cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် မှ ဇန်ဝါရီလ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ပဲခူးတိုင်းအနောက်ပိုင်းမှာ အနိမ့်ဆုံးအပူချိန် ၁၆°C ၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာ ၁၄°C နဲ့ ပဲခူးတိုင်းတောင်ပိုင်းက ပဲခူးမြို့မှာ ၁၈°C ရှိနေနိုင်ကာ ပဲခူးတိုင်းတခုလုံးအနေနဲ့ဆက်၍အေးနေပါဦးမယ်။
  • ပင်လယ်ပြင်မှထူးခြားသည့်အခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) သည် အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားပြီဖြစ်ပြီး အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားနေပါတယ်။ အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း NOKEAN သည် ဆက်လက်တည်ရှိနေပြီး ဇန်နဝါရီ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ပါတယ်။ 

    ·          အစွန်းရောက်ရာသီဥတုဖြစ်စဉ် လာနီညာဆက်လက်တည်ရှိနေပြီး ဇန်နဝါရီလ မှ မတ်လအတွင်း ပုံမှန်ကြားနေရာသီဥတုအခြေအနေ(Neutral)သို့ ကူးပြောင်းနိုင်ခြေ ၇၅% ရှိလာကြောင်း၊ လာနီညာဖြစ်စဉ်၏ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးကြိုနှင့် မိုးဦးကာလများအတွင်း မေလနှင့် ဇွန်လတွေမှာ မိုးဦးကျတာစောနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ·          မိုးလယ်ကာလအတွင်းမှာတော့ ENSO Neutral ရာသီဥတုအခြေအနေကြောင့် မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းခြင်းသာဖြစ်နိုင်ပါတယ်၊ ENSO-neutral သို့ကူးပြောင်းနေချိန်ကာလဖြစ်လို့ အပူပိုင်း convection trigger တွေ (MJO active phase 2&3) ဝင်လာရင် မိုးတိမ်များဖြစ်ထွန်းလာပြီး မိုးစတင်ချိန် မြန်နိုင်/ မိုးဦးကျစောမည့်အခြေအနေဖြစ်နိုင်ပါတယ်။ https://disasterinfo.mmweather.org/01kfahrrpdhm5pmcfb55jkz7v5 

    ယခု ၁ ပတ်အတွင်း ပဲခူးတိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေမရှိ အ‌အေးပိုလာနိုင်မည် 

    ·          တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ပဲခူးတိုင်းအနောက်ပိုင်းမှာ အနိမ့်ဆုံးအပူချိန် ၁၆°C ၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာ ၁၄°C နဲ့ ပဲခူးတိုင်းတောင်ပိုင်းက ပဲခူးမြို့မှာ ၁၈°C ရှိနေနိုင်ကာ ပဲခူးတိုင်းတခုလုံးအနေနဲ့ဆက်၍အေးနေပါဦးမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေနှင့် မြေဆီလွှာစိုထိုင်းဆအခြေအနေ 

    ·          ယခုတပတ်အတွင်း ပဲခူးတိုင်းမြို့နယ်အချို့၏ အမြင့်ဆုံး/အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေ 

       ပဲခူးမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်သည် 

       ပြည်မြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်သည် 

       လက်ပံတန်း - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်သည် 

       တောင်ငူမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည် 

       ဖြူးမြို့ - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည် 

      ဆွာမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည် 

       ပဲခူးတိုင်းမြောက်ဖျားမှ လှည်းပွဲကြီး/လှည်းပွဲကလေး - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည်   

    ·          လေတိုက်နှုန်း/လေထုညစ်ညမ်းမှုအခြေအနေ မြောက်/အနောက်မြောက်နှင့်အနောက်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၆ မိုင်နှုန်းခန့်ရှိနိုင်သည်။ ပဲခူးတိုင်းတခုလုံးအတွက် ပျမ်းမျှလေထုညစ်ညမ်းမှုအခြေအနေသည် ၁၈၅ အတွင်းမှာရှိနိုင် မြင့်မားနေနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆ - ပဲခူးတိုင်း၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၂၀% မှ ၃၀% အတွင်းရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းအချိန်များမှာ ၇၀% မှ ၈၀% အတွင်း ရှိနိုင်ပါတယ်။ 

