အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သောရောဂါများ
· ဝက်ကိုကျွေးမွေးသည့် အစာထဲတွင် လုံလောက်သောအဟာရများ မပါဝင်ပါက ကြာလာသည့်အခါ ဝက်များတွင် အာဟာရချို့တဲ့ခြင်းများကို တွေ့ရတတ်သည်။ ချို့တဲ့သည့်အဟာရပေါ်မူတည်ပြီး သက်ဆိုင်ရာ အာဟာရချို့တဲ့ သည့် လက္ခဏာများကို တွေ့ရတတ်သည်။
· အသားဓါတ်ချို့တဲ့ပါကဝက်များသည် ကြီးထွားနှုန်းမကောင်းခြင်း၊ သားမအောင်ခြင်း၊ သားပေါက်ကောင်ရေ နည်းခြင်း၊ ဝက်မနို့ထွက်မကောင်းခြင်းတို့ ဖြစ်တတ်သည်။
· ဗိုက်တာမင်နှင့်သတ္တုဓါတ်ချို့တဲ့ပါက အစာစားမကောင်းခြင်း၊ အမွေးခြောက်ခြင်း၊ ကြီးထွားနှုန်း မကောင်း ခြင်း၊ ရောဂါဖြစ်လွယ်ခြင်း၊ များကိုတွေ့ရသည်။
· ရက်သားဝက်ငယ်လေးများတွင် သံဓါတ်ချို့တဲ့ပါက ဝမ်းဖြူသွားခြင်း၊ အားနည်းခြင်းများကို တွေ့ရသည်။ (အဖြစ်များသဖြင့် အသေးစိတ်ကို သံဓါတ်ချို့တဲ့ခြင်းကြောင့် ရက်သားဝက်ငယ်များ ဝမ်းဖြူသွားခြင်း ခေါင်းစဥ်တွင်ကြည့်ပါ။)
· ထို့ကြောင့်ဝက်များတွင် အာဟာရချို့တဲ့ပါက ချို့တဲ့သည့်အာဟာရပေါ်မူတည်ပြီး ချို့တဲ့သည့်လက္ခဏာများ ကိုတွေ့ရတတ်သော်လည်း ရေဘူယျလက္ခဏာများမှာ ဝက်များသည် အစာစားသော်လည်း အစာစား မကောင်းခြင်း၊ ကြီးထွားနှုန်းမကောင်းခြင်း ၊ပိန်ခြင်း၊ စသည်တို့ဖြစ်ပါသည်။
· ကိုယ်ပူတက်ခြင်း၊ မှိုင်ခြင်း၊ အစာမစားခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ် ခြင်းများမရှိပါ။
ထို့ကြောင့်အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သောရေဘူယျလက္ခဏာများသည်ကပ်ပါးပိုးများကြောင့်ဖြစ်တတ်သော ရေဘူယျလက္ခဏာများနှင့် ဆင်ဆင်တူပါသည်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60677
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


NewsFeed
Communities
Explore
Inbox
Me
Market Price