cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးဦးအားထား၊ မိုးနည်းဒေသ ယာသီးနှံများ

. Cultural Practices
ဆည်ရေသောက် လယ်ယာမြေနှင့် မိုးကောင်းသောက် လယ်ယာမြေဟုရေရရှိမှုကို မူတည်၍ပြောဆိုသတ်မှတ်ကြသော်လည်း မိုးရွာမှုကောင်းလိုက်၊ မကောင်းလိုက်ဖြစ်မှုကို ကြုံတွေ့နေရသော အညာနှင့်မြေလတ်ဒေသအတွက် မိုးကောင်းသောက်ဟု ခေါ်ဆိုကြမည့်အစား မိုးရေသောက်ဟုခေါ်ဆိုလျှင် ပို၍သင့်တော်မည်ဖြစ်မည် ထင်မိသည်။

  • မြန်မာနိုင်ငံ သီးနှံစိုက်ပျိုးမှုသည် မိုးရွာမှုကိုအားပြု၍ စိုက်ပျိုးနေရဆဲ ဖြစ်ပါသည်။

    ဆည်၊ ရေလှောင်တမံများ တည်ဆောက်ထား သော်လည်း ဆည်ရေသောက် လယ်ယာမြေသည် နည်းပါးသည်။ သီးနှံစိုက်ပျိုးမှု အောင်မြင်ရေးတွင် ရေရရှိမှုသည်အရေးပါနေသည်။

    ဆည်ရေသောက် လယ်ယာမြေနှင့် မိုးကောင်းသောက် လယ်ယာမြေဟုရေရရှိမှုကို မူတည်၍ပြောဆိုသတ်မှတ်ကြသော်လည်း မိုးရွာမှုကောင်းလိုက်၊ မကောင်းလိုက်ဖြစ်မှုကို ကြုံတွေ့နေရသော အညာနှင့်မြေလတ်ဒေသအတွက် မိုးကောင်းသောက်ဟု ခေါ်ဆိုကြမည့်အစား မိုးရေသောက်ဟုခေါ်ဆိုလျှင် ပို၍သင့်တော်မည်ဖြစ်မည် ထင်မိသည်။

    မိုးကောင်းသောက်ဟုလည်းခေါ်သေး၊ ရေရရှိပြီး စိုက်ပျိုးမှုကလည်း မိုးနည်းလျှင် မအောင်မြင်၊ မိုးများလျှင် ပျက်စီး၊ ပုံမှန်မိုးရွာမှ စိုက်ပျိုးမှုအောင်မြင်သော အညာဒေသများ ဖြစ်သည်။

    ဆည်ရေပေးမြောင်း၏ အောက်ဘက်သည် ရေသောက်နိုင်ပြီးဆည်ရေသောက်လယ် ဖြစ်ရသကဲ့သို့ ဆည်ရေပေးမြောင်း၏ အထက်ဘက်သည် ဆည်ရေမရသည့် မိုးရွာမှုအခြေပြုရသော လယ်ဖြစ်သဖြင့် စပါးအထွက်မှာ သိသိသာသာကွာခြားသည်။

    ပဲ၊ နှမ်း၊ မြေပဲအထွက်မှာလည်း နှိုင်းယှဉ်မရအောင် ကွဲပြားသည်မှာ ရေရမှု၊ မရမှုဖြစ်သည်။ မြန်မာနိုင်ငံ၏ ရွာသွန်းသော မိုးရေချိန် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် မိုးရာသီမှာရသည်။ ယခုအခါ ရာသီဥတု ပုံမမှန်ဖြစ်လာ၍ ရေရရှိမှုအားကိုးရသော မိုးရာသီကိုပင် ယုံရခက်ခက်ဖြစ်လာသည်။

    ယခုနှစ်၂၀၁၈ ခုနှစ်၊ မိုးဦးကာလတွင် မေလထဲ၌ အညာတွင် မြောက်ပိုင်းကျသော ဒေသများ၌မိုးနှင့်အတူ လေကိုလည်း ကြုံနေရသည်။

    ယခင်နှစ်က မိုးဦးမကောင်းခဲ့၍ သီးနှံများကိုမိုးလယ်တွင် သြဂုတ်လ၌ အများစုစိုက်ကြ၊ပျိုးကြရသည်။ အညာနှင့် မြေလတ်ကလည်း သြဂုတ်လ၊ စက်တင်ဘာလများတွင် မိုးရွာမှုကောင်းတတ်သည်။

