မွေးမြူရေးစလုပ်ဖို့ ဘယ်တိရစ္ဆာန်ကိုရွေးချယ်မွေးမြူသင့်သလဲ? (၃)
မိုးရွာသွန်းတဲ့ ဒေသတွေအတွက်ကတော့ ဒေသကြက်> ဝက်> နွား> ဆိတ် ဆိုပီး အစီစဥ်အလိုက်ဖြစ်ပါတယ်။
၁၂။ ကိုင်တွယ်ထိန်းသိမ်းမှု လွယ်ကူခြင်း
ကိုယ်မွေးထားတဲ့ တိရစ္ဆာန်ကို မည်သူမဆိုကိုင်တွယ်ထိန်းသိမ်းနိုင်ရင် အကောင်းဆုံးပါ။ ဒေသကြက်နဲ့ ဝက်ကို မည်သူမဆိုကိုင်တွယ်ထိန်းသိမ်းနိုင်ပေမဲ့ နွား၊ဆိတ်တွေကို ယောက်ကျား သားများသာ ကိုင်တွယ်ထိန်းသိမ်းရ လွယ်မှာပါ။ ဆိုလိုချင်တာက နွား၊ ဆိတ်ဆိုရင် အမျိုးသမီးတွေထိန်းသိမ်းရခက်တဲ့အတွက် အမျိုးသမီးများသာရှိတဲ့ အိမ်တွေအတွက် အဆင်မပြေပါဘူး။
ဒေသကြက်> ဝက်> ဆိတ်> နွား
အထက်ပါ အချက် ၁၂ ချက်အပြင် အခြားအချက်တွေလည်းရှိနိုင်ပါသေးတယ်။ အဲဒီတော့ အခုမှ မွေးမြူရေးစလုပ် ဖို့ စိတ်ကူးရှိသူတွေအနေနဲ့ အထက်ပါအချက် ၁၂ ချက်နဲ့များများကိုက်ညီမဲ့ တိရစ္ဆာန်ကိုရွေးချယ်မွေးပါလို့ အကြံပြု လိုပါတယ်။
ယေဘုယျအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းလို ပူပြင်းခြောက်သွေ့တဲ့နေရာတွေအတွက် မွေးသင့်တဲ့တာက
ဆိတ်> နွား> ဒေသကြက်> ဝက် အစီစဥ်လိုက်ဖြစ်ပါတယ်။
မိုးရွာသွန်းတဲ့ ဒေသတွေအတွက်ကတော့
ဒေသကြက်> ဝက်> နွား> ဆိတ် ဆိုပီး အစီစဥ်အလိုက်ဖြစ်ပါတယ်။
ဒီအတိုင်းပုံသေသတ်မှတ်ဖို့မဟုတ်ဘဲ အထက်က ဆိုတဲ့အချက်များကို ကြည့်ပြီး ရွေးချယ်ဖို့ဖြစ်ပါတယ်။
၁၃။ စျေးကွက် အလားအလာနှင့် စွန့်ဦးတီထွင်မွေးမြူခြင်း
ဒီအချက်ကတော့ အပေါ်ကပြောတဲ့ တိရစ္ဆာန် ၄ မျိုးနဲ့မပတ်သက်ဘဲ ကိုယ့်ဒေသမှာ လုပ်ရင်ဖြစ်နိုင် ပြီး (ရာသီဥတု၊ အစာကုန်ကျစရိတ်နည်း၊ ရောဂါနည်း အစရှိသဖြင့်ပေါ့) လူတွေသိပ်မမွေးတဲ့ တိရစ္ဆာန်ကို စွန့်စားမွေးနိုင်ရင်၊ လမ်း သစ် ဖောက်နိုင်ရင် အဲဒီစွန့်ဦးတီထွင်သူအတွက် အကျိုးအများကြီးရှိနိုင်ပါတယ်။ ကိုယ့်ဒေသမှာ သူများသိပ်မွေး လေ့မရှိတဲ့ ဘယ်တိရစ္ဆာန်ကို မွေးပြီး စျေးကွက်ရှာရမလဲဆိုတာ ကိုယ်ဖာသာကိုယ်ရှာဖွေစဥ်းစား ကြည့်ကြပါ။
ကျနော်မြင်မိတာက ယုန်၊ ပူး၊ ကြွက်၊ အစရှိတာတွေကို မွေးမယ်ဆိုရင် အရင်းနီးနည်းမယ်၊ အချိန်တိုမယ်၊ အစာ ကုန်ကျ စားရိတ်နည်းမယ်၊အချိန်တိုအတွင်း မြန်မြန်နဲ့များများပွားမယ်ဆိုတဲ့အားသာချက်တွေရှိပါတယ်။ ဒါပေမဲ့ စျေးကွက်မရှိတာဘဲဖြစ်နေသေးတဲ့အတွက် အဲဒီလိုမျိုး တိရစ္ဆာန်အတွက်စျေးကွက် ရှာနိုင်မယ်ဆိုရင်တော့ အဲဒီစွန့်ဦးတီထွင်မွေးသူအတွက် အကျိုးအမြတ်များမယ်ထင်ပါတယ်။
------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/420005277670248


NewsFeed
Communities
Explore
Inbox
Me
Market Price