cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲမျိုးစုံအတွက် ဆာလ်ဖာဓာတ်(ကန့်ဓာတ်)၏ အရေးပါပုံ

. Plant Nutrition
တောင်သူဦးကြီးများ သိထားသကဲ့သို့ ပဲစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ် နှင့် ပိုတက်ဆီယံ တို့မှာ အဓိကလိုအပ်တဲ့ အာဟာရဓာတ်များဖြစ်ပါသည်။ သို့သော် စတုတ္ထအရေးအပါဆုံး အာဟာရဓာတ်မှာ ဆာလ်ဖာဓာတ်(ကန့်ဓာတ်)
  • ဖြစ်သည်ကို သတိမမူမိကြပေ။  ဆာလ်ဖာဓာတ် (ကန့်ဓာတ်)၏ ပဲပင်တွင် အဓိကလုပ်ဆောင်မှုမှာ အမိုင်နိုအက်ဆစ် ပါဝင်မှုကြောင့် ပရိုတင်းဖြစ်ပေါ်စေမှုများနှင့် ပဲအမြစ်ဖုဖြစ်ပေါ်စေမှုများတွင် အရေးပါသည်။  ပဲမျိုးရင်းဝင်အပင်များ၏ အမြစ်များတွင်ပဲမြစ်ဖုများကို ဖြစ်ပေါ်လာပါက အမြစ်ဖုအတွင်းရှိ ဘက်တီးရီးယား(Rhizobium)များ သည် လေထဲမှနိုက်ထရိုဂျင်ဖမ်းယူပေးပြီး အပင်အတွက်လိုအပ်သော အစာများ ချက်လုပ်ပေးသော ကြောင့် အပင်ကြီးထွားစေကာ ပဲအထွက်နှုန်းကို တိုးတက်စေနိုင်ပါသည်။ ဆာလ်ဖာဓာတ် (ကန့်ဓာတ်)မှာ အမြစ်ဖုများထဲမှ နိုင်ထရိုဂျင်လေးများကို အပင်ဆီသို့ ပို့ဆောင်ပေးနိုင်စွမ်းလဲရှိသောကြောင့် အပင်အတက်နှေးနေသည်ဟု ယူဆပါက ဆာလ်ဖာဓာတ် (ကန့်ဓာတ်)လိုအပ်နေခြင်းကြောင့်ဖြစ်သည်။ ထိုသို့ အပင်အတက်နှေးနေချိန်တွင် ဆာလ်ဖာအား မြေထဲသို့ဖြစ်စေ ရွက်ဖျန်းအနေနဲ့ ဖြစ်စေ အခြားသော မြေဩဇာများနှင့် ရောစပ်၍ အသုံးပြုပေးပါက အစာချက်လုပ်မှု အားကောင်းစေကာ အပင်ကြီးထွားလာစေနိုင်ပါသည်။ သို့သော် အပင်အမြန်တက်လိုဇောဖြင့် ဆာလ်ဖာဓာတ် (ကန့်ဓာတ်)အား အလွန်အကျွံ အသုံးပြု၍ မသင့်တော်ပါ။ ပဲစိုက်ခင်း ၁ ဧကလျှင် ဆာလ်ဖာ(သီးသန့်) ၂၀၀ ဂရမ်နှုန်းထပ်ပို၍ အသုံးမပြုသင့်ပေ။ ထို့အပြင် ဆာလ်ဖာ သည် အခြားသော ပိုးသတ်ဆေး/ မှိုသတ်ဆေးများဖြင့် ရောစပ်အသုံးပြု၍ မသင့်တော်သောကြောင့် ရောစပ်မည်ဆိုပါက နီးစပ်ရာ စိုက်ပျိုးရေးပညာရှင်များထံ မေးမြန်းပြီးမှသာ အသုံးပြုပေးပါ။ 

    ကိုးကားချက် : Systemic long-distance sulfur transport and its role in symbiotic root nodule protein turnover - ScienceDirect၊ nutritional-significance-of-sulphur-in-pulse-cropping-system-0974-8369-3-098.pdf 

    ---------- 

    ရတနာ (ထွက်တိုး) မှ ကိုးကားဖော်ပြသည်။ 

     ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
14
comments
0
views
26170