cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေဆီလွှာပျက်စီးမှုကိုလျှော့ချရန် သဘာဝမြေဩဇာ ပိုသုံးပါ

. Plant Nutrition
မြေဆီလွှာပျက်စီးမှုကိုလျှော့ချရန် သဘာဝမြေဩဇာ ပိုသုံးပါ
  • article
  • မြေအာဟာရဓာတ် ကောင်းမွန်ပြီး မြေဆီ လွှာပျက်စီးမှု လျှော့ချနိုင်ရန် သဘာဝမြေသြဇာ အသုံးပြု စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်သည့် သီးနှံအရည်အသွေး ပိုမိုကောင်းမွန်ကြောင်း စိုက်ပျိုးရေး ပညာရှင်များက အကြံပြုပြောကြားသည်။   “မြေကြီးထဲမှာ အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ၁၆ မျိုးရှိတယ်။ တစ်ခုခုလျော့တာ၊ ပိုတာမျိုးရှိရင် အပင်မဖြစ်ထွန်းဘူး။ အဲ့ဒီအတွက်အနုဇီဝသက်ရှိတွေ ရှင်သန်ဖို့ အာဟာရကတော့ မြေဆွေးဘဲ။ မြေဆွေးတော်တော်များများမှာ အနုဇီဝသက်ရှိတွေ ရှင်သန်ကြီးထွားနိုင်တယ်။ အီးအမ်ဘိုကာရှီလုပ်မယ်ဆို အနုဇီဝသက်ရှိတွေ ပွားများနိုင်တယ်။ မြေကြီးထဲက ဂုဏ်သတ္တိသုံးမျိုးထဲမှာ ဇီဝဂုဏ်သတ္တိနဲ့ ပြည့်စုံနေမှသာ အပင်တွေ ပိုမိုရှင်သန်နိုင်မှာပါ” ဟု စိုက်ပျိုးရေး ပညာရှင် ဦးအောင်ဆန်းက အကြံပြုပြောကြားသည်။   မြေကြီးထဲ၌ ဒြပ်ဂုဏ်သတ္တိ၊ ရူပဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိ သုံးမျိုးရှိရာ အားလုံးညီမျှနေမှာသာလျှင် အပင်များ ရှင်သန်နိုင်ကြောင်း၊ ထိုသို့ဂုဏ်သတ္တိများ ပြည့်ဝနေရန်မြေ PH အညွှန်းကိန်း မှန်ကန်နေရမည် ဖြစ်ကြောင်း၊ ထိုသို့ မြေအရည်အသွေး မှန်ကန်နေမှသာ အပင်အတွက်လိုအပ်သည့် အာဟာရကို အပင်မှ စားသုံးနိုင်ပြီး အောင်မြင် ဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း၊၎င်းအတွက် ဖြည့်ဆည်းရန်လိုအပ်သည့် အီးအမ်ဘိုကာရှီသဘာမြေသြဇာကို တောင်သူများ အနေဖြင့် စရိတ်သက်စွာဖြင့် စိုက်ပျိုးမြေများ ကောင်းစေရန် ထိန်းသိမ်းနိုင်ခြင်း၊ စိုက်ပျိုးသီးနှံများအထွက်နှုန်းနှင့် အရည်အသွေးများ ပိုမိုကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိတာကြောင့် ပိုမိုအသုံးပြုသင့်ကြောင်း သိရသည်။ “EM (Effective Micrope) အသုံးပြုခြင်းကြောင့် မြေဆီလွှာ အရည်အသွေးကို ကောင်းစေပါတယ်။ အဓိကကတော့ အပင်သန်စွမ်းစေလို့ ရောဂါဒဏ်ကို ခံနိုင်တယ်။ ဥယျာဉ်ခြံ သီးနှံပင်တွေများတော့ အသုံးပြုမှုပိုများလာပါပြီ။ ၂၀၁၈ ခုနှစ်ထဲမှာတော့ စားဖိုဆောင်သီးနှံ စိုက်ခင်းတွေမှာ အသုံးပြုမှုများပါတယ်”ဟု ဘုတလင်မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ချိုချိုမာက ပြောသည်။   အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်ပုံနှင့်ပတ်သက်ပြီး ဘုတလင်မြို့နယ်မှ ဖရဲ၊ သခွား စိုက်တောင်သူ ကိုသစ္စာက “နွားချေးတောင်း ၂၀၊ ကြက်ချေး ၁၀တောင်း၊ စပါးခွံ ၁၀ တောင်း၊ ဖွဲ ၅ အိတ်၊ အသင့်သုံး EM အပြင်းစား ၃ လီတာကို ရေနှင့်စပ်ဖျော်ပြီး ပက်ဖျန်းရတယ်။ ပြီးရင် သမအောင်မွှေ၊ပြီးရင် ပလပ်စတစ်နဲ့ လေလုံအောင် အုပ်ထားရတယ်။ အီးအမ် (EM - Effective Micrope) ကြောင့် တဖြည်းဖြည်း ဆွေးမြေ့သွားပြီး အပင်စားသုံးနိုင်တဲ့ အဆင့်ရောက်သွားတယ်။   ၁၅ ရက်လောက် ထားပြီးရင် အသုံးပြုနိုင်ပါပြီ။ အကောင်းဆုံးကတော့ တစ်လလောက်ထားရင်ပိုကောင်းတယ်။ ဒီအချိုးအစားက ဖရဲစိုက်ခင်းတွေအတွက် အဆင်ပြေစေနိုင်ပါတယ်” ဟု ပြောသည်။ အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာကို ပြုလုပ်အသုံးပြုကာ အစိုဓာတ်မပျက်သည့် ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် စပါးစိုက်ခင်းတို့တွင် အသုံးပြုပြုပြီး EM-5 သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနေကြောင်း မတ္တရာမြို့နယ်မှ မျိုးစပါးစိုက်တောင်သူ ဦးမြင့်လွင်က ပြောသည်။ “သဘာဝမြေသြဇာ အသုံးပြုစိုက်ပျိုးခြင်းကြောင့် မြေဆီလွှာပျက်စီးမှုကို လျှော့ချပေးတယ်။ များများသုံးလေ မြေကောင်းလေပါဘဲ။ အပင်စိုက်ပျိုးပြီးနောက်ပိုင်း ရောဂါဒဏ်ခံနိုင်တာကြောင့် ပိုးသတ်ဆေး အသုံးပြုမှုကို လျှော့ချနိုင်တယ်။ အနုဇီဝပိုးတွေက အပင်အတွက် လိုအပ်သော အာဟာရကို ဖြည့်ပေးတယ်။ အခြားပိုးတွေကို ကာကွယ်ပေးတယ်” ဟု ၎င်းပြောသည်။ - ရွှေမန်းမြန်မာတောင်သူကြီးများ ဂျာနယ်


likes
8
comments
0
views
1951