cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ထမင်းမြိန်စေတဲ့ “ဆိတ်ဖူး”လေးမှာ ကျန်းမာရေးကောင်းကျိုးတွေများစွာရှိတာ သင်သိပါသလား?

. Health Articles
ဆိတ်ဖူးဥ သောက်ပါ။ တစ်လအတွင်း သက်သာလာပါလိမ့်မယ်။ ဆရာဝန်တွေတောင် အံ့သြသွားပါတယ်။ တစ်ပတ်ကို သုံးရက်သောက်ပါ။ စမ်းသောက်ကြည့်ပါ။
  • မြန်မာအမည် - ဆိတ်ဖူး 

    ရုက္ခဗေဒအမည် - Boesenbergia rotunda 

    အင်္ဂလိပ်အမည် - Chinese keys, finger root, lesser galangal, Chinese ginger 

    Family - Zingiberaceae  

    ဆိတ်ဖူးပင်ဟာ အလွန် ဆေးဖက်၀င်ပါတယ်။ မြန်မာ့တိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေးများမှာလည်းဆိတ်ဖူးကို ထည့်သွင်း အသုံးပြုကြပါတယ်။ တိုင်းရင်းသားအများစုရဲ့ ရိုးရာစာလည်း ဖြစ်ပါတယ်။ သိသလောက်တော့ ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ထားဝယ်နဲ့ ကဒူးတိုင်းရင်းသားများ ဆိတ်ဖူးကို စားသုံးကြပါတယ်။ အနီပင်နှင့် အဖြူပင် နှစ်မျိုးရှိပြီး နှစ်မျိုးလုံး သုံးလို့ရပါတယ်။ 

    ဆိတ်ဖူးကို အင်ဒိုနီးရှားတွင် (temu kunci) လို့ခေါ်တွင်ပြီး Javanese cuisine ဆိုသော ဟင်းလျာထဲမှာ သူက မပါမဖြစ်ပါ။  

    တရုတ်နိုင်ငံတွင်မူ ချက်ပြုတ်စားသည်ထက် ဆေးဝါးအဖြစ် အသုံးများပါတယ်။  

    ထိုင်းဟင်းလျာ အတော်များများတွင် ဆိတ်ဖူးကို flavouring agents အဖြစ်အသုံးပြုကြပါတယ်။ store ဆိုင်တိုင်းလိုလို မှာ ဆိတ်ဖူးအမြစ်ကို ၀ယ်လို့ရပါတယ်။  

    မြေအောက်ပင်စည်ကို ဆေးဝါးအနေနဲ့လည်း သုံးပါတယ်။ ခံတွင်းတွင် နှင်းခူနာများပေါက်ခြင်း (oral eczema)၊ ခံတွင်းထဲရှိ အနာခွက် ပြည်တည်နာ (mouth ulcer) နှင့် dry mouth ရောဂါများကို ကုသရာမှာ အစွမ်းထက်လှပါတယ်။ 

    ၀မ်းကိုက်ရောဂါ၊ ၀မ်းဗိုက်နာကျင်ခြင်း တွေကိုလည်းကုသနိုင်ပြီး the antifungal ဂုဏ်သတ္တိလည်းရှိပါတယ်။  

    ယောင်္ကျားအားတိုးဆေး၊ ကာမ အားတိုးဆေး အနေဖြင့်လည်း ဖော်စပ်သုံးစွဲကြပါတယ်။  

    လေနာရောဂါများ၊ နှလုံးရောဂါ တမျိုးကြောင့် ကိုယ်လက်လှုပ်ရှားသည့်အခါ ရင်ခေါင်းတွင် စူးအောင့်ခြင်း ဖြစ်ပါက စားသုံးပေးနိုင်သည်။ အစာ‌ကြေပြီး အစာအိမ်နှင့်ဆိုင်သောရောဂါများ အရေပြားဆိုင်ရာပြသနာများကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။  

