cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အညှောင့်ပေါက်နေတဲ့ အာလူးကို စားသင့်လား

. Health Articles
အဲဒီဖြစ်စဥ်အတွင်း အာလူးကနေ ဂလိုင်ကို အယ်ကာလွိုက် (glycoalkaloids) လို့ ခေါ်တဲ့ သဘာဝ အဆိပ်တွေကို ထုတ်လုပ်ပါတယ်၊ သူတို့က အပင်ပေါက်လေးကို မှိုတွေ၊ အင်းဆက်တွေ ရန်ကနေ ကာကွယ်ဖို့ အတွက်ပါ။
  • မီးဖိုထဲမှာ ညစာချက်ဖို့ ပြင်ဆင်ကြရင်း  အာလူးမှာ အညှောင့်ပေါက်နေတာမျိုး ကြုံဖူးမှာပါ။ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဟာ အပင်သစ်ပေါက်ဖို့ အချိန်တန်ရင် အတက်တွေ၊ အညှောင့်တွေ ထွက်လာတတ်ပါတယ်။ သူတို့က ဘေးကင်းပါရဲ့လား ၊  စားလို့ စိတ်ချရမလား ၊ အမှိုက်ပုံးထဲ ပစ်လိုက်ရ မလား ဆိုပီး အဲဒီအချိန် စားသင့် မစားသင့် ဆိုတဲ့ အတွေး ပေါ်တတ်ပါတယ်။ အာလူးက အညှောင့် ပေါက်လာတာဟာ အာလူးပင် အသစ်တခု ဖြစ်လာတော့မယ် ဆိုတဲ့ ပုံမှန် သဘာဝ လက္ခဏာကို ပြတာပါ။ 

    အဲဒီဖြစ်စဥ်အတွင်း အာလူးကနေ ဂလိုင်ကို အယ်ကာလွိုက် (glycoalkaloids) လို့ ခေါ်တဲ့ သဘာဝ အဆိပ်တွေကို ထုတ်လုပ်ပါတယ်၊ သူတို့က အပင်ပေါက်လေးကို မှိုတွေ၊ အင်းဆက်တွေ ရန်ကနေ ကာကွယ်ဖို့ အတွက်ပါ။ အဲဒီ ဒြပ်တွေထဲက ဆိုလနင်း (solanine) ဆိုတဲ့ အဆိပ်ဓာတ် တမျိုးကို အာလူး၊ ခရမ်းချဥ်သီး၊ ပန်းငရုတ်သီး (peppers) တို့ အပါအဝင် လူတွေ စားကြတဲ့ အသီး အများအပြားမှာ တွေ့ရပါတယ်။ သူတို့ကို ရိတ်သိမ်းခူးဆွတ်ပြီး လှောင်ထားရင် သဘာဝ အဆိပ်ဓာတ်ရဲ့ ပါဝင်မှုက ပိုတိုးလာတတ်ပြီး ဒါက လူသားတွေ အတွက်ဖြစ်စေ၊ တိရိစ္ဆာန်တွေအတွက်ဖြစ်စေ အန္တရာယ် ရှိတတ်ပါတယ်။ 

    အညှောင့်ထွက်နေတဲ့ အာလူးမှာ ဘေးဖြစ်စေတာက ဂလိုက်ကို အယ်ကာလွိုက်ပါ၊ သူတို့ဟာ အာလူးရဲ့ အရသာကို ခါးစေပြီး စားလိုက်ရင် များသောအားဖြင့် အန်စေတဲ့ အထိ ဖြစ်တတ်ပါတယ်။ ဒီသဘာဝ ဓာတုဒြပ်က အာလူးတွေ အစိမ်းရောင်ရှိနေချိန်မှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ အစိမ်းရောင်ဖြစ်နေတဲ့ အာလူးတွေကို မစားသင့်တာပါ။ တကယ်လို့ အညှောင့်က အာလူး အသားထဲမှာ အတော် အခြေစိုက်ပြီး စိုက်နေရင် အညှောင့်တွေကို ဖယ်ထုတ်မယ်၊ အာလူးကလည်း ပုပ်နေတဲ့ လက္ခဏာ မရှိဘဲ အသားက တင်းတင်းမာမာရှိတယ်ဆိုရင် စားလို့ ရနိုင်ပါတယ်။ သို့သော် အာလူးက အစိမ်းရောင် သန်း နေတယ်ဆိုရင်တော့ လွှင့်ပစ်တာ အကောင်းဆုံးပါ။ 

