cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြေပဲစိုက်ခင်းတွင် အသုံးပြုသင့်သည့် မြေဩဇာနှင့် ပမာဏ

. Plant Nutrition
မြေပဲစိုက်ခင်းတွင် အသုံးပြုသင့်သည့် မြေဩဇာနှင့် ပမာဏ
  • article
  • ဒီနေ့မှာတော့ မြေပဲစိုက်တောင်သူဦးကြီးများအတွက် မြေပဲစိုက်တဲ့အခါမှာ အသုံးပြုသင့်တဲ့ မြေဩဇာအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
    မြေပဲစိုက်ဖို့အတွက် မြေမပြင်ခင်နဲ့ မြေသြဇာစတင်အသုံးမပြုခင်မှာ လိုအပ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖိတ်နဲ့ ပိုတက်ရှ် ပမာဏကို တိကျမှန်ကန်စွာ အသုံးပြုနိုင်ဖို့ မြေအမျိုးအစားကို ဆန်းစစ်ပေးပါ။ မြေဆီလွှာစမ်းသပ် စစ်ဆေးမှုအတွက် တောင်သူ အကြံပေးအဖွဲ့အစည်းများနဲ့ ဒေသဆိုင်ရာ စိုက်ပျိုးရေးဌာနများသို့ ဆက်သွယ်နိုင်ပါတယ်။
    မျိုးစေ့မချခင် စိုက်ပျိုးမြေ တစ်ဧကမှာ သဘာဝ မြေသြဇာ ၁၂၅ တင်း မှ ၃၇၅ တင်း အထိ သုံးပေးသင့်ပါတယ်။ မိမိစိုက်ခင်းအတွက် သင့်တော်သလို ချိန်ဆအသုံးပြုနိုင်ပါတယ်။ ပဲမြစ်ဖု ဇီဝမြေသြဇာကို စိုက်ပျိုးရေးသုတေသနဌာန၊ ရေဆင်းမှာ ဝယ်ယူနိုင်ပါတယ်။ (ဖုန်း ၀၆၇-၄၁၆၅၃၁) မြေပဲဟာ အမြစ်ဘက်တီးရီးယား အကူဖြင့် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်စွမ်းရှိပါတယ်။မြေခံအတွက် စိုက်ပျိုးမြေ တစ်ဧကမှာ ယူရီးယား အိတ်ဝက်၊ တီစူပါ ၁ အိတ် (သို့) ၂ အိတ်နဲ့ ပိုတက်ရှ် အိတ်ဝက်ခန့် အသုံးပြုပေးပါ။ နိုက်ထရိုဂျင် သုံးရာမှာ အမိုနီယမ် ဆာလ်ဖိတ်ကို အသုံးပြုပါက နိုက်ထရိုဂျင်အပြင် ဆာလ်ဖာဓာတ်ပါ ရရှိနိုင်ပါတယ်။
    စိုက်ပျိုးမြေမှာ ဖော့စဖောရတ်စ် နှင့် ပိုတက်ဆီယမ် ရနိုင်မှု ရှိမရှိ စစ်ဆေးသင့်ပါတယ်။ မြေပဲအတွက် ဖော့စဖိတ်ဓာတ် ရရှိစေဖို့အတွက် စူပါ ဖော့စဖိတ်ကို အသုံးပြုပေးပါ။ စိုက်ပျိုးချိန်မှာ မြေသြဇာများကို မျိုးစေ့များရဲ့ ဘေးဘက် ၁ လက်မခွဲခန့် နှင့် အောက်ဘက်အနက် ၁လက်မခွဲခန့်မှာ သုံးပေးရပါမယ်။
    ကယ်လ်ဆီယမ်ဟာလည်း မြေပဲသီးနှံရဲ့ အစေ့အဆံများ ဖွံ့ဖြိုးမှုကို ကူညီအားပေးပါတယ်။ ဒါကြောင့် မြေဆီလွှာမှာ လုံလောက်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရှိစေဖို့ ဂရုစိုက်ရပါမယ်။ ကယ်ဆီယမ်ပါတဲ့ ကျောက်မှုန့်မြေသြဇာကို မြေခံမှာ ထည့်သွင်းအသုံးပြုနိုင်သလို မြေတွင်းအစိုဓာတ်ရှိချိန် ၄၅ ရက်သားအရွယ်မှာ စိုက်ပျိုးမြေ တစ်ဧကလျှင် ကျောက်မှုန့် ၄ အိတ်ခန့် အထိ သုံးပေးနိုင်ပါတယ်။


likes10comments0
views1235