cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒီရေတောမပျက် (ပတ်ဝန်းကျင်မထိခိုက်သော) ဂဏန်းမွေးမြူရေးလုပ်ငန်း

. Fish Articles
ယခုအချိန်တွင် ကမ္ဘာကြီးပူနွေးလာခြင်း နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်းတို့ကြောင့် ဂေဟစနစ်များပျက်စီးလာပြီး အသက်မွေးဝမ်းကြောင်းများ ထိခိုက်လာသည်ဟုဆိုကြပါသည်။ ထို့ကြောင့် ဒီရေ တောများပြန်လည် စိုက်ပျိုးခြင်း နှင့် လက်ကျန်ဒီရေတောများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေကြပါသည်။ ဒီရေ တောအတွင်း ဂဏန်းမွေးမြူလိုပါက အခြားသောနိုင်ငံများ မွေးမြူခြင်းစနစ်ကို လေ့လာပြီး မည်သည့် မွေးမြူ ရေးစနစ်နှင့် သင့်လျော်မည်ကို အကြံပြုတင်ပြအပ်ပါသည်။
  •            အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း နှင့်ဗီယက်နမ်နိုင်ငံများတွင် ဂဏန်း မွေးမြူရေးလုပ်ငန်းကို လွန်ခဲ့သော အနှစ်(၂၀)လောက်ကစတင်ဆောင်ရွက်ခဲ့ကြပါသည်။ တွေ့ရှိချက်များအရ (၁) ကန်တူးပြီး မွေးမြူခြင်း၊ (၂) ပတ်မြောင်းများတူးဖော်မွေးမြူခြင်း၊ (၃) ခြံခတ်ပြီး မွေးမြူခြင်း၊ (၄)လှောင်အိမ်ဖြင့် မွေးမြူခြင်းများတွေ့ရှိရပါသည်။

               ကန်းတူးဖော်ခြင်းနှင့် ပတ်မြောင်းတူး မွေးမြူခြင်းသည် မြေတူခြင်းနှင့် သစ်တောမြေကို အသုံးပြုရသဖြင့် ဒီရေတောများကို အနည်းနှင့်အျားဆိုသလို ထိခိုက်နိုင်ပါသည်။ ခြံခတ်မွေးမြူခြင်း နှင့် လှောင်အိမ်ဖြင့်မွေးမြူခြင်း သည် ဒီရေတောမထိခိုက်သဖြင့် အဆိုပါ နည်းဖြင့် မွေးမြူပါက အဆင်ပြေဆောင်ရွက်နိုင်ကြောင်းတင်ပြအပ်ပါ သည်။

               ဒီရေတောအတွင်းခြံခတ်ပြီး ဂဏန်းမွေးမြူပါက အားသာချက်များစွာရရှိပြီး ၊သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှု့အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့သော် မွေးမြူမည့် နေရာရွေးချယ်ခြင်း မှန်ကန်ရန် အရေးကြီးပါသည်။ မွေးမြူမည့် နေရာကို အောက်ပါအတိုင်းရွေးချယ်ပါက လုပ်ငန်းအောင်မြင်နိုင်ပါသည်-

    (၁) ရေငန်နှုန်းကောင်းသောနေရာဖြစ်ရမည်၊ မိုးကာလတွင် ရေငန်နှုန်း (5 ppt )အထက်ရှိစေရမည်။

    (၂) မွေးမြူမည့်နေရာ အောက်ခံမြေသားသည် ရွံနှုန်းမြေ ၊ သဲနှုန်းမြေ ဖြစ်ရမည်။

    (၃) ဒီရေအတက်အကျ ရှိသောနေရာ ဖြစ်ရမည် ( ၁၅ရက် တရေလျှင် အနည်းဆုံး၁၃ရက် ရေရောက်ရမည်)

        ဒီရေ အမြင့်သည် (၃)ပေထက်မကျော်သောနေရာဖြစ်ရမည်

    (၄)ဒီရေတောပင်များပေါက်ရောက်သောနေရာဖြစ်ပါက ပိုကောင်သည် ။သို့သော်အလင်ရောင် ၃၀%ရရှိရမည်

    (၅)လုံခြုံရေးကောင်းမွန်ပြီး သွားလာလွယ်ကူသော နေရာဖြစ်ရပါမည်။

               အဆိုပါနေရာတွင် ပိုက်ကွက်အကျယ် (၁)လက်မရှိသော ပိုက်ဖြင့် အမြင့် အနည်းဆုံး(၄)ပေ၊အများဆုံး (၆)ပေ အထိ ဒီရေတောကို ပတ်ပြီးကာရန်ပေးပါ။ ပိုက်အောက်ခြေကို မြေအတွင်း (၆)လက်မခန့် မြုပ်ပြီးကာရန် ပါ။ ပိုက်ကို အတွင်းဘက်သို့ ၄၅ဒီဂရီ စောင်းပြီးကာရန် ပေးပါ။ ပိုက်အရှည် ပတ်လည် (၈၀၀)ပေရှိပါက တဧက ရရှိပါမည်။ ပိုက်ခြံ အတွင်း ဂဏန်း (၈၀၀၀) မှ (၁၂၀၀၀)အကောင်ရေထည့်သွင်းမွေးနိုင်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
1
comments
0
views
7117