    ဆည်ရေသောက်ကို မပြောလို။ မိုးနည်းဒေသ၊ မိုးရေသောက် (မိုးကောင်းသောက်) ယာမြေများသည် မိုးဦးကောင်းသော နှစ်များတွင် ရွာသမျှမိုးနှင့် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံတို့ကို ယာမြေတွင် ထွန်ယက်စိုက်ပျိုးကြသည်။

    သို့သော် မေလမိုးရွာသည်နှင့် စိုက်ပျိုးခြင်းသည် စိုက်ပျိုးပြီးအပင်ကြီးလာ၍ ရေလိုချိန် ရေမရလျှင် ပျက်စီးကြရသည်။ ဆန့်ကျင်ဘက် မမျှော်လင့်ဘဲ မိုးသဲသဲမည်းမည်း ရွာလိုက်လျှင်လည်း ပျက်စီးရသည်။

    သတိပြုကြရသည်မှာ မြန်မာနိုင်ငံတွင် ဇူလိုင်လ မိုးပြတ်တတ်မှုသည် ရှိတတ်၊ ကြုံတတ်စမြဲဖြစ်သည်။ထို့ကြောင့် တချို့က မိုးဦးမစိုက်နိုင်ခဲ့လျှင် သြဂုတ်လတွင် ရွာတတ်သောမိုးနှင့် ယာစပါး အပါအဝင် ယာသီးနှံ ပဲ၊ နှမ်း စိုက်ပျိုးကြသည်။ ယာသမားတို့သည် မိုးရွာမှုကို ချိန်ဆ၍ ဆည်ရေသောက် လယ်ယာများကဲ့သို့ တစ်နှစ် နှစ်သီးရအောင် စိုက်ပျိုးနိုင်ကြသော ဒေသများလည်း ရှိသည်။

    အဆိုပါ ဒေသများတွင် မိုးဦးမိုးရွာမှုကောင်းခဲ့လျှင် မိုးဦးရှေ့တစ်သီးနှင့် သြဂုတ်လတစ်သီး၊ မိုးလယ်တစ်သီး စိုက်ပျိုးပြီး နှစ်သီးရယူကြသည်လည်း ရှိကြသည်။

    မိုးနည်းဒေသ မြေများသည် မိုးဦးနှင့် မိုးလယ်၊ မိုးနှောင်းကာလ မိုးရွာမှုကို ချိန်ဆ၍ ကံသေကံမ စိုက်ပျိုးကြရာတွင် မိုးရေရမှုအနည်း၊ အများအပေါ် မူတည်၍ ကောင်းသွားသည်လည်း ရှိသည်။ ပျက်စီးလျော့နည်းရသည်လည်း ရှိသည်။

    ဆည်ရေသောက်နှင့်မတူသော မြေယာများဖြစ်၍ ရာဦဥတုသတင်းကြေညာချက်အပေါ် လေ့လာမှတ်သား ဆောင်ရွက်ကြရပါသည်။ မသေချာသော မိုးကို အခြေပြု စိုက်ပျိုးကြရသော ယာသီးနှံများအတွက် သေချာနိုင်သော ရွေးချယ်မှုမှာ စိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်မျိုးကို ရွေးချယ်စိုက်ပါ။

    စပါးဆိုလျှင် အထွက်ကောင်းသောယာစပါးများ များစွာရှိပါသည်။ ပဲ၊ ပြောင်း၊နှမ်း၊ မြေပဲဆိုလျှင် သက်တမ်းတိုသော သက်လျင်မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ မြန်မြန်စိုက်၊ မြန်မြန်ရိတ်သိမ်းနိုင်မည်။

    မိုးခေါင်ဒဏ်ခံနိုင်သော မျိုးကိုရွေးချယ်စိုက်ပါ။ အကယ်၍များ မိုးဦးမိုးရွာ၍ စိုက်ပျိုးပြီး ခါးလယ်၌ မိုးပြတ်သော် မိုးခေါင်ဒဏ်၊ ရေငတ်ခံမျိုးဖြစ်လျှင် တောင့်ခံနိုင်ပါသေးသည်။ ယာသမားများသည် ဆည်ရေသောက် စိုက်ပျိုးသူများထက် အသိနှင့် သတိ ပိုရှိကြရပါသည်။

    - ကိုရဲ (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes
6
comments
1
views
3492