ထန်းရည်မကြိုက် လူမိုက် လို့ပြောရမလိုဖြစ်နေတဲ့ ထန်းရည်သောက်ခြင်းရဲ့ ကောင်းကျိုးများ
ထန်းပင်ပေါက်သော မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတွင် အများဆုံး တွေ့ရသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရသည်။ "'ထန်းရည်နဲ့ ငပိ လူမသိစေနဲ့"' ထိုစကားသည် ထန်းရည်၏ စွဲမက်ဖွယ်အရသာ ကောင်းမွန်မှုကို အမွန်းတင်သော စကား၊ ငပိသည်လည်း မြန်မာအများစု အလွန်နှစ်သက်သောကြောင့် ထမင်းဝိုင်းတွင် မပါမဖြစ်သောအရာ၊ ထိုနှစ်ခုကို အမွှမ်းတင် တွဲစပ်ပြောလေ့ ရှိခြင်းဖြစ်သည်။ ထို့ပြင် ထန်းရည်အကြောင်း တစ်ဖွဲ့တနွဲ့ သီကုံးစပ်ဆိုထားသည့် သီချင်းများ၊ ကဗျာများပင် ရှိသည်။
ထန်းရည်ကို သောက်သုံးရန်၊ ထန်းလျက်၊ သကာပြုလုပ်ရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ထန်းရည်၌ အချို၊ အခါးဟူ၍ (၂) မျိုးရှိသည်။ ထန်းရည်အချိုကို သောက်လျှင် သကြားရည်ကဲ့သို့ ချို၏။ သို့သော် ရင်ခံတတ်သည်။ အခါးရည်ကိုသောက်လျှင် အရသာခါး၍ အရက်ကဲ့သို့ မူးယစ်စေသည်။ အချိုရည်သည် ကဇော်မပေါက်မီ ဆက်ကရင်း သကြားပါသော အရည်တစ်မျိုးပင်ဖြစ်၏။ ယင်းကို နေမွန်းတည့်ကျော်သည်အထိထားလျှင် အခါးရည်ဖြစ်သွားသည်။ လတ်ဆတ်သော အချိုရည်ကို သောက်လျှင် ဝမ်းပျော့စေသည်။ ထန်းရည်ခံယူပုံမှာ ဤသို့ဖြစ်၏။ ဦးစွာ၌ အဖိုပွင့် သို့မဟုတ် အမပွင့် ပွင့်သော ထန်းနို့ကို ထုချေပစ်ရ၏။ ထိုနောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ဤကဲ့သို့ နေ့စဉ်လှီးပေး ခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် အမပင် (၂) မျိုးစလုံးမှ ထန်းရည် ရနိုင်၏။ ထန်းရည်လှိုင်သော ရာသီမှာ ဆောင်းတွင်းနှင့် နွေဦးပေါက်ရာသီဖြစ်၏။ အမပင်များမှ ထန်းရည်ကို မိုးတွင်း၌ပင်လျှင် ရရှိနိုင်သည်။ အမပင် သည် အဖိုပင်ထက် ထန်းရည် ၁ဆ သို့မဟုတ် ၁/၂ ဆမျှ ပိုထွက်၏။
ထန်းရည်ဆိုတာက ထန်းသီးကနေရတဲ့အရည်မဟုတ်ပါဘူး။ ထန်ဖူးကနေရတဲ့အရည်ပါ။ ထန်းရည်ကို သောက်စရာတစ်ခုအနေနဲ့သောက်လာခဲ့တာ အရင်ကတည်းကပါ။ ထန်းရည်မှာ အချိုနဲ့အခါးဆိုပြီး ရှိပါတယ်။ ဒီထန်းရည်က သဘာဝဆေးတစ်ခုအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သောက်စရာတစ်ခုလို့ပြောပါရစေနော်။
ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေရနိုင်ပါတယ်
ထန်းရည်မှာ အာဟာရဓာတ်အနေနဲ့
ဆူးခရို့စ်၊ ပရိုတင်း၊ Ascorbic acid၊ အမျှင်ဓာတ်၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်ပါတယ်။
ဒါ့ကြောင့် ထန်းရည်က သဘာဝလက်ဆောင်တစ်မျိုးပါ။
ထန်းရည်က ချိုပြီး အရသာရှိသလို အာဟာရနဲ့ဗီတာမင်တွေလည်းပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင် သောက်စရာတစ်မျိုးပေါ့။
ကင်ဆာတိုက်ဖျက်ပေးနိုင်ပါတယ်....
ထန်းရည်မှာ ဗီတာမင် B2 လို့သိကြတဲ့ riboflavin ပါဝင်နေပါတယ်။ riboflavin ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ကင်ဆာအန္တရာယ်ကနေကာကွယ်ဖို့ ထန်းရည်သောက်ပေးလို့ရပါတယ်။
အမြင်အာရုံကောင်းစေတယ်...
ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။
အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်...
ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ်နဲ့ဗီတာမင် B တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အထောက်အကူပြုပေးပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့လုပ်ဆောင်ပေးသလို တစ်ရှုးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင်စွမ်းလည်းရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ ခြေသည်းလက်သည်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးတယ်...
ထန်းရည်ကို နေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ်ဆိုရင် နှလုံးကျန်းမာစေတာအမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုက ထန်းရည်အများကြီးသောက်တာက အသည်းထိခိုက်နိုင်တယ်ဆိုတာပါ။
နို့ထွက်များစေနိုင်တယ်...
နို့ထွက်နည်းတဲ့မိခင်တွေအတွက် သောက်ပေးလို့ရတဲ့ သဘာဝနို့ရွှင်ဆေးတစ်လက်ပေါ့။ ဒါကြောင့် နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ သောက်ပေးလို့ရပါတယ်။
ထန်းရည်က ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း စဉ်းစားသင့်တဲ့ အချက်တစ်ခု ဖြစ်သလို မှတ်ဉာဏ်ကောင်းလိုသူတွေအတွက်လည်း သင့်တော်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ သွားဖုံးရောဂါတွေကို သက်သာစေနိုင်သလို ပင်ပန်းမှုကို ပြေလျော့ စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေပါတယ်။
ထန်းရည်ကို ဆေးဝါးဓါတ်စာအနေနဲ့အသုံးပြုမယ်ဆိုရင်တော့....
အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်မှာဖြစ်ပါတယ်....
မူရင်းရေးသားသူအား လေးစားစွာဖြင့် ဖော်ပြသည်။
--------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price