cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မွေးမြူရေးဝက်များတွင် ရောဂါပိုးများဝင်ရောက်ကူးစက်ပုံ

. Swine
· ဗိုင်းရပ်(စ)ဖြစ်စေ၊ ဘက်တီးရီးယားဖြစ်စေ ရောဂါပိုးစတင်ဝင်ရောက်ချိန်တွင် များသောအားဖြင့် ရောဂါလက္ခဏာ ချက်ခြင်းမတွေ့ရပါ။
  • ·      ရောဂါပိုးများ ဝက်ခန္ဓာကိုယ်ထဲသို့ ရောက်လာပါက မိမိတို့ကြိုက်နှစ်သက်သည့် အတွင်းကလီစာ များတွင် တွယ်ကပ်ကာ မြောက်များစွာ ပွားများကြပါသည်။ အချိန်တခုကြာသောအခါ ဒုက္ခပေးနိုင်သော ပမာဏ(အကောင်ရေ) ရောက်ပြီဆိုသည့်အချိန်တွင် ဝက်များရောဂါဖြစ်ပွားသည့် လက္ခဏာကို စတင် တွေ့ရှိပါသည်။

    ·      ထိုသို့ရောဂါပိုးစတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာကို စတင်တွေ့ရှိရသော ကြားကာလကို ရောဂါပိုးပျိုး ကာလဟုခေါ်ပါသည်။

    ·      ဝက်များတွင် ကူးစက်ပိုးကြောင့် ရောဂါစတင် ဖြစ်ပွားပါက (ရောဂါပိုးပျိုးကာလလွန်ပါက) ရေဘုယျ လက္ခဏာများကို စတင်တွေ့ရှိရမည်ဖြစ်သည်။

    ·      ရေဘုယျလက္ခဏာများဟု ဆိုခြင်းမှာ မည်သည့်ကူးစက်ရောဂါ (ဘက်တီးယားဖြစ်နိုင်သလို၊ ဗိုင်းရပ်(စ) လည်းဖြစ်နိုင်ပါသည်။) ပုံမှန်နီးပါးတွေ့တတ်သည့် လက္ခဏာများကို ဆိုလိုခြင်းဖြစ်သည်။ ယင်းတို့မှာ

    (၁) ကိုယ်ပူခြင်း ( ပုံမှန်ထက်အပူချိန်မြင့်တတ်နေခြင်း)

    (၂) မှိုင်တွေခြင်း ( မထဘဲအိပ်နေခြင်း၊မောင်းထသော်လည်းခနသာ ထပြီးပြန်အိပ်နေခြင်း)

    (၃) အစာမစားခြင်း ( အစာလုံးဝမစားခြင်း(သို့)အနည်းငယ်သာစားခြင်း)

    (၄) ဝမ်းချုပ်ခြင်း (ဝမ်းမသွားဘဲဝမ်းချုပ်နေခြင်း)

    (၅)ဆီးချုပ်ခြင်း(ဆီးမသွားဘဲ ဆီးချုပ်ခြင်း - သို့သော် အချို့ဝက်များဆီးချုပ်ခြင်းမရှိဘဲ ဆီးပုံမှန် သွားတတ်ပါသည်) စသည့် ရေဘူယျ လက္ခဏာ (၅)မျိုးကို တွေ့ရတတ်ပါသည်။ ထိုသို့ရေဘူယျလက္ခဏာ (၅)မျိုးကို တွေ့ရပြီးနောက်မှ နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်းဖြစ်စေကြာပြီးမှ သက်ဆိုင်ရာရောဂါတမျိုးခြင်း၏ ထူးခြားသည့် လက္ခဏာများကို တွေ့ရ မည်ဖြစ်သည်။

