"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၁၁)
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဘက်တီးရီးယားပိုးကြောင့် ရောဂါဖြစ်ပါက ကြက်အားလုံးတွင် မဖြစ်ဘဲ ကြက်ငယ်များတွင်သာ အဖြစ်များ သည်။ ကြက်လတ်နှင့်ကြက်ကြီးများတွင် ဖြစ်ခဲပါသည်။ ရောဂါဖြစ်ပွားပါက မှိုင်ကုပ်ခြင်း၊ အစာမစားခြင်း၊ အတောင်ကျခြင်း၊ နှာရည်ကျခြင်း၊ ကြက်ငယ်လေးများ၏စအိုတွင် ချေးဖြူများကပ်နေခြင်း၊ ရက်အတော်ကြာမှ သေဆုံးခြင်းများ တွေ့ရတတ်သည်။ ချက်ခြင်းသေလေ့မရှိဘဲ ရက်အတော်ကြာမှ ပိန်ပြီးသေသွားတတ်ပါသည်။ မည်သည့်ဘက်တီးရီးယားရောဂါကိုမဆို ပဠိဇီဝဆေး (အရပ်အခေါ်-ပိုးသတ်ဆေး) ပေးပြီး ကုသနိုင်ပါသည်။
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (က) ၂ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဗိုင်းရပ်(စ်)အုပ်စုအောက်တွင်လည်းဗိုင်းရပ်(စ်)ပိုးမြောက်များစွာရှိပါသည်။
· ဗိုင်းရပ်(စ်)ပိုးကိုမူပဠိဇီဝဆေး(အရပ်အခေါ်-ပိုးသတ်ဆေး)ဖြင့်မသတ်နိုင်ပါ။တနည်းအားဖြင့် ဗိုင်းရပ်(စ်)ပိုး ကြောင့် ဝက်တွင် ရောဂါဖြစ်ပွားပါက ကုသစရာဆေး မရှိပါဟု အကြမ်းအားဖြင့် မှတ်ယူနိုင်ပါသည်။ ဗိုင်းရပ်(စ်)ပိုးများကိုအကြမ်းအားဖြင့်(၂) မျိုးထပ်မံ ခွဲခြား နိုင်ပါသည်။
(၁) ပြင်းသောဗိုင်းရပ်(စ်) အမျိုးစားများနှင့်
(၂) ပျော့သောဗိုင်းရပ်(စ်) အမျိုးစားများ ဟူ၍ ဖြစ်သည်။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





NewsFeed
Communities
Explore
Inbox
Me
Market Price