cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ယခုတပတ်အတွင်း ရာသီဥတုအခြေအနေ

. Weather News
ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ၊ ပုံမှန်ဆောင်းရာသီ၏အအေးဓာတ် ရရှိနေပါမယ်။
  • ဧရာဝတီတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁ ရက် မှ ဇန်နဝါရီ ၇ ရက်အထိ မိုးလေဝသအခြေအနေ

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ၊ ပုံမှန်ဆောင်းရာသီ၏အအေးဓါတ် ရရှိနေပါမယ်။

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ (Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ

    ·          ယခုရက်သတ္တပတ် ၁ ပတ်အတွင်း အနိမ့်ဆုံးညအပူချိန်များသည် ၂၀°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ထူးကဲသော အအေးပိုလာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းများ မရှိပါ။

    ·          ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ-

    o    မြန်အောင်မြို့နယ်အတွင်း ယခုတပတ်အတွင်းမှာ တိမ်ကင်းစင်သည့်ရက်ပိုများနိုင်ပြီး တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်ရက် အနည်းငယ်ရှိနိုင်ပါတယ်။ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ပါတယ်။ မြန်အောင်မြို့နယ်အတွင်း ရခိုင်ရိုးမတောင်ကြောနှင့်ကပ်လျှက်ရှိသည့် ဒေသများ(ဥပမာ ဥသျှစ်ကုန်းရွာ)မှာ အနိမ့်ဆုံးအပူချိန် ၁၄°C အထိ ကျဆင်းနိုင်ပါမယ်။

    o    ပုသိမ်မြို့နယ်အတွင်း ဇန်နဝါရီ ၂/၃/၄ ရက်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ရက်များမှာတိမ်ကင်းစင်နေနိုင်ပါမယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပါတယ်

    o    ဖျာပုံနှင့်ဘိုကလေးမြို့နယ်များအတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C အထိ ရှိနိုင်ပါတယ်။

    o    ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပါတယ်။

    o    ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။

    o    ဧရာဝတီတိုင်းအတွင် ၄ ရက် ကြိုတင်ခန့်မှန်းချက် Weather Widget များကြည့်ရှုရန် - https://www.mmweather.org/divisional-cities-weather/ayarwaddy-div

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% မှ ၅၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% မှ ၈၀% အတွင်းရှိနိုင်ပါမယ်။ ဇန်နဝါရီလအတွင်း ဧရာဝတီတိုင်း၏ လေထုစိုထိုင်းဆများ ဆက်လက်ကျဆင်းနိုင်ပါတယ်။

    ·          ဧရာဝတီတိုင်းအတွင်း ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၅% မှ ၁၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၁၂% မှ ၂၂% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃၁% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၅၂% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများအနည်းငယ်ထပ်မံလျော့ကျနိုင်ပြီး မိုးခေါင်နိုင်သည့်အခြေအနေ(Drought Intensity Level) အနည်းငယ်မှ အသင့်အတင့်- Minor to Moderate level တွင် ရှိနေပါတယ်။ ရှင်းလင်းချက်များကြည့်ရန် - https://www.mmweather.org/drought-monitoring

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် 100 အထက် 155 အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ (ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူများအတွက် သက်ရောက်မှုမရှိပါ။

    ယခု ၁ ပတ်အတွင်း မြောက်ဘက်နှင့်အနောက်မြောက်ဘက်နှင့် အရှေ့ဘက်အရပ်များမှ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း အများဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။

    --

    Win Naing

    Administration Team,

    MMWEATHER,

    ဒီဇင်ဘာလအတွင်း ငါးများသေရခြင်းအကြောင်းရင်း

    ·      ၂၀၂၅ခုဒီဇင်ဘာလ လယ်လောက်မှစတင်ပြီး၊ ငါးမွေးကန်အချို့တွင် ငါးများသေဆုံးကြသည်ကိုသိရှိရပါသည်။ သေဆုံးသောငါးများ၏မျိုးစိတ်ကို မေးမြန်းကြည့်သောအခါ ငါးကြင်းငါးအများဆုံးဖြစ်ကြောင်းတွေ့ရှိရပါ သည်။

    ·      အများဆုံးသေဆုံကြသောငါးများသည် ငါးကြင်ဖြစ်သောကြောင့်၊ အဆိုပါငါးသည် ကန်ရေအောက်လွှာတွင် နေထိုင်ကျက်စားသော ငါးမျိုးဖြစ်ပါသည်။ ထို့ကြောင့် ကန်အောက်ခြေရှိ ပြဿနာကြောင့်ဟုအကြမ်းဖျင်း ပြောဆိုနိုင်ပါသည်။ သို့သော် ဒီဇင်ဘာလလယ်မှစပြီး ရာသီဉတုအေးလာခြင်း ပိုမိုလာသည်ကို တွေ့ရှိရပါသည်။ ထိုအတူ ငါးမွေးမြူရေးကန်ရေသည်လည်း အပူချိန်ကျဆင်းလာသည်မှာ မလွဲနိုင်ပါ။ ကန်ရေအပူချိန်ကျဆင်းလာ ခြင်းနှင့်အတူ ကန်ရေတွင် ပျော်ဝင်အောက်စီဂျင်လည်း ကျဆင်းလာတတ်ပါသည်။

    ·      ဒါ့ကြောင့် မွေးမြူရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုပါက ကောစင်တာ နံပါတ် ၀၉- ၉၇၇၉၁၀၀၀၀ သို့ ဆက်သွယ်နိုင်ပါသည်။ 

     ---------      

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
8
comments
0
views
1872