ဝက်တွင်ကျရောက်သော ကပ်ပါးရောဂါများ
· အတွင်းကပ်ပါးပိုးများနှင့် အပြင်ကပ်ပါးပိုးများဟု (၂) မျိုးခွဲခြားနိုင်သည်။
(၁)အတွင်းကပ်ပါးပိုးများ
· ဝက်၏ ခန္ဓာကိုယ်အတွင်းတွင် ရှိသောသံကောင်များ ဖြစ်ပါသည်။ သံကောင်များသည် ပုံသဏ္ဉန် အမျိုးမျိုးရှိကာ ဝက်၏ အစာအိမ်၊ အူ ၊အသဲ၊ အဆုပ် စသည့်နေရာအမျိုးမျိုးတွင် တွယ်ကပ်ပြီး ဝက်များ၏ အဟာရကို စုပ်ယူစား သောက်ပီးထိုနေရာများကိုလည်း ပျက်စီးစေပါသည်။
· သံကောင်များရှိပါက ဝက်များသည် အစာစားသော်လည်း အစာစားမကောင်းခြင်း၊ ပိန်ချုန်းခြင်း၊ ကြီးထွားမှု မကောင်းခြင်း၊ အမွှေးခြောက်သွေ့ခြင်း၊ မကြာမကြာဝမ်းပျက်ခြင်း၊ မကြာမကြာ ချောင်းဆိုး ခြင်း စသည့်လက္ခဏာများကိုတွေ့ရတတ်သည်။
(၂) အပြင်ကပ်ပါးပိုးများ
· အပြင်ကပ်ပါးပိုးများမှာ-ဝက်၏ ခန္ဓာကိုယ်ပြင်ပတွင် တွေ့ရတတ်သော ဝဲပိုး၊ မွှား၊ သန်း၊ အစရှိသည် တို့ဖြစ် သည်။ အပြင်ကပ်ပါးများရှိပါက ဝက်များတွင် ဝဲစွဲခြင်း၊ အရေပြားအက်ကွဲနာများဖြစ်ခြင်း၊ ပိန်ချုန်းခြင်း၊ အမွှေးများ ခြောက်သွေ့ခြင်းများကို တွေ့ရသည်။
· ထို့ကြောင့် ရေဘူယျအားဖြင်းမှတ်သားရန်မှာ ကပ်ပါးပိုးကြောင့်ဖြစ်ပါက ဝက်များသည်များသောအားဖြင့် ကိုယ်ပူခြင်း၊ မှိုင်ခြင်း၊ အစာမစားခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်းများမရှိပါ။ အစာစားသော်လည်း အစာစားမကောင်းခြင်း၊ ပိန်ခြင်း၊ ကြီးထွားမှုမကောင်းခြင်း၊ ဝမ်းမကြာမကြာပျက်ခြင်း၊ မကြာမကြာ ချောင်းဆိုးခြင်းတို့ ဖြစ်တတ်သည်ဆိုသည့်အချက် ဖြစ်သည်။
· အတွင်းကပ်ပါးဖြစ်စေ၊ အပြင်ကပ်ပါးဖြစ်စေ အိုင်ဗာမက်တင်ဟုခေါ်သော သံချဆေးကို ထိုးပေးနိုင်ပါသည်။
· အတွင်းကပ်ပါးများအတွက် အိုင်ဗာမက်တင်အပြင် ဘင်ဒဇောအုပ်စုဆေးများ၊ လီဗာမီစောဆေးများ ကိုလည်း တိုက်နိုင်ပါသည်။
· မိမိဝယ်သော ဝက်ဖြစ်စေ၊ အိမ်တွင်ပေါက်သော ဝက်ဖြစ်စေ၊ ဝက်အသက် ၂လရှိပါက သံချဆေး ပထမ အကြိမ်ထိုးပါ။ ၂လခွာပြီး ဒုတိယ အကြိမ်ထိုးပါ။ နောက်ထပ် ၆လ ကြာတွင် တတိယ အကြိမ်ထိုးပါ။ နောက်ထပ် ၆ လ ကြာတိုင်း တစ်ကြိမ်စီ ထပ်ထိုးပါ။ (စားဆေးကိုလည်း အထက်ပါအတိုင်း တိုက်နိုင်ပါသည်။)
· အထက်ပါ ဇယားအရ မိမိတွင်ရှိသော ဝက်သည် မတ်လ(၁)ရက်တွင် အသက် ၂ လပြည့်ပြီးပါက မတ်လ ၁ ရက်တွင် ပထမအကြိမ်သံချဆေးထိုးပါ။ နောက်ထပ် ၂ လအကြာ မေလ (၁) ရက်နေ့တွင် ဒုတိယ အကြိမ်ထိုးပါ။ နောက်ထပ်(၆)လကြာ နိုဝင်ဘာ (၁)ရက်နေ့တွင် တတိယအကြိမ် စသည်ဖြင့် ထိုးသွားရန် ဖြစ်သည်။ (အတိကျမဟုတ်ပါ၊ ရက်အနည်းငယ်စောနိုင်၊ နောက်ကျနိုင်ပါသည်။)
· ထိုနည်းတူစွာပင် မိမိမွေးထားသော ဝက်သည် ဇွန်လတွင် ၂ လပြည့်ပါက အထက်ပါအတိုင်းတွက်ပြီး သံချဆေးကို ပေးနိုင်ပါသည်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60569
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


NewsFeed
Communities
Explore
Inbox
Me
Market Price