cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် မှ ဇန်ဝါရီလ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုတပတ်အတွင်း တိမ်ကင်းစင်သောရက်များနိုင်ပြီး၊ မိုးရွာရန်မရှိပါ။ ရန်ကုန်တိုင်းတခုလုံးတွင် အမြင့်ဆုံးအပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၉°C ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်မှထူးခြားသည့်အခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) သည် အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားပြီဖြစ်ပြီး အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားနေပါတယ်။ အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း NOKEAN သည် ဆက်လက်တည်ရှိနေပြီး ဇန်နဝါရီ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ပါတယ်။ 

    ·          ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့တွင်အထက်ဖေါ်ပြပါ မုန်တိုင်းများ DUDZAI နှင့် NOKEAN တို့ကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု လုံးဝရှိနိုင်မည်မဟုတ်ပါ။ 

    တပတ်အတွင်းအပူချိန်ဖြစ်နိုင်ချေခန့်မှန်း 

    ·          တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်၍ အေးနေနိုင်ပါဦးမယ်၊ အအေးလွန်ကဲခြင်း(အအေးလှိုင်းဖြတ်ခြင်း) မရှိနိုင်ပါ။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ဇန်နဝါရီလကုန်မှ စတင်၍ တဖြည်းဖြည်းပူနွေးလာနိုင်/နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ 

    ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေ နှင့် အပူချိန်ပြောင်းလဲနိုင်ချေခန့်မှန်း 

    ·          ယခုတပတ်အတွင်း တိမ်ကင်းစင်သောရက်များနိုင်ပြီး၊ မိုးရွာရန်မရှိပါ။ ရန်ကုန်တိုင်းတခုလုံးတွင် အမြင့်ဆုံးအပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၉°C ရှိနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရန်ကုန်တိုင်းတောင်ပိုင်းဒေသများဖြစ်သည့် သံလျှင်၊ ကျောက်တန်း၊ ဝါးဘလောက်သောက်၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်များတွင် အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါမယ်။ 

    ·          ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်တဲ့ ဗိုလ်တထောင်၊ ကျောက်တံတား၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ တာမွေ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်မြို့နယ်များ မှာ အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနေပြီး ဆောင်းရာသီရဲ့ အအေးဓါတ်ဆက်လက်ရရှိနေပါဦးမယ်။ 

    ·          ရန်ကုန်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာလည်း အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနေနိုင်ပါတယ်။ 

    ·          ရန်ကုန်တိုင်းမြောက်ပိုင်းအစွန်က တိုက်ကြီး၊ မှော်ဘီ၊ ဖေါင်ကြီး၊ လှည်းကူး စတဲ့ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါမယ်။ 

    ·          ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က 160 အထိ မြင့်တက်နေတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ သတိထားရမည့် level ဖြစ်ပါတယ်။ 

    ·          ရန်ကုန်တိုင်းရဲ့ လေထုစိုထိုင်းဆအခြေအနေသည် နေ့လည်ပိုင်းအချိန်များတွင် ကုန်းတွင်းဒေသများမှာ ၃၀% ဝန်းကျင်ရှိနေပြီး၊ ကမ်းရိုးတန်းအနီးမှာ ၅၀% မှ ၇၀% ခန့် ရှိနိုင်ပါတယ်။ 

    ·          ရန်ကုန်မြစ်ဝနှင့်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ လေတိုက်နှုန်းတနာရီ ၁၈ မိုင်ခန့်၊ လှိုင်းအမြင့် ၂ ပေ မှ ၂.၆ ပေခန့် ရှိနိုင်ပါမယ်။ 

    ·          ရန်ကုန်မြောက်ပိုင်းမြို့နယ်များအနက် မြစ်ချောင်းများနှင့် ဆည်ရေသောက်ဧရိယာများမှာ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၉% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၁၈% ရှိနေပါမယ်။ ရန်ကုန်တိုင်းတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းအနီးမှ မြို့နယ်များမှာတော့ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃၃% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၅၆% ရှိနေပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး/ပုစွန် ကန်များအတွက် အကြံပြုချက် 

    ရန်ကုနီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    ခုချိန် ငါးကန်တွေမှာ ဘက်တီးရီးယားပိုးပေါက်တဲ့အချိန်ဖြစ်၍ ရေကို စစ်ဆေးပေးရန်၊ 

    မြစ်ချောင်း၊ အင်းအိုင်များတွင်လည်း ရေကျချိန် ဘက်တီးရီးယားပိုးများပေါက်ချိန်ဖြစ်၍ အဆိုပါ ရေအရင်းမြစ်များမှ ရေကို ငါးကန်ထဲသွင်းချိန်တွင် ရေကို သေချာစစ်ဆေးပြီးမှာသာ သွင်းရန်၊ 

    ငါးအကြေးခွံကျွတ်ခြင်း၊ ငါးအနီစက်ကျခြင်းတွေ ကျရောက်ချိန်ဖြစ်၍ ထုံးနဲ့ ဆားထည့်ပေးရန်၊ 

    ငါးဗိုက်ဖောင်းခြင်း၊ ငါးအကြေးခွံကျွတ်ခြင်းတွေခံနိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစာထဲမှာ ပဋိဇီဝ ဆေးများ ထည့်ကျွေးပေးရန်၊ 

    ---------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
9510