တဝက်တပျက်ငါးကန်ဖော်ဆောင်နိုင်သော ငါးမွေးမြူရေးစနစ်
ယခုအခြေအနေတွင် ငါးစာကုန်ဈေးကြီးမားပြီး အခြား ကုန်ကျစရိတ်များလည်း ကြီးမားခြင်းကြောင့် မတည်ရင်နှီးငွေ များကြပါသည်။ ထို့ကြောင့် မွေးမြူရေးကာလတလျှောက်လုံးတွင် ဝင်ငွေပြန်လည် ရရှိနိုင်စေရန် တဝက်တပျက်ကန်ဖော်နိုင်သောမွေးမြူရေး စနစ်ကိုပြောင်းလဲကျင့်သုံးကြောင်း အကြံပြုအပ်ပါသည်။
တဝက်တပျက် ကန်ဖော်နိုင်စေရန်အတွက် အချိန်တိုအတွင်း ကြီးထွားနိုင်သော ငါးမျိုးစိတ်များကို ထည့် သွင်းမွေးမြူရပါမည်။ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း နှင့် ထိုင်းငါးခုံးမကြီး တို့သည် (၅-၆)လအတွင်း ရောင်းချနိုင်သော အရွယ်အစားထက်ပိုမိုကြီးထွားနိုင်ပါသည်။ ထိုငါးများကို တဝက် တပျက် ဖမ်းဆီးရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိစေခြင်းအပြင် အောက်ဖော်ပြပါအကျိုးကျေးဇူးများ ရရှိနိုင် ပါသည်-
ü ကျန်ရှိသောငါးများအတွက် သဘာဝအစာပေါများခြင်း
ü ငါးအသေအပျောက် လျှော့နည်းလာခြင်း
ü ငါးခိုးဖမ်းသောသူများအတွက် အန္တရာယ်ဈေးကွာလာခြင်း
ü ရေလွမ်းမှု့ကြောင့် နှင့် အပူချိန်လွန်ကဲတို့ကြောင့် ငါးဆုံးရှုံးမှု့နည်းပါးလာခြင်း
ü အစာ မြေဩဇာများပြန်လည်ဝယ်ယူရန် ငွေရရှိခြင်း
ü တနှစ်အတွင်းကုန်ထုတ်လုပ်မှု့ တိုးတက်လာခြင်း
ဖမ်းဆီးရောင်းချသင့်သော ငါးအရွယ်အစားမှာအောက်ပါအတိုင်းဖြစ်ပါသည်-
Ø ငွေရောင် နှင့်ငါးခေါင်းပွ (၄၅)ကျပ်သား
Ø ရွှေဝါငါးကြင်း (၄၅)ကျပ်သား
Ø မြက်စားငါးကြး (၅၀)ကျပ်သား
Ø ထိုင်း ငါးခုံးမကြီး (၃၀)ကျပ်သား
Ø ထိုင်းငါးပြေမ (၅-၆)ကျပ်သား
ဦးစန်းအောင်
ထွက်တိုး
-------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price