"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၁၃)
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ကြက်များကိုလှောင်ထားသောအချိန်များတွင်နေပူမိခြင်းကြောင့်လည်းကောင်း၊ ကြက်ဥတင်းသည် နေပူမိခြင်းကြောင့်လည်းကောင်း၊ ကြက်များ အပူရှပ်ခြင်းများဖြစ်တတ်ပါသည်။
· စဖြစ်ခါစတွင် ကြက်များအမောက်ပြာနှမ်းခြင်း၊ စအိုကျုံ့လိုက်ပွလိုက်ဖြစ်ခြင်း၊ ခေါင်းငိုက်စိုက်ကျကာ ခေါင်းမထောင်တော့ခြင်း၊ ပျော့ခွေသွားပြီး မကြာမှီသေဆုံးခြင်းများဖြစ်ပါသည်။
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (က) ၂ လ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
မိမိဝယ်သော ဝက်ဖြစ်စေ၊ အိမ်တွင်ပေါက်သော ဝက်ဖြစ်စေ၊ ဝက်အသက် ၂လရှိပါက သံချဆေး ပထမ အကြိမ်ထိုးပါ။ ၂လခွာပြီး ဒုတိယ အကြိမ်ထိုးပါ။ နောက်ထပ် ၆လ ကြာတွင် တတိယ အကြိမ်ထိုးပါ။ နောက်ထပ် ၆ လ ကြာတိုင်း တစ်ကြိမ်စီ ထပ်ထိုးပါ။ (စားဆေးကိုလည်း အထက်ပါအတိုင်း တိုက်နိုင်ပါသည်။)
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





NewsFeed
Communities
Explore
Inbox
Me
Market Price