cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြက်မွေးမြူရေးတွင် အထွေထွေသိသင့်သည့်အချက်များ

. Market Price
ကြက်ခြံလေလုံသဖြင့် ညအိပ်စဥ်တွင် ချေးငွေ့မျက်စိထဲသို့ ရိုက်ခြင်း စသည်တို့ကြောင့် ကြာလာပါက ကြက်ကလေးမျက်လုံးတွင် မျက်ရည်များထွက်လာပါသည်။ ကြက်ကလးများမျက်စိစပ်သဖြင့် အတောင် ဖြင့် ပွတ်ရာမှ ဘက်တီးရီးယားပိုးများဝင်ရောက်လာကာ မျက်လုံးစတင်ယောင်လာကာကြာလာပါက မျက်စိတွင် အဖြူရောင်အဆံကြီး ဖြစ်လာခြင်းဖြစ်သည်။
  • (၁) အပူရှပ်ခြင်း

    ·      ကြက်များကိုလှောင်ထားသောအချိန်များတွင်နေပူမိခြင်းကြောင့်လည်းကောင်း၊ ကြက်ဥတင်းသည် နေပူမိခြင်းကြောင့်လည်းကောင်း၊ ကြက်များ အပူရှပ်ခြင်းများဖြစ်တတ်ပါသည်။

    ·      စဖြစ်ခါစတွင် ကြက်များအမောက်ပြာနှမ်းခြင်း၊ စအိုကျုံ့လိုက်ပွလိုက်ဖြစ်ခြင်း၊ ခေါင်းငိုက်စိုက်ကျကာ ခေါင်းမထောင်တော့ခြင်း၊ ပျော့ခွေသွားပြီး မကြာမှီသေဆုံးခြင်းများဖြစ်ပါသည်။

    ·      ထိုသို့လက္ခဏာများတွေ့ပါက ကြက်များကိုအရိပ်အောက်သို့ရွေ့ပြီး ရေတိုက်ပေးခြင်း၊ ယပ်ခပ်ပေးခြင်း၊ အဝတ်ကိုရေဆွတ်ပြီး ခေါင်းနှင့်ကိုယ်လုံးရှိ အမွေးများကို ပြောင်းပြန်လှန်ပြီးတိုက်ပေးခြင်း၊ ခြေထောက် ရေစိမ်ပေးခြင်း များပြုလုပ်ပေးရမည်။

      (၂) ကြက်ကျောက်ရောဂါ

    ·      အရပ်ခေါ် နှင်းသီးခြင်းဖြစ်သည်။

    ·      အလွန်ပျော့သော ဗိုင်းရပ်(စ) တမျိုးကြောင့် ဖြစ်ပွားရသည်။

    ·      အသက် ၁-၃ လ ကြက်ကလေးများတွင် အများဆုံးတွေ့ရတတ်သည်။

    ·      ဆောင်းရာသီတွင် ပိုတွေ့ရတတ်သည်။

    ·      ခြင်ကိုက်ခြင်း၊ ကြက်အချင်းချင်းခွပ်ရာမှလည်း ဖြစ်တတ်သည်။

    ·      ကြက်များ၏အမွေးမရှိသည့်နေရာများဖြစ်သည့် မျက်စိဝန်းကျင်၊နှုတ်သီးအရင်းများတွင် ထိပ်မဲနေသော အဖုကလေးများဖြစ်ပေါ်သည်။ ပါးစပ်၏အတွင်းပိုင်းတွင်လည်း အဖြူဖတ်များဖြစ်တတ်သည်။ မျက်စိတွင်ဖြစ်ပါက မျက်စိမမြင်ရသဖြင့် အစာမစားနိုင်ခြင်း၊ ပါးစပ်တွင်ဖြစ်ပါကလည်း အစာမစားနိုင်ခြင်း တို့ကြောင့်တဖြည်းဖြည်းနှင့်သေဆုံးသွားတတ်ပါသည်။

    ·      ဖြစ်သည့်နေရာအဖုကလေးများကို အရက်ပျံတို့ပေးခြင်း၊ သံပုရာသီးဖြင့်ပွတ်ပေးခြင်း၊ အိုင်အိုဒင်းရည်( ဘီတာဒိုင်း နီညိုရောင်အရည်) သုတ်လိမ်းပေးနိုင်ပါသည်။

    (၃) မျက်စိတွင်ပြည်ဖုများတည်ခြင်း

    ကြက်ကလေးများ အသက် ၁လမှ၂လ အတွင်းတွင် အများဆုံးတွေ့ရသည်။

    ဖြစ်ပွားရသည့်အကြောင်းရင်း

    ·      ကြက်ကလေးများ ပေါက်လာချိန်တွင် ကြက်မနှင့်ကြက်ကလေးများကို တောင်းထဲထည့်ကာ ရက်ရှည် ညသိပ်ခြင်း

    ·      ကြက်ကလေးများအိပ်သောနေရာသည် နိမ့်သဖြင့် ပါလိုက်သောချေးငွေ့များ ကြက်ကလေးများ၏ မျက်စိ ထဲ ကြာရှည်စွာ ဝင်ရောက်ခြင်း

    ·      ကြက်ခြံလေလုံသဖြင့် ညအိပ်စဥ်တွင် ချေးငွေ့မျက်စိထဲသို့ ရိုက်ခြင်း စသည်တို့ကြောင့် ကြာလာပါက ကြက်ကလေးမျက်လုံးတွင် မျက်ရည်များထွက်လာပါသည်။ ကြက်ကလးများမျက်စိစပ်သဖြင့် အတောင် ဖြင့် ပွတ်ရာမှ ဘက်တီးရီးယားပိုးများဝင်ရောက်လာကာ မျက်လုံးစတင်ယောင်လာကာကြာလာပါက မျက်စိတွင် အဖြူရောင်အဆံကြီး ဖြစ်လာခြင်းဖြစ်သည်။ ကြက်များလည်း တဖြည်းဖြည်းပိန်ပြီး နောက်ဆုံး တွင် သေဆုံးတတ်ပါသည်။

    ကုသခြင်း

    ·      ကြက်ခြံကို အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပါ။

    ·      မျက်လုံးစတင်နာချိန် မျက်ရည်စထွက်ချိန်တွင် လူသုံးသော မျက်စဥ်းဆေးကို တနေ့ (၂) ကြိမ်ခပ်ပေး ပါ။

    ·      မျက်လုံးတွင်အဆံဖြစ်ပါက ညှစ်ထုတ်ပြီး မျက်စဥ်းဆေးခပ်ပေးပါ။

    ·      အောက်စီတက်ထရာဆေးလုံးကို မနက်တကြိမ်၊ ညနေတကြိမ် ၃ ရက်ဆက်တိုက်တိုက်ပေးပါ။

    ·      စိမ်းစိုသော အရွက်များကို များများကျွေးပါ။

    ·      ကြက်အိပ်စင်ကို မြှင့်တင်ပေးပါ။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60520

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
31
comments
0
views
51706