    အစိမ်းရောင်ဖြစ်မနေတဲ့ အာလူးမှာ ဆိုလနင်းဓာတ် ပါတာ နည်းပါတယ်၊ ဒါပေမဲ့ အစိမ်းရောင် မပါလဲ အာလူးမှာ ဆိုလနင်း အဆိပ်ရှိသေးတာကြောင့် အာလူးကို မချက်ပြုတ်ဘဲ အစိမ်းစားဖို့ မသင့်ပါဘူး။ အားသိပ်မပြင်းတဲ့ ဆိုလနင်း အဆိပ်မိရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေထဲ ဝမ်းပျက် ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်မှာ အလွန်အမင်းနာတာ စတာတွေ ပါဝင်ပါတယ်။ သိပ်ပြင်းထန်တယ် ဆိုရင်တော့ မူးဝေတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ အားနည်းတာ၊ အမြင်အာရုံ မကြည် လင် တာ တွေ ဖြစ်တတ်ပြီး သတိမေ့သွားတာမျိုး၊ တချို့ဆို သေဆုံးတဲ့ အထိ ဖြစ်တာမျိုးတွေ ရှိပါတယ်။ 

    အဆိပ်ရှိတဲ့ အာလူးကို စားမိရင် မိနစ်ပိုင်းအတွင်းကနေ နောက် ၂ ရက် လောက်မှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ 

    အညှောင့်ပေါက်နေတဲ့ အာလူးတွေ အတွက် အကြံပြုချက် 

    • အညှောင့်က သေးသေးပဲဆိုရင် မချက်ခင် ဖြတ်ထုတ်လိုက်ပါ။ 
    • အညှောင့်က တလက်မလောက် ရှည်နေပြီ ဆိုရင်တော့ အာလူးကို လွှင့်ပစ်လိုက်ပါတော့။ 
    • အာလူးမှာ စိမ်းနေတဲ့ အပိုင်းတွေကို ဖြတ်ထုတ်ပစ်ပါ၊ ဒါတွေက အဆိပ်တွေ ပါဝင်မှု များနေတာကို ပြနေတာပါ။ 
    • အာလူးက ပုပ်နေတဲ့၊ မှိုတက်နေတဲ့ လက္ခဏာတွေ ပြနေရင် ပစ်ထုတ်လိုက်ပါ။ 

     *** အညှောင့်ထွက်နေတဲ့ အာလူးကို အပင်စိုက်ဖို့ လုပ်မယ်ဆိုရင် ကိုင်တွယ်တဲ့နေရာမှာ သတိထားပါ၊ အညှောင့်က ထွက်နေတဲ့ အဆိပ်ဓာတ်က ကိုယ့်လက်မှာ ဖြတ်ရှရာတွေ ရှိရင် အဲဒီက တဆင့် အဆိပ်က ကိုယ့်ခန္ဓာကိုယ်ထဲကို ဝင်နိုင်ပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိနေရင်၊ သင်ဟာ နို့တိုက်နေရတဲ့ မိခင်ဖြစ်နေရင် ပိုပြီး သတိထားပါ။ ***  

    အာလူးကို ဘယ်လို သိမ်းထားရမလဲ 

    အာလူးကို ကြာကြာသိမ်းနိုင်အောင် အေးပြီး ( ၃ - ၁၀ ဒီဂရီ စင်တီဂရိတ်) ခြောက်သွေ့တဲ့၊ အလင်းရောင် မဝင်တဲ့ နေရာမှာ သိမ်းပါ။ မသိမ်းခင် အာလူးတွေကို ရေနဲ့ မဆေးပါနဲ့၊ အစိုဓာတ် ရှိသွားရင် ပုပ်သွားနိုင်ပါတယ်။ ကြက်သွန်တွေနဲ့ နီးတဲ့နေရာမှာ မသိမ်းပါနဲ့၊ သူတို့ ၂ ခုလုံးက အစိုဓာတ်နဲ့ ဓာတ်ငွေ့ထွက်တတ်ပြီး အဲဒါက အတက် အညှောင့် ထွက်နှုန်းမြန်စေတတ်ပါတယ်။ 

    ----------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
5
comments
0
views
16336