cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြေပဲစိုက်ပျိုးမြေပြင်ဆင်ခြင်း

. Land Preparation
မြေပဲစိုက်ပျိုးမြေပြင်ဆင်ခြင်း
  • article
  • မြေပြင်ခြင်း မြေပြင်ခြင်း 
    ပေါင်းနှင့် အခြားအပင်အကြွင်းအကျန်များ ကင်းစင်တဲ့ စိုက်ပျိုးမြေကို ရွေးချယ်သင့်ပါတယ်။ ရွေးချယ်ထားတဲ့ မြေဟာ ရေစီးရေလာကောင်းမွန်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှ အပင် ကြီးထွားဖွံ့ဖြိုးမှုနဲ့ နုတ်ယူရာမှာ လွယ်ကူစေဖို့ မြေသားပွပွဖြစ်စေရန် ပြင်ဆင်ပေးရပါမယ်။ ထယ်ထိုးထွန်မွှေရာမှာ မြေကို နက်နက်ထွန်ပေးမှသာ ရေထိန်းထားနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ 
    အပင်ပေါက်နှုန်းကောင်းမွန်ပြီး ပေါင်းနဲ့ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အကျိုးသက်ရောက်မှုရှိစေဖို့ စနစ်တကျ ထယ်ထိုးထွန်မွှေပေးပါ။ စနစ်တကျ ထယ်ထိုးထွန်မွှေပေးခြင်းဖြင့် အင်းဆက်ပိုးမွှားများနဲ့ မှိုရောဂါများကိုလည်း နေပူမိကာ သေဆုံးစေနိုင်ပါတယ်။  
    မြေပဲအတွက် ရေစီးရေလာကောင်းသည့် သဲနှုန်းမြေအမျိုးအစား လိုအပ်ပါတယ်။ ရွှံ့မြေအမျိုးအစားကတော့ ရိတ်သိမ်းရာမှာ ပျက်စီးမှုများစေတတ်လို့ ရှောင်ရှားသင့်ပါတယ်။ မိုးမြေပဲစိုက်ပျိုးရာမှာတော့ ပျိုးဘောင်များကို အသုံးပြုသင့်ပြီး ပျိုးဘောင်အရွယ်အစားမှာ အကျယ် ၄-၅ ပေ နှင့် အမြင့် ၄-၆ လက်မထားရပါမယ်။  
    မြေပဲစိုက်ခင်းကို ဖော်ပြပါ အဆင့်များအတိုင်း လိုက်နာပြင်ဆင်နိုင်ပါတယ်။ 
    လယ်ထွန်စက်ဖြင့် ထယ်ထိုးထွန်မွှေပေးပါ။  
    မြေအနက် ၆ လက်မ အနက်ထိ ထယ်တစ်ကြိမ် ထိုးပြီးနောက် (၂) ကြိမ် မှ (၃) ကြိမ်အထိ ထွန်မွှေပေးဖို့ လိုအပ်ပါတယ်။ 
    ထယ်ထိုးထွန်မွှေခြင်းဖြင့် မြေသားညက် မြေဆီကောင်းကာ အပင်ပေါက်နှုန်းကိုလည်း မြန်ဆန်စေပါတယ်။


likes26comments0
views2636