cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် မှ ဇန်ဝါရီလ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခု ၁ ပတ်အတွင်း - ရန်ကုန်တိုင်းတောင်ပိုင်းဒေသများဖြစ်သည့် ကျောက်တန်း၊ ဝါးဘလောက်သောက်၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်များတွင် အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း GRANT၊ လေဖိအားနည်းရပ်ဝန်း-Depression 11U တို့၏အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အထက် ၅.၈ ကီလိုမီတာအမြင့် (ပေ ၁၉,၀၀၀) မှာ အထက်လေပွေလှိုင်းတခုဖြစ်ပေါ်လျှက်ရှိပါတယ်။ အဆိုပါလေပွေလှိုင်းသည် ဇန်နဝါရီ ၁၀ ရက်အထိဆက်လက်တည်ရှိနိုင်ပြီး အားပိုကောင်းလာနိုင်သည့်အခြေအနေမရှိပါ။ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် လေပွေလှိုင်း(INVEST-90B) သည် အနောက်ဘက်-သီရိလင်္ကာကျွန်းနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းတို့သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီရိလင်္ကာကျွန်း အရှေ့ပိုင်းတို့တွင် မိုးရေချိန်များနိုင်/မိုးသည်းထန်နိုင်ပြီး မြန်မာနိုင်ငံတွင် တိမ်အနည်းငယ်ဖြစ်ထွန်းကာ မြောက်ပိုင်းဒေသအချို့တွင် မိုးအနည်းငယ်မျှသာ ရွာသွန်းနိုင်ပါတယ်။ 

    ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းတွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          အမြင့်ပေ ၂၀,၀၀၀ အထက်တွင် တိမ်မြင့်(High-clouds)အနည်းငယ်(60% ခန့်)ဖြစ်ထွန်းပြီးမိုးအုံ့နေနိုင်ပါတယ်။ မိုးရွာနိုင်သည့်အခြေအနေမရှိပါ၊ 

    ·          တိမ်အမြင့်များဖြစ်ထွန်းမှုရှိသော်လည်း မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်အရပ်များမှ လေအေးများဆက်လက်တိုးဝင်နေဦးမှာဖြစ်လို့ နံနက်အစောပိုင်းအချိန်များမှာ ဆက်လက်၍ အေးနေပါဦးမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရန်ကုန်တိုင်းတောင်ပိုင်းဒေသများဖြစ်သည့် ကျောက်တန်း၊ ဝါးဘလောက်သောက်၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်များတွင် အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါမယ်။ 

    ·          ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်တဲ့ ဗိုလ်တထောင်၊ ကျောက်တံတား၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ တာမွေ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်မြို့နယ်များ မှာ အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနေပြီး ဆောင်းရာသီရဲ့ အအေးဓါတ်ဆက်လက်ရရှိနေပါဦးမယ်။ 

    ·          ရန်ကုန်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာလည်း အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနေနိုင်ပါတယ်။ 

    ·          ရန်ကုန်တိုင်းမြောက်ပိုင်းအစွန်က တိုက်ကြီး၊ မှော်ဘီ၊ ဖေါင်ကြီး၊ လှည်းကူး စတဲ့ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပြီး ရန်ကုန်တိုင်းတခုလုံးအနေနဲ့ ယခု ၁ ပါတ်အတွင်းမှာ နေ့အပူချိန် ၃၀°C ဝန်းကျင်နဲ့ အနိမ့်ဆုံးအပူချိန် ၁၇°C -၁၈°C ရှိနေနိုင်ပြီး ဆက်၍ အေးနေပါဦးမယ်။ 

    ·          ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်းက 165 အထိ မြင့်တက်နေတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ သတိထားရမည့် level ဖြစ်ပါတယ်။ 

    ·          ရန်ကုန်တိုင်းရဲ့ လေထုစိုထိုင်းဆအခြေအနေသည် နေ့လည်ပိုင်းအချိန်များမှာ ၃၀% မှ ၄၀% ဝန်းကျင်ရှိနေပြီး၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ 80% အထက်မှာ ရှိနိုင်ပါတယ်။ 

    ရန်ကုန်မြောက်ပိုင်းမြို့နယ်များမှာ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၄% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၁၇% ရှိနေပါမယ်။ ရန်ကုန်တိုင်းတောင်ပိုင်း ကမ်းရိုးတန်အနီးမှမြို့နယ်များမှာတော့ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၂၁% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၅၀% ရှိနေပါမယ်။ 

    ------ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးကန်များတွင် မနက်ပိုင်းအစာကျွေးရာတွင် သတိပြုရန် 

    မနက်ပိုင်း(၈)နာရီအချိန်တွင် ငါးမွေးကန်၏ ရေအပူချိန်ကို တိုင်းတာပါက 23 °C နှင့် 24 °C တွ့ရှိရပြီး 25 °C မကျော်လွန်တာကို တွေ့ရှိရပါသည်။ ငါးမွေးတောင်သူများသည် သမာရိုးကျအတိုင်း မနက်ပိုင်း (၉)နာရီတွင် အစာကျွေးခြင်းကို ဆောင်ရွက်ကြသဖြင့် အဆိုပါအချိန်တွင် ငါးမွေးကန်ရေအပူချိန်သည် 25°C နှင့် 26°C လောက်တွင်ရှိနေပြီး ငါးများအစာစားခြင်းနည်းပါးလာသည်ကို ကြုံတွေ့ရပါမည်။ အစာကြွင်းအစာကျန်များလာပါက ကန်အောက်ခြေညစ်ညမ်းလာစေပြီး၊ ကန်အတွင်းအမိုးနီးယားကို ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် အစာအလေ့ အဘွင့်များခြင်းအပြင် ကန်အတွင်းအမိုးနီးယားကို ဖြစ်ပေါ်လာစေသဖြင့် ကန်ရေ အပူချိန် တိုင်းတာပြီးမှ အစာကျွေးခြင်းကို ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။ ငါးများအတွက် အစာစားခြင်းအကောင်းဆုံးကန်ရေ အပူချိန်မှာ 27°C, 28°C, 29 °C တို့ဖြစ်ပါသည်။ 

    ----------     

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe      

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။     


  • article
likes
3
comments
0
views
2013