသဖြင့် မြေဆီလွှာရေဓါတ်ကိန်းအောင်းမှု ၅.၅ မီလီမီတာခန့်နှင့် မြေအောက်အနက် ၄၀ စင်တီမီတာအနက်တွင် မြေဆီလွှာစိုထိုင်းဆ ၅% ၊ မြေအောက်အနက် ၁၀၀ စင်တီမီတာတွင် ၂၅% ခန့်ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖရဲသခွားစိုက် တောင်သူများထံသို့ 

    မြေဩဇာထည့်သွင်းနည်းအကြံပြုချက် 

    • မြေခံမှာ မြေဩဇာမထည့်သွင်းခဲ့ပါက သခွားမွှေးစိုက်ပြီး ၁၅-၂၀ ရက်အတွင်း နိုက်ထရိုဂျင်(N)+ဖော့စ်ဖရပ်စ် (P) အဓိကပါသောမြေဩဇာကိုထည့်ပေးပါ။ 
    • ၃၀-၃၅ ရက်မှာတော့ နိုက်ထရိုဂျင်(N) နှင့် ပိုတက်စီယမ် (K) မြေဩဇာကို ထည့်ပေးပါ။ 
    • ၄၅-၅၅ ရက်သားမှာ နောက်တစ်ကြိမ်အနေနဲ့ ပိုတက်ရှ် (K) ကိုထပ်ထည့်ပေးပါ၊။ 
    • အသီးစတင်ကြီးထွားချိန်မှာတော့ အချိုဓာတ်တိုးစေရန်နှင့် အသီးပုံစံလှပစေဖို့ ဘိုရွန် (B) + အသီးကွဲအက်မှုဒဏ်ခံနိုင်ရည်ရှိစေဖို့ ကယ်လ်စီယမ် (Ca) အဓိကပါဝင်တဲ့ ရွက်ဖျန်းအားဆေးကို တစ်ကြိမ်အသုံးပြုပေးပါ။ 

     ငါးများ ဖမ်းဆီးပြီးနောက် သတိပြုရန်အချက်များ  

    ရွေးချယ်ဖမ်းဆီးထားသော ငါးများဖမ်းဆီးပြီးပါက ဈေးကောင်းရရှိစေရန်နှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရန် အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်သင့်ပါသည်။  

    - ဖမ်းယူထားသော ငါးများကို အရိပ်အောက်တွင် ထားပါ။  

    - ငါးများကို ဖြေးညှင်းစွာကိုင်တွယ်ပါ။  

    - ငါးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောသန့်စင်ပါ။  

    - ငါးများထိခိုက်ပွန်းပဲ့ခြင်းနှင့် အကြေးခွံမကျွတ်စေရန် သတိပြုရမည်၊ ရောင်းချမည့် နေရာသို့အမြန် ဆုံးပို့ဆောင်နိုင်စေရန် စီမံရမည်။  

    ----------     

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
966