    အသုံးပြုပုံ  

    ၁။ ဆိတ်ဖူးပင်ဥကို ထောင်း၊ အရည်ညှစ်ပြီး ထန်းလျက်အရက်နှင့်ဆတူဖျော် တနေ့ ၃ ကြိမ် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ သက်သာပျောက်ကင်းစေပါတယ်။ 

    ၂။ ဆိတ်ဖူး၊ မျှစ်နု၊ ပုစွန်ဘော့ချိတ်တို့ကို ရဲယိုရွက်ဖြင့် ထုပ်ပြီး ပေါင်းစားလို့ရပါတယ်။ 

    ၃။ ဆိတ်ဖူးကို ပုစွန်ခြောက်နှင့် ကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖျော်ထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာ ရှိပါတယ်။  

    ၄။ ဆိတ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက် ပြေစေတယ်။ 

    ၅။ ဆိတ်ဖူးကို ရေစင်စင် ဆေးပြီး အစိမ်း တို့စရာအဖြစ် စားသုံးနိုင်သလို ဆိတ်ဖူးငါးပိထောင်းလည်း ထောင်းစားလို့ရပါတယ်။ 

    ၆။ ငါးကင်လေးနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းခတ်ပြီး ဆိတ်ဖူးဟင်းခါးချက်သောက်ရင် အအေးမိ နှာစေး တုပ်ကွေးရောဂါကို နိုင်ပါတယ်။   

    ၇။ ဆိတ်ဖူးကို ရိတ်ရိတ်လှီး၊ ကြက်သွန်နီပါးပါး၊ ဆီချက်၊ မြေပဲထောင်း၊ နှမ်းလှော်ထည့် သံပရာရည်ညှစ်သုပ်စားရင် အင်မတန် ထမင်းမြိန်ပါတယ်။    

    #အရိုးပွရောဂါ၊ #အရိုးပါးရောဂါ၊ #အရိုးကြွပ်ရောဂါ၊ #ခြေထောက် နှင့် #ဒူး အရိုးအဆစ်တွေ မကောင်းတဲ့ရောဂါရှိရင်....... 

    ဆိတ်ဖူးဥ သောက်ပါ။ တစ်လအတွင်း သက်သာလာပါလိမ့်မယ်။ ဆရာဝန်တွေတောင် အံ့သြသွားပါတယ်။ တစ်ပတ်ကို သုံးရက်သောက်ပါ။ စမ်းသောက်ကြည့်ပါ။ 

    ပါဝင်ပစ္စည်းများ...... 

    1. ရေ 300 မီလီလီတာ 

    2. ဆိတ်ဖူးဥ 2 ကျပ်သား 

    ပြုလုပ်နည်း..... 

    1. ဆိတ်ဖူးဥကို ပြင်ဆင်ပါ။ သန့်စင်အောင် ရေသေချာဆေးကြောပြီး အတုံးသေးသေးလေးတွေ လှီးပါ။2. ပြီးရင် ကြိတ်စက်ထဲထည့်ပါ။ ရေ 300 မီလီလီတာထည့်ပြီး နူးညံ့အောင်ကြိတ်ပါ။ ပြီးရင် ဇကာနဲ့စစ်ပြီး အရည်ကိုယူပါ။ (အရမ်းညှစ်မယ်ဆိုရင် ခါးသက်သွားနိုင်လို့ သတိထားပါ။) 

    ကြိတ်စက်မရှိရင် ထု၊ ထောင်းပြီးလုပ်လဲ ရပါတယ်။ 

    3. သောက်တဲ့အခါမှာ ဆိတ်ဖူးဥကို ရေနဲ့ရောပါ။ သံပုရာရည်နဲ့ ပျားရည်အနည်းငယ်ထည့်ပါ။ တစ်နေ့ကို 1-2 ခွက်သောက်ပါ။ တစ်ပတ်ကို 2-3 ရက်လောက် သောက်ပါ။ တစ်လပြည့်ရင် အရိုးသိပ်သည်းဆ တိုးတက်လာပါလိမ့်မယ်။  

    မူရင်းရေးသားသူအား လေးစားစွာဖြင့် ဖော်ပြသည်။ 

    -------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
13289