    ·          Apparent Temperature (Temp-feels-like) ဆောင်းရာသီအတွင်းမှာ လေထုစိုထိုင်းဆမြင့်တက်မှုနည်းပြီး ပုံမှန်လေတိုက်ခတ်မှုရှိနေတာကြောင့် ခံစားရတဲ့အပူချိန် (Temp-feels-like or Apparent Temperature) နှင့် တိုင်းတာရရှိသောနေ့အပူချိန်တို့ကွာဟမှုသည် ၅°C ခန့်ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအခြေအနေ ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမတောင်ကြောပေါ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း ၁၄၀ မှ ၁၆၀ အထိရှိနိုင် မြင့်မားနေနိုင်တာကိုတွေ့ရပါတယ်။ ဧရာဝတီမြစ်ဝှမ်းတလျှောက်နှင့် စစ်တောင်းမြစ်ဝှမ်းတလျှောက် မြေပြန့်ဒေသတွေမှာ ၈၀ မှ ၁၀၀ အထိ ရှိနိုင်ပါတယ်။ AQI အညွှန်းကိန်း ၂၀၀ အထက်အထိ မြင့်တက်လာရင်တော့ လူတိုင်းအတွက်ကျန်းမာရေးအန္တရာယ်ရှိသောအဆင့်လို့ သတ်မှတ်နိုင်ပါတယ်။ 

    ·          မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာအစိုဓါတ်ကျန်ရှိသည့်အခြေအနေ - 

    §   ပဲခူးတိုင်းအနောက်ခြမ်းဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၁၃% ခန့်ရှိနိုင်ပါတယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းစစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၁၄% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၂၇% ခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖရဲစိုက် တောင်သူများထံသို့ 

    ပင်စည်ကွဲအက်အစေးထွက်ရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • ဖရဲပင်စည်ကွဲအက်အစေးထွက်ရောဂါသည် Didymella bryoniae မှိုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ 
    • ပင်စည်မှာသာမက အရွက်၊ အသီးပေါ်မှာလည်းလက္ခဏာပြပါတယ်။ 
    • ထို့အပြင် ကိုင်းလေးတွေမှာလည်း ရေစိုနာကွက်တစ်ချို့ကိုတွေ့ရတတ်ပါတယ်။ 
    • ရောဂါကျရောက်ပါက အရင်ဆုံး စိုက်ခင်းအစိုဓာတ်ကို အများကြီးမပေးပါနဲ့။ 
    • စိုက်ခင်းသန့်ရှင်းရေးကလည်း အရေးကြီးတာကြောင့် လက္ခဏာပြနေတဲ့အစိတ်အပိုင်းများကို ရှင်းပစ်ပေးပါ။ ရှင်းပြီး စိုက်ခင်းထဲမှာ မထားခဲ့ပါနဲ့။ 
    • ဓာတုမှိုသတ်ဆေးအနေနဲ့ Dimethomorph+ Cymoxanil (သို့မဟုတ်) Metalaxyl တို့ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။  

    ငါးမှုန်ကန်များအတွက် အကြံပြုချက်  

    ·      ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-  

    ·      ငါးမှုန်ငါးသန်မွေးမြူရာတွင် ရေအနက် ၃ ပေအထိသာ ထားရန်၊  

    ·     ငါးရိုင်းများဖယ်ရှားရာတွင် ရိုတီနုံးဆေး သုံးရန်၊  

    ·      ရိုတီနုံးမသုံးလိုပါက ကန်ရေသွင်းရာတွင် ရေစစ်ဖြင့် သွင်းရန်၊  

    ·      ငါးမှုန်များကို အစာကျွေးရာတွင် ပဲဖတ်ကို အရည်ဖျော်၍ အကြိမ်ရေများများဖြင့် နည်းနည်းစီကျွေးရန်၊  

    ·      ငါးအနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများ ကျရောက်လာပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန် သို့မဟုတ် အမောက်စလင်ဆေးတောင့်ကို ရေဖျော်၍ ထည့်ပေးရန်၊ 

    ------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
10842