cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြံအူနီ (သို့) အူပုပ် ရောဂါ

. Diseases
ကြံပင်စိုက် တောင်သူဦးကြီးများ သတိပြု ကာကွယ်ရမည့် ကြံအူနီပုပ်ရောဂါ အကြောင်းမျှဝေ ပေးလိုက်ပါသည်။
  •  Colletotrichum falcatum ကြောင့်ဖြစ်သော ကြံအူနီပုပ်ရောဂါကြောင့် ကြံရွက်များ၏ ရွက်လယ်ကြောများတွင် ရှည်လျားသည့် အနီရောင်အနာကွက်များကို တွေ့မြင်ရမည် ဖြစ်ပြီး   ကြံပင်၏ အပေါ်ဘက် မှ စ၍ အရွက်အဝါရောင်ပြောင်းခြင်း၊ ခြောက်သွေ့ခြင်း များဖြစ်လာပြီး ကြံပင်၏ ပင်စည် အတွင်းပိုင်းတွင် အနီရောင်ပြောင်း၍ အူတိုင်ပွလာခြင်း ၊ အနီရောင်အတွင်းသားတွင် ပင်စည်နဲ့ အပြိုင် အဖြူရောင်အစက်ထောင့်ကွက်များ ပေါ်လာခြင်းနှင့် အပင်ကို ဖြတ်ကြည့်သောအခါ အရက်နံ့ဆန်ဆန် (fermented/alcoholic smell) ထွက်လာခြင်းတို့ကို တွေ့ရသည်။ နောက်ဆုံးတွင် အပင်များမှာ ခြောက်သွေ့၍ အလေးချိန်လျော့နည်းလာကာ ကျုံ့သွားပြီး အနက်ရောင်မှိုအစက်များ ထွက်ပေါ် လာသည်ကို တွေ့ရှိနိုင်ပါသည် ။ ကြံပင်သက်တမ်း (၂၁၀ -၂၄၀) ရက်သားတွင် ကျရောက်တတ်သည်။  ကြံအူနီရောဂါကြောင့် အထွက်နှုန်း (၃၀- ၁၀၀)% ထိလျော့ကျနိုင်ပြီး အချိုဓာတ် ကို (၅၀-၈၀)% ထိ ကျဆင်းစေနိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည် 

    • ရောဂါဒဏ်ခံနိုင်ရည်ရှိကြံမျိုးများ စိုက်ပျိုးပါ။ မစိုက်ပျိုးမှီ ကြံမျိုးပိုင်းများ အား ရေနွေးပူ (၅၀)°C တွင် (၂)နာရီခန့် စိမ်၍ စိုက်ပျိုးပါ။ (သို့မဟုတ်) ထုံး ၄ ပိသာကို ရေ လီတာ ၁၀၀ တွင်ဖျော်ပြီး နာရီဝက်ခန့် စိမ်ပြီး စိုက်ပျိုးပေးပါ။ 
    • ရောဂါရကြံပင်အားနုတ်၍မီးရှို့ပါ။ ရောဂါကျကြံခင်းအားလမိုင်းထားခြင်းမှရှောင်ကြဉ်ပါ။ ရောဂါရ ကြံခင်းအား လျင်မြန်စွာ ခုတ်သိမ်းရန်နှင့် သီးလှည့်စိုက်ပျိုးပါ။ 
    •  ဆေးပုံးတစ်ပုံးလျှင် Copper Oxychloride (၈၅%)  ဒဗလျူပီဆေးမှုန့် ဟင်းစားဇွန်း(၆)ဇွန်း၊ ရေ (၄) ဂါလန်နှင့်ရောစပ်ပြီး (၇-၁၀) ရက်ခြားတစ်ကြိမ် ပက်ဖျန်းပေးပါ။ 

    References- “Pathological and molecular variation in Colletotrichum falcatum Went isolates causing red rot of sugarcane in the Northwest zone of India.” Journal of Plant Protection Research 53(1): 37-41 

    ------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။    


  • article
likes
4
comments
0
views
649