cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း တပတ်စာ မိုးလေဝသအခြေအနေ နှင့် ရေလုပ်ငန်းအကြံပြုချက်

. Weather News
မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်မြို့နယ်နှင့် တံတားဦး၊ မြစ်ငယ်၊ မြစ်သား၊ ကူမဲ၊ စဉ့်ကိုင်၊ မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ သဲတော-ဝမ်းတွင်း၊ တောင်သာ၊ မလှိုင်၊ ပျော်ဘွယ်၊ ပုဂံ-ညောင်ဦး၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း စတဲ့ မြို့နယ်တွေမှာ အပူချိန်အနိမ့်ဆုံး ၁၅°C အောက် ၁၀°C အထိကျဆင်းနိုင်သည့် အခြေအနေဆက်၍ရှိနေပါမယ်။
  • ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ မုန်တိုင်းငယ် (Deep-Depression)အခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသော Depression သည် ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းမှာ Deep-Depression (မုန်တိုင်းငယ်)ဖြစ်လာပြီး အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ သီရိလင်္ကာကျွန်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ပါတယ်။ 

    ·          မုန်တိုင်းငယ် (90B) ဖြစ်ပေါ်နေသည့်အခြေအနေနှင့် ဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်းခန့်မှန်းချက်များအရ မြန်မာနိုင်ငံသို့ သက်ရောက်မှုလုံးဝ ရှိနိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အနောက်ဘက်နှင့် အရှေ့ဘက်မှ ရွေ့လျားဝင်ရောက်လာနိုင်မည့် တိမ်ဖြစ်ထွန်းမှုအနည်းငယ်ရှိနိုင်ပါတယ်။ မိုးရွာရန်မရှိပါ။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင် မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပြီး မိုးရွာရန်မရှိပါ။ 

    မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်မြို့နယ်နှင့် တံတားဦး၊ မြစ်ငယ်၊ မြစ်သား၊ ကူမဲ၊ စဉ့်ကိုင်၊ မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ သဲတော-ဝမ်းတွင်း၊ တောင်သာ၊ မလှိုင်၊ ပျော်ဘွယ်၊ ပုဂံ-ညောင်ဦး၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း စတဲ့ မြို့နယ်တွေမှာ အပူချိန်အနိမ့်ဆုံး ၁၅°C အောက် ၁၀°C အထိကျဆင်းနိုင်သည့် အခြေအနေဆက်၍ရှိနေပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်း ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက်-မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div 

    ·          မန္တလေးတိုင်းအတွင်းမှာ အနောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်နှုန်းအထိတိုက်ခတ်နိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% အတွင်းမှာရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၂၉°C အထိရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း မိုးရွာသွန်းသည့်အခြေအနေမရှိတော့သဖြင့် မြေဆီလွှာခမ်းခြောက်မှုအခြေအနေပိုမိုမြင့်တက်လာနိုင်ပါမယ်။ 

    ·          ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်) တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၃% ခန့် ရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ အထက်၊ ၂၀၀ အောက်တွင်ရှိနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး မကောင်းသူများအတွက် အန္တရာယ်ရှိသောအညွှန်းကိန်း level ဖြစ်ပါတယ်။ 

    ယခုတပတ်အတွင်း နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီအတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် ဇန်နဝါရီလကုန်ရက်များအထိ 6 to 7 ပတ်ဝန်းကျင် (HIGH) တွင်ဆက်လက်၍ရှိနေနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲစိုက်ပျိုးရာတွင် အမြစ်ခြောက်ဆွေးရောဂါကျရောက်ပါက အခြားမြေဆောင်ရောဂါများကဲ့သို့ အပင်ညှိုးသွားခြင်း မရှိပဲ တပင်လုံးကောက်ရိုးရောင်ပြောင်းနေသည့် အပင်ခြောက်များကို စိုက်ခင်းထဲတွင်တွေ့ရှိရတတ်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • ရောဂါဒဏ်ခံနိုင်သောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။ 
    • ရောဂါရပင်ကြွင်းပင်ကျန်များအား မီးရှို့ဖျက်ဆီးပေးပါ. 
    • သစ်ဆွေးဓာတ်ကြွယ်ဝသော သဘာဝမြေဩဇာများထည့်ပေးခြင်းဖြင့် မြေကိုပြုပြင်ပါ။ 
    • ဓာတုဆေးသုံးလိုပါက မစိုက်ခင်မြေပြင်ချိန်တွင် မြေအောင်မှိုသတ်ဆေး Cymoxanil ထည့်သွင်းခြင်း၊ မျိုးစေ့များအား မှိုသတ်ဆေး  Thiram ဖြင့် လူးနယ်၍ စိုက်ပျိုးပေးပါ။ 
    • ရောဂါစတင်တွေ့ရှိရပါက Mancozeb၊ Propamocab၊ Trifloxystrobin +Tebuconazole တို့ကို သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းခြင်းဖြင့် ကြိုတင်ကာကွယ်ပေးပါ။  

    ငါးသေခြင်း ရပ်စေရန် ဆောင်ရွက်ရန်အချက်များ 

    ငါးကန်ရေအရောင်သည် အစိမ်းရင့်ရောင် ဖြစ်နေပါက ကန်ရေအပေါ်လွှာ (၆)လက်ခန့် ကန်ရေကို ထုတ်ပြီး၊ ပြင်ပရေ ထပ်ဖြည့်ပါ။ ကန်ရေအရောင်သည် အစိမ်းနုရောင်ဖြစ်လာပါလိမ့်မည်။  

    ည(၁၂)နာရီကျော်ချိန်တွင် ကန်အောက်ခြေရှိ ရေကို စုပ်ပြီး ကန်အတွင်းသို့ ရေပြန်ချပေးပါ။ ည(၁၂)နာရီကျော်မှ မနက်ပိုင်း(၄)နာရီအထိ ဆောင်ရွက်ပေးပါ။ အဆိုပါ ဆောင်ရွက်ချက်သည် ကန်အောက်ခြေနှင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန်လည်ရရှိသဖြင့် ငါးများ သေဆုံးခြင်းကို ရပ်တန့်စေနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။ 

    --------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
28910