    ဥပမာ-ဝက်ဝမ်းကျရောဂါဖြစ်ပါကစဖြစ်ခါစတွင် ကိုယ်ပူ၊မှိုင်၊အစာမစား၊ဝမ်းချုပ်၊ဆီးချုပ်စသည့်ရေဘူယျလက္ခဏာ (၄)မျိုးဖြစ်စေ၊(၅) မျိုးလုံးဖြစ်စေ တွေ့ရပြီး ၁-၂ ရက်ကြာမှ ဝမ်းကျရောဂါ၏ထင်ရှားသော လက္ခဏာများဖြစ်သည့် တကိုယ်လုံးပြာနှုန်းကာသွေးစက်သွေးကွက်များအရေပြားတွင်ပေါ်လာခြင်း၊ မျက်ဝတ်အပြစ်များထွက်ခြင်း၊ စသည် တို့တွေ့ရကာနောက်ထပ်ရက်အနည်းငယ်ကြာပါက သေဆုံးသွားမည်ဖြစ်သည်။

    အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပါကလည်း ဖြစ်ခါစတွင် ကိုယ်ပူ၊ မှိုင်၊ အစာမစား၊ ဝမ်းချုပ်၊ ဆီးချုပ်ခြင်းများ ကိုတွေ့ရပီးမှနာရီပိုင်းဖြစ်စေ၊ရက်အနည်းငယ်အကြာတွင်ဖြစ်စေ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၏ထင်ရှားသော လက္ခဏာများဖြစ်သည့်ဝက်သည် အန်ပီးသွေးပါခြင်း၊ ဝမ်းသွားပီးသွေးပါခြင်း၊ တက်ခြင်းများ၊ ဆေးထိုးသည့်နေရာ တွင်သွေးများပြန်ထွက်ခြင်းများကိုတွေ့ရပီးနာရီပိုင်းဖြစ်စေ၊ရက်အနည်းငယ်ကြာလျင်ဖြစ်စေသေဆုံးသွားမည် ဖြစ် သည်။

    ထို့ကြောင့်ဝက်မွေးမြူသူများအနေဖြင့် မိမိ၏ဝက်သည် ဝက်ဝမ်းကျရောဂါဖြစ်သလား၊ အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်သလား၊ ဘက်တီးရီးယားရောဂါဖြစ်သလား ဆိုသည်ကိုရောဂါဖြစ်စတွင် မည်သို့မှသိနိုင်မည်မဟုတ်ပါ။ သို့သော်မိမိမွေးထားသောဝက်သည် ကိုယ်ပူ၊မှိုင်၊အစာမစား၊ဝမ်းချုပ်၊ဆီးချုပ် သည့်ရောဂါလက္ခဏာ(၄) မျိုးဖြစ် စေ၊ (၅)စလုံးမျိုးဖြစ်စေ (၁)ရက်ထက် ပိုတွေ့နေရပါက မိမိ၏ဝက်သည် ကူးစက်ရောဂါ တမျိုးမျိုး စတင်ဖြစ်ပွား နေပီဆိုသည်ကို သိကာ ဆေးကုသမှု ကိုပြုလုပ်ပေးရမည်။

    ·      ဖြစ်သောကူးစက်ရောဂါသည် ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်(စ) ကြောင့်လားမသိနိုင်သော်လည်း ဘက်တီးရီးကြောင့် ဖြစ် သလားဆိုသည်ကိုတိကျစွာမသိနိုင်သော်လည်း လည်း မဖြစ်မနေ ပေးရမည့်ဆေး မှာ ပဠိဇီဝဆေးတမျိုးမျိုး ဖြစ်ပါသည်။

    ဘက်တီးရီးယားဖြစ်နေပါက..................ပဋိဇီဝဆေး ၂-၃ ရက် ထိုးပါက ပြန်ကောင်းမည်။

    ဗိုင်းရပ်(စ) အပြင်းစားဖြစ်ပါက...............ပဋိဇီဝဆေး ၂-၃ ရက်ထိုးသည့်အတောအတွင်းသေဆုံးမည်ဖြစ်သည်။

    ဗိုင်းရပ်(စ) အပျော့စားဖြစ်ပါက...............ပဋိဇီဝဆေး ၂-၃ ရက်ထိုးသော်လည်း ပြန်မကောင်း (သို့သော်) မသေဘဲ ရက်အနည်းငယ်ကြာမှ တဖြည်းဖြည်းပြန်ကောင်းမည်ဖြစ်သည်။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60439

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
10
comments
0
views
8395